သာကေတ၅ကွေ့မှာဓါးကိုင်ရမ်းကားမှု


ဓါးကိုင်ရမ်းကားခဲ့သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကိုတောင်ဓါတ်ပုံပါအတိုင်း ကားပေါ်ကဆင်းပြီးခြိမ်းခြောက်ခဲ့ သလို ရပ်ကွက်နေပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုလည်းရန်ပြု ခြိမ်းခြောက်ခဲ့ကြပါတယ်။

စုစုပေါင်းအင်အား ၁၀ဦးကျော်ရှိပြီး ဓါးအရှည်အတိုမျိုးစုံကို ကိုင်ဆောင်ရမ်းကားခဲ့ကြပါတယ် သာကေတ ၉ရပ်ကွက် သားတွေကွ ယောက်ျားသတ်လည်း ၇နှစ် မိန်းမသတ်လည်း ၇နှစ်ပဲ ဘယ်ကောင်မှဂရုမစိုက်ဘူး ဟုကြွေးကြော်ပြီးရမ်းကားခဲ့ကြပါတယ် ဒီဖြစ်စဉ်ဟာ နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို နှောက်ယှက်ဖျက်ဆီးရာမရောက်ရင် ဘယ်အရာကရောက်စေတာလဲလို့မေခွန်းထုတ်ရမှာပါ သက်ဆိုင် သူတွေဖြေကိုဖြေရမှာပါ ယခုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေဟာ ရပ်ကွက်မှာ အကြိမ်ကြိမ် ရန်ပြုခဲ့ကြသူတွေဖြစ်
ပြီးသက်သေလိုက်တဲ့ရပ်ကွက်သူရပ်ကွက်သားတွေကိုမျက်နှာမှတိပြီးခြိမ်းခြောက်တာက်ုရင်ဆိုင်ခဲ့ကြရပါ
တယ်။

ဓါတ်ပုံပါလူဟာ ဒီရမ်းကားမှုကိုဆော်သြခဲ့သူဖြစ်သလို လူရမ်းကားအုပ်စုကို ခေါ်ခဲ့သူပါ သာကေတရဲက ဆူပူအော်ဟစ်ပြီး ဓါးကိုင်သူတွေကိုသတ်ဖို့ဆော်သြခဲ့တဲ့ သာကေတ(၉ )ရပ်ကွက်ကဒေါ်မြင့်မြင်စိန်ဆိုသူ ကိုအကြောင်းပြချက်မဲ့လွှပေးခဲ့ပါတယ် ဓါတ်ပုံသက်သေ လူသက်သေ ဗီဒီယိုဖိုင်အပြည့်အစုံမှတ်တယ်းရှိနေ ခဲ့ပါတယ်။ ရပ်ကွက်လူကြီး ဥချမ်းသာကတော့ ဒီဖြစ်စဉ်မှာရပ်ကွက်ကိုယ်စား ရဲရဲရင့်ရင့် နဲ့လူမိုက်တွေကို ရင်ဆိုင်ခဲ့သူပါ ရဲစခန်းမှာသတင်းလာယူသူတွေမောင်းထုတ်ခံရတဲ့ဒီ ဖြစိစဉ်ကိုဘယ်လိုအရေးယူအဆုံး သတ်မယ် ဆိုတာကို အသက်အိုးအိမ်စည်းစိမ်ကိုခြိမ်းခြောက်ခံခဲ့ရတဲ့မိဘပြည်သူ များကစောင့်ကြည်နေ
ကြောင်းပါခင်ဗျာ။

သာကေတ အမှတ်(၁)မြို့မရဲ စခန်းဖုန်း ၀၁၅၅၆၇၄၉

ရပ်ကွက်လူကြီး ဦးချမ်းသာ ဖုန်းနံပါတ် ၀၉ ၂၅၄၂၁၃၅၅၉


Aung Aung Kyaw Facebook မှာ ကူးယူဖော်ပြသည်



Previous
Next Post »
Powered by Blogger.