အယူအဆမျိုးစုံ၊ ခံယူချက်မျိုးစုံဖြစ်တာကြောင့် နိုင်ငံအသီးသီးမှာ လက်ထပ်ဖို့ သင့်တော်ဆုံး အရွယ်သတ်မှတ်ပုံတွေ ကွဲပြားပါတယ်။ သင်ရော ဘယ်အရွယ်မှာ လက်ထပ်ဖို့ အသင့်တော်ဆုံးလို့ ထင်ပါသလဲ ။ တ
ကယ်တော့ လက်ထပ်ဖို့ အသင့်တော်ဆုံးအရွယ်ကို စဉ်းစားချင့်ချိန်လို့ရပါတယ်။
လူငယ်တွေများသောအားဖြင့် ယူဆထားတာက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချစ်မြတ်နိုးကြရင် လက်ထပ်လို့ရပြီပေါ့။ ဒါပေမဲ့ အဲဒီအယူအဆ အပြည့်အဝမမှန်ကန်ပါဘူး။ သာယာပျော်ရွှင်တဲ့ အိမ်

ထောင်ရေးတစ်ခုဆိုတာ ချစ်ခြင်းတစ်ခုထဲနဲ့ တည်ဆောက်ယူလို့ မရပါဘူး။ အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ သင်လက်ထပ်ခါနီး စဉ်းစားရမယ့် အချက်တွေဖြစ်ပါတယ်။ ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ လက်ထပ်ခါနီး ဒီမေးခွန်းလေးတွေ ဖြေကြည့်ခြင်းအားဖြင့် ကိုယ်တကယ် အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့ အဆင်သင့်ဖြစ်ပီလား ဆိုတာကို သိနိုင်ပါတယ်။
၁။ အိမ်ထောင်တစ်ခုအတွက် ငွေရေး ကြေးရေး ခိုင်မာမှုရှိပြီလား။
လက်ထက်ခြင်းဆိုတာ ချစ်သူဘဝက ရုပ်ရှင်ရုံထဲမှာ မုန့်အတူတူစားကြတာမျိုး၊ သာယာလှပတဲ့ ညနေခင်းလေးမှာ ညစာအတူစားကြတာမျိုးတွေထက် အများကြီး ပိုလေးနက်ပါတယ်။ ငယ်ရွယ်စဉ်မှာ လက်ဖြန့်

တောင်းနေကျပေမဲ့ အိမ်ထောင်ကျသွားတဲ့အခါ မိဘဆီတွေဆီ သွားတောင်းဖို့ မသင့်တော့ပါဘူး။ ဒီတော့
အိမ်ထောင်တစ်ခု ကောင်းကောင်းရပ်တည်နိုင်ဖို့ အာမခံချက်ရှိတဲ့ အလုပ်တစ်ခု ပိုင်ဆိုင်ထားပြီလားဆိုတာ
ပြန်မေးကြည့်ပါ။ အိမ်ထောင်သည်ဘဝမှာ ကြုံတွေ့လာနိုင်တဲ့ ငွေရေးကြေးရေး ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ ခိုင်မာမှု ရှိဖို့ကလဲ သိပ်ကို အရေးပါနေပါတယ်။
၂။ အိမ်ထောင်သည်ဘဝမှာ ကြုံရမယ့် လောကဓံအတွက် စိတ်ဓါတ်ခိုင်မာမှုရှိပြီလား။
လက်ထပ်လိုက်ပြီ ဆိုတာနဲ့ မိမိလက်တွဲဖော်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တာဝန်ယူရမှာ ဖြစ်တဲ့အတွက် နှစ်ဆ ပိုရုန်းကန်ရတော့မှာပါ။ မိဘအရိပ်အောက်မှာ အပူပင်မရှိဘဲ လွတ်လပ်ပျော်ရွှင်ခဲ့တဲ့ ဘဝမှာတောင် စိတ်ညစ်စရာတွေ ကြုံခံရဖူးရင် အိမ်ထောင်သည်ဘဝ ကြုံရမယ့်လောကဓံကို ရင်ဆိုင်ဖို့နှစ်ယောက်လုံး ရင့်ကျက်တည်ငြိမ်ဖို့ လိုပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတယ် ဆိုရင်တော့ လက်ထပ်ခြင်းကို စဉ်းစားလို့ရသွားပါပြီ။
၃။ ငယ်ရွယ်စဉ်က ပိုင်ဆိုင်ခဲ့တဲ့ အဆင်ပြေမှုတွေ၊ လွတ်လပ်ခွင့်တွေ စွန့်လွှတ်နိုင်ပြီလား။
ဆိုဖာပေါ်မှာ အခန့်သားထိုင်ပြီး ဇာတ်လမ်းတွဲတွေ ကြည့်နေရတဲ့ ဘဝ၊ တစ်နေ့လုံး ဂိမ်းဆော့နေတာကို

အပြစ်မမြင်ဘဲ စားထားသမျှတွေကို မငြီးမငြူနဲ လိုက်သိမ်းပေမယ့် မိဘအရိပ်နဲ့ ဝေးရာမှာ တစ်ယောက်ထဲ
ရုန်းကန်ရတော့မယ်။ ဒါ့အပြင် ကိုယ့်လက်တွဲဖော်ရဲ့ ကိုယ်သည်းမခံနိုင်လောက်တဲ့ အမူအကျင့်တွေကို
သည်းခံရတော့မယ်။ လက်ထပ်ခြင်းက အပြင်ပန်းကြည့်ရင် ဘာမှမသိသာပေမဲ့ တကယ်လက်တွဲကြပြီဆို
ချစ်ခြင်းမေတ္တာတွေနဲ့ အပြန်အလှန် အလျှော့ပေးညှိနှိုင်းမှုတွေနဲ့ တည်ဆောက်ရတဲ့ အရာပါ။ အရာ အားလုံး စွန့်လွှတ်ပြီး သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ ရှေ့ဆက်နိုင်မယ်ထင်တယ်ဆိုရင်တော့ လက်ထပ်ဖို့သင့်တော်နေပါပြီ။
၎။ သင့်လက်တွဲဖော်ရဲ့ အားနည်းချက်တွေ သည်းခံခွင့်လွှတ်နိုင်ပြီလား။
လူတိုင်းမှာအဆိုးနဲ့ အကောင်းဒွန်တွဲနေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အချက်တွေကို မျှဝေခံစားဖို့ လိုအပ်သလို သူ့ရဲ့ပြစ်ချက်လေးတွေကိုရော ခွင့်လွှတ်နိုင်ရဲ့လား ဆိုတာ ပြန်မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ ဥပမာ- အိပ်ရင် ဟောက်တတ်တာ၊ ည ခဏခဏ ထတတ်တာ၊ သန့်သန့်ရှင်းရှင်း မနေတတ်တာတွေပါ။ ဒါ့အပြင် သင်က အလုပ်တွေပြီးမှ အနားယူရတာ ကြိုက်ပြီး လက်တွဲဖော်က တော့ အလုပ်တွေပုံနေတာကို ထားပြီး အနားယူနေတတ်တယ် ဆိုပါစို့။ ဒီလို ကိစ္စလေးတွေက အသေးအမွှားလေးတွေ ဆိုပေမဲ့ ကြာလာတဲ့အခါ သည်းမခံနိုင်လောက်တဲ့ ပြသနာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိမိချစ်သူရဲ့ အပြစ်အနာအဆာ

တွေ ခွင့်လွှတ်နိုင်ရဲ့လား ဆိုတဲ့ မေးခွန်းကလဲ မဖြစ်မနေမေးရမှာပါ။
၅။ တစ်ယောက်နဲ့တစ်ယောက် အကြိုက် မတူကြတာတွေကိုရော ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလား။
နှစ်ယောက်သားအားလပ်ကြလို့ အတူအချိန်ဖြုန်းတဲ့အခါ သေးမွှားတဲ့ မတူညီမှုလေးတွေကလည်း ပြသနာကို ဦးတည်စေပါတယ်။ သူက ဂိမ်းဆော့ချင်တယ်။ ကိုယ်က တီဗီရှိုးတွေကြည့်ချင်တယ်။ ကဲဘယ်လို အတူတူဖြတ်သန်းလို့ရတော့မလဲ။ တစ်ယောက်က တရုတ်အစားအစာ နှစ်သက်သလောက်၊ အခြားတစ်ယောက်က အိန္ဒိယ အစားအသောက်တွေကို မက်မက်မော စားတတ်တယ်။ ချစ်သူဘဝမှာတော့ ဒီလိုမတူညီမှု

လေးတွေက ချစ်စရာတောင်ကောင်းနေသေး။ ဘာမှ မပြောပလောက်ဘူး ဆိုပေမဲ့ အိမ်ထောင်သည်ဘဝမှာတော့ ချက်ပြုတ်ရတာကအစ အတော် အဆင်မပြေဖြစ်သွားပါတယ်။ ဒီတော့ တစ်ယောက်အကြိုက်ကို တစ်ယောက်နားလည်မှုရှိရှိနဲ့ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကလဲ သိပ်ကိုအရေးပါပါတယ်။
မှတ်သားစရာ တစ်ခုခု ရလိုက်ရင် Share ပေးဖို့ မမေ့နဲ့နော်။
ဂန္တဝင် မဂ္ဂဇင်း

Sign up here with your email
ConversionConversion EmoticonEmoticon