ပဋိပက္ခစကားလုံးများရှောင်ရှား၍ ရန်ကုန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါင်းလက္ခဏာဆောင်


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ NCCT နှင့် အစိုးရ၏ မြန်မာ ငြိမ်း ချမ်းရေး စင်တာ MPC တို့၏ ၇ ကြိမ်မြောက်ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်စေ မည့်စကားလုံးများ ရှောင်ရှား ကာဆွေးနွေးခဲ့သောကြောင့် အပေါင်း လက္ခဏာ ဆောင် သည့်ဆွေးနွေးမှု ဖြစ်ခဲ့ကြောင်း ပါဝင်ဆွေးနွေး သည့် ပုဂ္ဂိုလ်များ ကပြောသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် မတ်ခ်ျလ ၁၇ နှင့် ၁၈ - ၂ ရက်တာ ဆွေးနွေးပွဲ ကျင်းပရာ နှစ် ဦးနှစ်ဘက် ငြင်းခုံဆွေးနွေးမှု မရှိခဲ့ရကြောင်း ဆိုပါသည်။

“ ဥပမာ အရင်တုန်းကဆိုရင် လိုင်ဇာကိစ္စဆိုရင် အကြီးအကျယ် ဆွေးနွေးရတယ်။ ငြင်းခုံ ရတယ်လေ။အခုတော့ အဲလိုမဟုတ်တော့ဘူး။ နောက်ထပ်မဖြစ်ရအောင် ဘယ်လိုလုပ်ကြ မလဲ ဆိုတာဆွေးနွေးနိုင် တယ်။ တိုက်ပွဲတွေ လျှော့ချနိုင်အောင် တပြည်လုံးအပစ်ရပ်ရေး လက်မှတ်ထိုးရမယ် လို့ ဒု-ဗိုလ်ချုပ်ကြီးမြင့် စိုး က ပြောဆိုသွားတယ်” ဟု အစည်းအဝေး တက်ရောက်သူ ပြည်ထောင်စု အင်စတီကျုမှ ဒါရိုက်တာ ဦးခွန်းဆေ ကပြော ပါသည်။

၁၇ ရက်နေ့ဆွေးနွေးပွဲအတွက် နှစ်ဦးနှစ်ဘက်မှာ အချိန် ၁ နာရီခန့်အကြာသာ ဆွေးနွေးခဲ့ရ ကြောင်း၊ ကိုးကန့်ပြသနာနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ရကြောင်းဆိုပါသည်။

“ ကိုးကန့်ပြဿနာက ဒီတခေါက်မပါသေးဘူး။ နောက်တခေါက်မှဘဲဆွေးနွေးမယ်။ ဖြစ်စဉ်အားလုံးကို ပြန်လည် သုံးသပ်မယ်။ ဘယ်လိုဖြေရှင်းသင့် လဲ ဆိုတာ နည်းလမ်းရှာပြီးတော့မှ အထက်ကိုတင်ပြပြီး ဆွေးနွေးမယ် လို့ဘဲ မှတ်ချက်ချ သွားပါတယ်။” ဟု ဦးခွန်းဆေ ကပြောသည်။

၁၈ ရက်နေ့ ဆွေးနွေးပွဲပြီးပါက ကြေငြာချက်တစောင်ထုတ်ပြန်ဖွယ်ရှိကြောင်း လည်းသိရသည်။

``အခု သျှမ်းပြည်မြောက်ပိုင်းမှာ တပ်မ တွေ အများကြီး၊ အထက်မှာ ငြိမ်းချမ်းရေး ဘယ်လောက်ဆွေးနွေး ဆွေးနွေး၊ အောက်ခြေမှာ စစ်အင်အား သုံးဖြေရှင်းနေသရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ ရနိုင်မှာမ ဟုတ်ဘူး” - ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာ့အိုက်ကျော်က ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ NCCT နှင့် အစိုးရ၏ မြန်မာငြိမ်းချမ်းရေး င်တာ MPC တို့၏ ၇ ကြိမ်မြောက်ဆွေးနွေးပွဲသို့ကုလသမဂ္ဂအထူးကိုယ်စားလှယ် Vijay Nambiar ၊ တရုတ် ကိုယ်စားလှယ်များ နှင့် လေ့လာသူများအပါအဝင်စုစုပေါင်း ဆွေးနွေးပွဲတက်ရောက်သည့်ပုဂ္ဂိုလ် ၅၀ ကျော် ရှိကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.