ကဲ...ကဲ...လေသံတော့ ထွက်လာပြီ။ တရုတ်သတင်းဌာနကတော့ မြှောက်ပေးနေပြီ။
..........................................ဘာသာပြန်အပြည့်အစုံကတော့......
တရုတ်လူမျိုး ၉၀% နေထိုင်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား မြန်မာစစ်တပ်ကနေ ကတိုက် ခိုက်ခဲ့ပါတယ်။
ကိုးကန့်စစ်ရှောင်ဒုက္ခသည် ၁သိန်းကျော် တရုတ်နိုင်ငံထဲကိုဝင်ရောက်ရှိပါတယ်။
တရုတ်ကွန်မြူနစ်ပါတီမှ စစ်ရှောင်ဒုက္ခသည်များကို နေရာချထားပေးခဲ့သော်လည်း၊ မြန်မာအစိုးရအား စစ်ရေးတိုက်ခိုက်မှုများ မလုပ်ရန်တောင်းဆိုခြင်းမရှိခဲ့ပေ။
ကိုးကန့် ဥက္ကဋ္ဌဟောင်း ဖုန်ကျားရှင်ရဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ တရုတ်ကွန်မြူနစ်ပါတီအား ကိုးကန့်ဒေသ အား လျစ်လျူခဲ့ခြင်းကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ကိုးကန့်ဒေသဟာ မြန်မာပြည် အရှေ့မြောက်ပိုင်း တရုတ်ယူနန်ပြည်နယ်နဲ့ နယ်မြေချင်းဆက်စပ်နေ ပါတယ်။ ဒါဟာလူဦးရေ ၁သိန်းခွဲမှာ တရုတ်ဟန်လူဦးရေက 90% ရှိပါတယ်။အများစုရဲ့ဘိုးဘေးတွေက အဲ့ဒေသကို မင်မင်းဆက်မှာ ပြောင်းရွှေ့လာခဲ့ပြီး ဟန်လူမျိုးတွေရဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းလာခဲ့ပါတယ်။
သမိုင်းကြောင်းအရ ကိုးကန့်ဒေသဟာ တရုတ်ပိုင်နယ်မြေအဖြစ်တည်ရှိပါတယ်ဒါဟာချင်မင်းဆက် 1897 ခုနှစ်တွင်ဗြိတိသျှဘားမားဧရိယာအတွင်းမှာ ပါဝင်သည့်ခဲ့တာပါ။ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည်မှ အင်္ဂလိပ်များထွက်ခွာခဲ့သည့် ၁၉၄၈ မှာ လွတ်လပ်ရေးရရှိခဲ့ပါတယ်။
အဲအချိန်က ကိုးကန့်ဒေသဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အချုပ်အခြာ အာဏာအောက်မှာ အခိုင်အ မာတည်ရှိပြီး၊ တရုတ်နိုင်ငံရဲ့ ဧရိယာအတွင်းမှာ ပါဝင်ပါတယ်။ ၁၉၆၀ တရုတ်ကွန်မြူနစ်ပါတီ အာဏာ ရလာပြီး ဝန်ကြီးချုပ် ချူ အင်လိုင်းက တရုတ် - ဗမာ နယ်စပ် စာချုပ် လက်မှတ်ရေးထိုးပြီး ကိုးကန့်အပေါ် အချုပ်အခြာအာဏာပိုင်မှုကို လွဲပြောင်းခဲ့ပါတယ်။
အဲက စပြီး ကိုးကန့်ဟန်လူမျိုးဟာ မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားများ ဖြစ်လာခဲ့ပါတယ်။သူတို့ကို ကိုးကန့်တိုင်းရင်းသားများအဖြစ် အတည်အမှတ်ပြုထားပါတယ်။ ဂျာမဏီနိုင်ငံအခြေစိုက် အာဏာရှင်စနစ် အကြောင်းလေ့လာနေသူ ကျုံးဝေကွမ်းက
တရုတ်ကွန်မြူနစ်ပါတီဟာ မိမိရာထူးတိုးရေး၊ တည်မြဲရေးအတွက်သာ အဓိကထားပြီး၊အမျိုးသားအကျိုးစီးပွား ကိုဦးစားပေးခြင်း မရှိလိုဘဲဖြစ်တယ်။
အဲတာကြောင့် ၁၉၆၀ ပြည့်နှစ်များမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့မှာ အထီးကျန်ခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင် စုနှင့် ဆက်ဆံရေးပျက်ပြားသွားသည့် အဆင့်ထိ ဖြစ်သွားခဲ့ပါတယ်။
အနောက်နိုင်ငံများနဲ့ တတိယကမ္ဘာနိုင်ငံများကို ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိဘူး။
တရုတ်ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် တခြားနိုင်ငံတွေနဲ့ဆက်ဆံရေးပြေလည်ဖို့ဆွဲဆောင်တဲ့အ
နေနဲ့ ပိုင်နက်ဒေသတွေကို ရောင်းချခဲ့ပါတယ်။
တရုတ်ကိုးကန့်နွယ်ဖွား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခေါင်းဆောင် ဖုန်ကြားရှင်ဟာ ကိုးကန့်တပ်မတော် ကိုဖွဲ့စည်းပြီး မြန်မာစစ်တပ်ကို ၁၀နှစ်ကျော်ကြာဆင်နွဲခဲ့ပါတယ်။
၁၉၈၉ မှာ ဖုန်ကြားရှင်နဲ့ မြန်မာအစိုးရတို့ သဘောတူညီမှုရရှိခဲ့ပြီး၊ ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရ နယ်မြေအ
ဖြစ်နဲ့ စီးပွားရေး၊ စစ်တပ်နဲ့ ဒေသ ဆိုင်ရာ ကိစ္စရပ်များ အတွက် စီမံပိုင်ခွင့်ရလာခဲ့သော်လည်း၊ ကိုးကန့်နိုင် ငံတခုအဖြစ် အသိအမှတ်မပြုခဲ့ပေ။
ကိုးကန့်ဒေသဟာ ပြည်မတရုတ်များဆင်တူပြီး၊ ဒေသသုံးဘာသာစကားဟာ ယူနန်တရုတ်ဘာသာစကား ကို သုံးစွဲကြပါတယ်။ တရုတ်ယွမ်ငွေကိုသုံးစွဲပြီး၊ ကျောင်းသုံးစာအုပ်များဟာ တရုတ်ဘာသာဖြစ်ပါတယ်။ စာတိုက်၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓါတ်အားများကို ပြည်မတရုတ်နိုင်ငံရယူသုံးပြီး၊
တယ်လီဖုန်းနံပတ်နဲ့ ဒေသသုံးသင်္ကေတကုဒ်ကို ယူနန်ဒေသကုဒ်အားသုံးစွဲကာ တယ်လီဖုန်းဝန်ဆောင်မှုကို ချိုင်နားမိုဘိုင်း (တရုတ်ဖုံး) ကုမ္မဏီအားအသုံးပြုသည်။
ကိုးကန့်လူမျိုးများဟာ မြန်မာနိုင်ငံမှ ခွဲထွက်ပြီး တရုတ်နိုင်ငံနဲ့ပေါင်းစည်းဖို့ နှစ်ပေါင်းများစွာ ထဲက လိုလား
သော်လည်း၊ တရုတ်ပြည် ကွန်မြူနစ်ပါတီအစိုးရမှ တိတ်ဆိတ်လျှက်ရှိပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာပြီးနောက်ပိုင်းမှာ မြန်မာအစိုးရ စစ်တပ်များရဲ့ ထိုးစစ်ဆင် တိုက် ပွဲများ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
အဲနောက်မှာ ဥက္ကဋ္ဌ ဖုန်ကျားရှင်ဟာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသလို့ ဆက်လက်သတ်မှတ်ထားရှိပေမဲ့လည်း တကယ်တမ်းမှာ
တော့ မြန်မာအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား ရှိနေတာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာတော့ ဖုန်ကျားရှင်ဦးဆောင်သည့် ကိုးကန့်တပ်မတော်နဲ့ ဒေသတွင်း တိုင်းရင်း သားလက်နက်ကိုင်များပူးပေါင်းပြီး ကိုးကန့်ဒေသကို ပြန်လာခဲ့ကြပါတယ်။
သူဟာ မြန်မာစစ်တပ်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ပွဲပြင်းထန်လာတဲ့အတွက် လူ ၁သိန်းဟာ ယူနန်ပြည်နယ်ကို စစ်ဘေးတိမ်းရှောင်လာခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရ နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟွားချွန်ရင် ကတော့ "တရုတ်ပြည်အနေနဲ့ ဒုက္ခသည်တွေကို နေရာချထားဖို့အတွက်ပဲ ကူညီပေးမယ်" လို့ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့တိုက်ခိုက်မှုတွေရပ်တန့်ပေးဖို့ တရုတ်ပြည်သူတွေက တရုတ်အစိုးရကို တောင်းဆို ခဲ့ပေမဲ့ တရုတ်အစိုးရကတော့ နှုတ်ဆိတ်နေဆဲသာဖြစ်ပါတယ်။
ဟောင်ကောင်ပန်းသီးနေ့စဉ်သတင်းစာကနေ တရုတ်ပြည်ကွန်မြူနစ်ပါတီအစိုးရဟာ ကိုးကန့်တရုတ်လူမျိုး အတွက် ပြောဆိုလိုခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါသေးတယ်။
ဒါဟာ မြန်မာပြည်ခွဲထွက်ရေးအဖွဲများကို ထောက်ခံခြင်းလို့ ထင်မြင်ခံရမှာကြောက်လို့ဖြစ်တယ်။
အပြန်အလှန်အနေနဲ့ ယင်းအချက်ဟာ တခြားနိုင်ငံတွေအတွက် တိဗက်၊ ဝီဂါ နဲ့ ထိုင်ဝမ်တို့လွတ်လပ်ရေး အတွက် ထောက်ခံစရာအကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ကျုံးဝေကွမ်းကတော့ တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရကိုဆန်ကျင့်ပြီး ဘာမှလုပ်ဆောင်ခြင်း မပြုခြင်း ဟာ နိုင်ငံရေးအရ လိုအပ်ချက်ကြောင့်ဖြစ်တယ်။
လူတိုင်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထား ၉ ချက်ကိုကြည့်မယ့်ဆိုရင် တူညီတဲ့ နမူနာတွေကို တွေ့ မှာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ မိမိအဖွဲ့ဝင်တွေရဲ့ ဘဝတွေကို ဂရုမစိုက်တတ်ဘူး။ ပြည်ပရောက် တရုတ်တွေဋ္ဌ
ရောပေါ့ဗျာ လျစ်လျူရှူတယ်။
ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာတော့ ဖုန်ကြားရှင်ဟာ တရုတ်လူမျိုးများနဲ့ ပြည်ပရောက် တရုတ် များကို ကိုးကန့်ဒေသနဲ့ ပတ်သက်ပြီး သတိပြု၊ကူညီဖို့အတွက် ရေးသားတောင်းဆိုခဲ့ပါတယ်။
အဆိုပါစာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကိုးကန့်ဒေသအပေါ်သဘောထားကို ဝေဖန်ထားခဲ့ပါတယ်။
ဒါဟာ တုံပြန်မှုမရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီအပေါ်ကို လူအများရဲ့ ဝေဖန် ထောက်ပြဖို့ အမြင်တခုဖြစ် လာစေပါတယ်။
ဒါဟာ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်စစ်ပွဲနဲ့ ဆင်တူနေပါတယ်။
ပြည်သူနေ့စဉ်အဆိုအရ တရုတ်ကွန်မြူနစ်ပါတီဟာ ကိုးကန့်ဒေသကို ရောင်းခဲ့ခြင်းကို ဒုတိယကမ္ဘာစစ်
ကြောင့်ဆိုပြီး ဝါဒဖြန့်ချီကာ သမိုင်းကြောင်းကို ဖုံးကွယ်ခဲ့တာလို့ ဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ ဆင်ဝှာသတင်းဌာမှ ထုတ်ပြန်ချက်ကိုသာ နိုင်ငံတွင်းမီဒီယာမှာ ဖြန့်ချီခွင့်ပြုပြီး လွတ်လပ်တဲ့ သတင်းထုတ်ပြန်မှုတွေကိုတော့ ခွင့်မပြုထားပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာအစိုးရနဲ့ ပူပေါင်းဆောင်ရွက်မှု မြန်ဆန်စွာ ရှိခဲ့ပါတယ်။
စစ်ရှောင်ဒုက္ခသည်များကို အတင်းအကျပ်ပြန်ပို့မယ့်ဆိုခဲ့ရင်တော့ ကိုးကန့်တရုတ်များ အထူးစိတ်မကောင်း
ဖြစ်ကြမှာပါ။
စစ်မုန်းအောင်
Sign up here with your email
ConversionConversion EmoticonEmoticon