Facebook စေတနာ သုံးတန်


အကျိုးရှိတဲ့ ဘာသာရေးပို့ စ်တခုကိုတွေ့ လိုက်ပြီဆိုကတည်းကကိုယ့် fri တွေ သိပါစေဆိုတဲ့ စိတ်အရင်ပေါ်လာတယ် အဲဒါ "ပုပ္ပစေတနာ" ပါ။

Share ဆိုတာကိုနှိပ်ပြီး post ဆိုတာလေးကိုနှိပ်လိုက်တာဟာ "မုဉ္စစေတနာ" ပါ ။

ကိုယ့် fri တွေ ဖတ်ပြီး like လုပ်တဲ့အခါဘယ်နှစ်ယောက်များလည်း ဘယ်သူတွေများလည်း သူတို့ လည်း သိသွားကြပြီ ဆိုပြီး ဝမ်းမြောက်စိတ်ဖြစ်ပေါ်တာဟာ "အပရစေတနာ"ပါ။

စေတနာသုံးတန်နဲ့ ပြည့်စုံသလိုရလာတဲ့အကျိုးတွေကလည်းကိုယ့် fri တွေ မိရိုးဖလာဗုဒ္ဓဘာသာကနေတကယ့်ထေရဝါဒ ဗုဒ္ဓဘာသာတွေဖြစ်လာမယ်။

တရားကိုစိတ်မဝင်စားသူတွေ ဖတ်ပါများပြီးတရားကိုစိတ်ဝင်စားလာမယ်အင်အားနည်းနေတဲ့ ဗုဒ္ဓဘာသာဟာလည်းအင်အားများလာမယ်ရတနာသုံးပါးရဲ့တန်ဘိုးကိုမသိလို့  ဆဲဆိုနေကြသူတွေ ရတနာသုံးပါးတန်ဘိုးကိုသိလာကြပြီးအကုသိုလ်တွေ နည်းလာမယ်။

သူများကို စေတနာသုံးတန်နဲ့  တရားဖြန့် ဝေရတဲံ့ကုသိုလ်ကြောင့် နောင်သံသရာမှာ ကိုယ်တရားရဖို့ အ
ထောက်အပံ့ဖြစ်မယ်။

အဲဒီလောက်အကျိုးတွေရ ရှိနေပါလျှက်အဘယ့်ကြောင့် မဖြန့် ဝေပဲ နေသင့်ပါသနည်း ?

ပိုက်ဆံကုန်လို့ လားကိုယ့်အတွက်ဘာတွေနစ်နာသွားလို့ လဲ။

နိဗ္ဗါန်လိုချင်တာ တကယ်မှဟုတ်ရဲ့လားဘာသာသာသနာကို ချစ်တာတကယ်မှဟုတ်ရဲ့လားလို့  မေးရမလို
ဖြစ်နေပြီ ....

Wai Lin Aung
Previous
Next Post »
Powered by Blogger.