ဒေါ့မွန်နှင့်ပွဲတွင် ပီယာလို ပါဝင်နိုင်မည် မဟုတ်ကြောင်း ဂျူဗင်တပ်စ် အတည်ပြု


ဗုဒ္ဓဟူးနေ့တွင် ဘိုရပ်ရှားဒေါ့မွန်နှင့် ကစားရမည့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့တွင် ဂျူဗင်တပ်စ် အသင်း၌ အင်ဒရီယာ ပီယာလို ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ် ပီယာလိုသည် တူရင်တွင် ကစားခဲ့သည့် ပထမအကျော့တွင် ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိခဲ့သောကြောင့် ယခုချိန်အထိ အနားယူနေရသူ ဖြစ်သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ပွဲ၌ ဂျူဗင်တပ်စ်တွင် ပြန်လည်ပါဝင်နိုင်ရန် မျှော်လင့်ခဲ့ကြသော်လည်း ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်ပြီး
နောက် ဒေါ့မွန်နှင့် ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ကြောင်း အသင်းမှ ထုတ်ပြန်ခဲ့သည်။

“အင်ဒရီယာ ပီယာလိုရဲ့ ဒဏ်ရာကို စစ်ဆေးတဲ့အခါမှာ ဒဏ်ရာအခြေအနေက တိုးတက်လာပေမယ့် ဒေါ့မွန်နဲ့ပွဲမှာ ပါဝင်ကစားဖို့အတွက် လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မရှိသေးပါဘူး။ ဒါကြောင့် အသင်းရဲ့ ကွင်းလယ်ကစားသမား အနေနဲ့ ဒဏ်ရာကနေ ကောင်းမွန်လာမယ့် အစီအစဉ်တွေကို ဆက်လုပ်ရပါဦး မယ်” ဟု ဂျူဗင်တပ်စ်အသင်းမှ ကြေညာခဲ့သည်။

ပီယာလို မပါဝင်နိုင်ခြင်းကြောင့် ကလော့ဒီယို မာချီစီယိုက အာတူရို ဗီဒယ်၊ ပေါလ်ပေါ့ဂ်ဘာတို့ဖြင့် ဂျူဗင်တပ်စ် ကွင်းလယ်တွင် တွဲဖက်ကစားရဖွယ်ရှိသည်။

ဂျူဗင်တပ်စ်သည် ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့တွင် ဒေါ့မွန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲတွင် ကားလို့စ်တီဗက်ဇ်နှင့် အယ်လ်ဗာရို မိုရက်တာတို့က ဂျူဗင်တပ်စ်အတွက် ဂိုးများသွင်းယူခဲ့သည်။

Soccer Myanmar
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.