မင်္ဂလာဆောင်သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်းပိတ်မိ


ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၆ နာရီက စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက် အောင်တော် မူလမ်း တိုက်အမှတ် (၂၄၉) ရှစ်ထပ်ခွဲတိုက် တွင် မင်္ဂလာဆောင်သို့ သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကား အ တွင်း နာရီဝက်ကျော် ပိတ်မိနေကြောင်း သိရသည်။

ယင်းတိုက်လေးထပ်တွင် နေထိုင်သူ မမေသော်ဟိန်း(၂၄ နှစ်)သည် မင်္ဂလာဆောင်သို့သွားရန် ဓာတ်လှေ ကားဖြင့် ဆင်းလာစဉ် မြေညီထပ်အရောက်၌ ဓာတ်လှေကားတံခါးဖွင့်၍မရဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ စမ်းချောင်းမြို့ နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် အဖွဲ့ဝင် များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ရာ ပိတ်နေသော ဓာတ်လှေကားတံခါးကို နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဖွင့် ပေးနိုင်ခဲ့သည်။

ကိုကြီးတင် | Myanmaalinn

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.