လူသားတွေရဲ့စွန့်ပစ်ပစ္စည်းဖြစ်တဲ့ မစင် အညစ်အကြေးဟာ လာမယ့်မျိုးဆက်သစ် မိုဘိုင်းဖုန်း တွေအ တွက် လျှပ်စစ်စွမ်းအင်အနေနဲ့ အသုံးပြုနိုင် လိမ့်မယ်လို့ သိပ္ပံပညာရှင်များက ပြောဆိုခဲ့ပါတယ်။
အဆိုပါ သိပ္ပံသုတေသနပညာရှင်များက သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ ဗက်တီးရီးယားပိုးဟာ ဇီဝဗက်တီး ရီးယားတိုးတက်ဖွံ့ဖြိုးရန် အထောက်အကူ ပေးနိုင်မှုကို လေ့လာတွေ့ရှိခဲ့ပါတယ်။
ယင်းလေ့လာတွေ့ရှိချက်တွေကတော့ လူ တွေဆီက စွန့်ပစ်မစင်တွေမှာပါဝင်တဲ့ ဗက်တီးရီးယား ပိုးဟာ လက်တော့ပ်၊ တက်ဘလက်နဲ့ မိုဘိုင်းဖုန်းတွေ ကို စွမ်းအင်တစ်ခုအဖြစ် ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါ တယ်။
အင်္ဂလန်နိုင်ငံ East Anglia တက္ကသိုလ်က လေ့လာချက်အရ လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ စွန့်ပစ်ပစ္စည်း
ဖြစ်တဲ့ မစင်အညစ်အကြေးမှာပါဝင်တဲ့ ဗက်တီးရီးယားပိုး သံသတ္တုဓာတ်ရှူရှိုက်မှုဟာ လျှပ် စစ်စွမ်းအင်ကို ထုတ်ပေးသလိုမျိုးဖြစ်တယ်လို့ လေ့ လာတွေ့ရှိချက်အရ သိရပါတယ်။
အဆိုပါ မစင်အညစ်အကြေးတွေရဲ့ မစင် ဗက်တီးရီးယားက လျှပ်စစ်စွမ်းအင် ထုတ်လွှတ်မှုဟာ လျှပ်စစ်ဝိုင် ယာ ကြိုးနဲ့ အလားသဏ္ဌာန်တူတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
အဆိုပါ သိပ္ပံသုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ လူသားမစင် အညစ်အကြေး မှာပါဝင်တဲ့ ဗက်တီးရီးယားပိုးဟာ လျှပ်စစ်စွမ်းအင် ကို ထုတ်လုပ်ပေးနိုင်ပြီး နောင်လာမယ့်မျိုးဆက်သစ် မိုဘိုင်းဖုန်း
တွေအတွက် ယင်းလူ့မစင်အညစ်အကြေး ကို လျှပ်စစ်စွမ်းအင်အနေနဲ့ အသုံးပြုလို့ရနိုင်မှာပဲဖြစ် ပါတယ်။
Daily Mail
Sign up here with your email
ConversionConversion EmoticonEmoticon