ကင်ညာရှော့ပင်းမောတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ အယ်လ်ရှာဘတ်ခေါင်းဆောင်အား သုတ်သင်


ဆိုမာလီရှိ အယ်လ်ရှာဘတ် အစွန်းရောက်အဖွဲ့ ခေါင်းဆောင် ဂါရာအား သုတ်သင်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုသည်။

ပြီးခဲ့သည့် သောကြာနေ့က ဆိုမာလီတောင်ပိုင်းတွင် အမေရိကန်ဒရုန်း ပစ်ခတ်မှုအတွင်း ၎င်းအား သုတ် သင်လိုက်နိုင်ခြင်းဖြစ်သည်ဟု ပင်တဂွန်က ပြောသည်။

ဂါရာသည် ၂၀၁၃ခုနှစ်က လူပေါင်း ၆၉ ဦးသေဆုံးခဲ့သည့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ရှော့ပင်းမော တိုက် ခိုက်မှုတွင် ပါဝင်ခဲ့သူဟု ယူဆခံထားရသူ ဖြစ်သည်။

ဂါရာသည် အမေရိကန်နိုင်ငံသားများနှင့် အနောက်အုပ်စု အကျိုးစီးပွားကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ကွပ်ကဲဆောင်ရွက်နေသူဖြစ်ကြောင်း အမေရိကန်က ယူဆထားသည်။

၎င်းသည် လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အယ်လ်ရှာဘတ်တို့၏ ပြည်ပစစ်ဆင်ရေးများ တွင် ချိတ်ဆက်ဆောင်ရွက်မှုများကို အဓိကတာဝန်ယူ လုပ်ဆောင်သူ တစ်ဦးဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်သည်။

mizzima
Previous
Next Post »
Powered by Blogger.