ကမ္ဘာပေါ်တွင် မိမိ၏ မင်္ဂလာပွဲကို မည်သို့မည်ပုံကျင်းပမည်ဟု စိတ်ကူးယဉ်ကြသူအများအပြား ရှိကြမည် မှာမလွဲပေ။ ထိုအထဲမှတတ်နိုင်သူများကလည်း အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးမင်္ဂလာပွဲများကို သူများတ ကာထက်သာအောင် ဆင်နွှဲတတ်ကြလေသည်။ မည်သို့ပင်ဖြစ်စေ Cheetah Platt နှင့် Rhian Woodyard တို့ကိုတော့ မီမည်မထင်။၎င်းတို့နှစ်ဦးသည် ကမ္ဘာ့တိုက်ကြီးခြောက်ခုရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် ရက်ပေါင်း ၈၅ ရက်အတွင်း ၃၈ ကြိမ်တိတိ မင်္ဂလာပွဲဆင်နွှဲခဲ့ကြ သူများ ဖြစ်သည်။ သို့ရာတွင် မင်္ဂလာအခမ်းအနားနှင့် ကျင်းပကြ သည်တော့မဟုတ်။ ကမ္ဘာအနှံ့ ခြေဆန့်ကာ ယင်းတို့သွားရာ ခရီးလမ်း တစ်လျှောက်တွင် ၃၈ ကြိမ်တိုင်အောင် မင်္ဂလာဆောင်ကြရာ မင်္ဂလာတစ်ခါဆောင်လျှင် ကန် ဒေါ်လာသုံးထောင်ထက်မနည်း ကုန်ကျခဲ့သည်ဟု ဆိုသည်။
”ကျွန်တော်တို့က ကယ်လီဖိုးနီးယားမှာနေကြပါတယ်။ သိတဲ့အတိုင်းပဲ အဲဒီက မင်္ဂလာစရိတ်က အဆမ တန်များလွန်းလှတယ်လေ။ နောက်ပြီး တစ်ရက်တည်းသော မင်္ဂလာပြုမှုအတွက် ဒီလောက်ငွေ အများကြီး လည်း မကုန်ချင်ဘူး။ ဒါနဲ့ပဲ ဒီလိုလုပ်ဖို့ စိတ်ကူးရသွားတာပါ” ဟု Platt က ပြောခဲ့သည်။ သို့ရာတွင် တစ်နေ ရာချင်းစီ၌ မင်္ဂလာဆောင်လျှင် အလုပ်အလွန်ရှုပ်မည်ကိုလည်း သူတို့က သဘောပေါက်ထားသည်။
ယင်းကြောင့် အွန်လိုင်းတွင်ပင် ၎င်းတို့၏ မင်္ဂလာပွဲကို ကျင်းပလိုက်ကြသည်။ ယင်းမှာ ၎င်းတို့၏ မင်္ဂလာပုံ ရိပ်များကို အွန်လိုင်းမှတစ်ဆင့် ကမ္ဘာအနှံ့အပြားသို့လွှင့်တင်ခြင်းပင် ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင် လိုက်ခြင်းဖြင့် ၎င်းတို့၏ မင်္ဂလာပွဲကို အသိအမှတ်ပြုစေလိုခြင်းဖြစ်ကြောင်း Platt က ထပ်မံပြော ကြားခဲ့ သည်။
ဤသို့ မင်္ဂလာပွဲများ ကျင်းပပြီး၍ အိမ်ပြန်ရောက်သောအခါတွင် ၎င်းတို့၏ မိသားစုနှင့် မိတ်ဆွေအပေါင်းအ သင်းများက ၎င်းတို့ပြုလုပ်သည့် မင်္ဂလာပွဲမှာ အကြီးမားဆုံးနှင့် အရေးအကြီးဆုံးအရာများဖြစ်ကြောင်း ပြောကြားကာချီးကျူးထောပနာ ပြုခဲ့ကြသည်ဟု ဆိုသည်။
KTZO - Popular Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon