ကင်ဆာက ကြောက်စရာမဟုတ်ဘူးလို့ပြောတဲ့အင်ဂျလီနာဂျိုလီ


ကင်ဆာမျိုးရိုးရှိပြီး ၂ဝ၁၃ ခုနှစ်က ရင်သားကင်ဆာကြောင့်ခွဲစိတ်ဖယ် ရှားမှုပြုခဲ့ပြီးတဲ့ အင်ဂျလီနာဂျိုလီက အခုလည်း သားအိမ်ကင်ဆာ ကနဦး အဆင့်ကို ရှာတွေ့ခဲ့တာကြောင့် ကာကွယ်မှုပြုလိုက်တဲ့အနေနဲ့ သားအိမ် ဖယ်ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒီသတင်းကို မတ်လ ၂၄ ရက်နေ့က နယူးယောက် တိုင်းမ်မှာဖော်ပြခဲ့ပြီး ဖြစ်နိုင်ခြေ ၅ဝ%ရှိတဲ့ သားအိမ် ကင်ဆာ မျိုးရိုးဗီဇကို သယ်ဆောင်ထားရသူဖြစ်နေတဲ့ အတွက် သားအိမ်နဲ့ သားဥပြွန် တို့ကို ဖယ်ရှားလိုက်တာလို့ဆိုပါတယ်။

ဂျိုလီဟာ ကင်ဆာရောဂါဆိုးကြောင့် မိခင်၊ အဘွားနဲ့ အဒေါ်ဖြစ်သူတို့ကို ဆုံးရှုံးခဲ့ရပြီး မကြာသေးခင်က သူရဲ့သွေးနမူနာစစ်ဆေးမှုမှာတော့ ကင်ဆာ လက္ခဏာကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဂျိုလီက ရလဒ်ကို သိရချိန်မှာ သူ့ကိုယ် သူ တည်ငြိမ်ဖို့၊ ကြံ့ခိုင်ဖို့ ပြောခဲ့ပြီး သူ့ကလေးတွေကြီးပြင်းလာတာကို မြင်ဖို့၊ မြေးတွေနဲ့တွေ့ရတဲ့အထိ အသက်ရှင်ဖို့၊ သူ့ကလေးတွေက ကင်ဆာနဲ့ သူတို့ အမေသေသွားရတယ်လို့ ပြောရတဲ့အခြေအနေမရောက်စေဖို့ ခဲယဉ်းတဲ့ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာလို့ ဆိုပါတယ်။

“ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တွေရှိလာမယ်လို့ မျှော်လင့် ပါ တယ်။ ဒါပေမဲ့ ဖြစ်လာ မယ့် အရာတွေကို စိတ် သက်သက် သာသာနဲ့ ခံစားနေပါ တယ်။ ကျွန်မကကြံ့ခိုင် လွန်းလို့တော့ မဟုတ်ပါ ဘူး။ကြောက်နေစရာမှ မဟုတ်တာ” လို့ ဂျိုလီ က ပြောကြားခဲ့ပါ တယ်။

popular myanmar
Previous
Next Post »
Powered by Blogger.