ပြန်လည် အသက်ရှင် လာခြင်း မရှိစေရန် လည်ပင်းကို တံစဉ်ဖြင့် ပိုင်းထားခြင်း ခံရသည့် သွေးစုပ်ကောင် အရိုးစု တစ်ခု။ ဓာတ်ပုံ – Daily Mail |
သော်လည်း ယင်းသွေး စုပ်ကောင် များက ဝမ်းသွား ၍ သေဆုံးခဲ့ ကြခြင်းသာ ဖြစ်ဖွယ် ရှိသည်ဟု သိပ္ပံပ ညာ ရှင်များက မှန်းဆ ထားသည်။
၁၇ရာစုနှင့် ၁၈ ရာစု ကာလများ တွင်သွေး စုပ်ကောင်ဟု ယူဆသူ များကို သေရာမှ ပြန်မထ မြောက်လာ ရန် ရိုးရာဓလေ့ လုပ်ထုံးများ အတိုင်း မြုမ်နှံ ခဲ့ကြ သည်။
သို့ သော် ယင်းသို့ မြုပ်နှံ ထားသည့် သွေးစုပ်ကောင် သချိုင်း များမှ အရိုးစု များကို သုတေသန ပြုချက်အရ ၎င်းတို့ သည် ကာလဝမ်း ရောဂါကို ပထမဆုံး ခံစား ရသူ များဖြစ်ပြီး သေဆုံး သည့်နှင့် ချက်ချင်းမြုပ်နှံ လိုက်ကြသည့် အရိုးစုများ သာဖြစ်ကြောင်း သိရသည်။
ပိုလန်နိုင်ငံရှိ ဂူသချိုင်း တစ်ခုတွင် တွေ့ ရှိသည့် အရိုးစုများတွင် ကျောက်ခဲ များဖြင့် ဖိသိပ်ထားပြီး လည်ပင်း တွင်လည်း တံစဉ်ကို ကန့် လန့် ဖြတ် စိုက်ထား သည် ကိုတွေ့ ရှိခဲ့ကြသည်။
၎င်းတို့ ကို လူအများက သွေးစုပ်ကောင် များအဖြစ် ထင်မှတ်ကာ ယင်းသို့ သဂြိုလ်ခဲ့ ကြခြင်းဖြစ်သည်။ သို့ သော် ယနေ့ တွင် သိပ္ပံပညာ ရှင်များက ယင်းအရိုး စုများမှ သွားများကို စမ်းသပ်စစ်ဆေး၍ ၎င်းတို့ 
သည် ကာလဝမ်းရောဂါဖြစ်၍ သေဆုံးခဲ့ကြခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချပြောဆိုသည်။
၎င်းတို့ သည် အခြား အရပ်မှ ရောက်ရှိလာ သူများဖြစ်ပြီး ဝမ်းရောဂါကြောင့် ချက်ချင်းသေ ဆုံးကြသည့် ၎င်းတို့ အဖြစ်ကို ဒေသ ခံများက မသိနား မလည်၍ ထူးထူး ဆန်းဆန်းဖြစ်ကာ ယခုကဲ့သို့ မြုပ်နှံ ကြခြင်းဖြစ် ဖွယ်ရှိသည်ဟု ပညာရှင် များ၏ မှန်းဆကြသည်။
ထိုပြင် အရှေ့ ဥရောပတွင် ကာလဝမ်းရောဂါ ကျရောက်ချိန်က ၎င်းတို့ သေဆုံးချိန်နှင့် တူညီကြောင်း၊ ၎င်း တို့ က ရောဂါ စဖြစ်ချင်း သေဆုံး သူများ သာဖြစ်နိုင် ကြောင်း သိပ္ပံပညာ ရှင်များက ပြောသည်။
” အလယ်ခေတ် အကြိုကာလက လူတွေက ဒီရောဂါ အကြောင်း မသိကြဖူး။ ပျံ့ နှံ့ ပုံအကြောင်းလည်း မသိဖူး။ ဒါကြောင့် ဒီလိုမျိုး ထင်မှတ် ခဲ့ကြတာပဲဖြစ်တယ်။ “ဟု သုတေသနကို ဦးဆောင်ပြုလုပ်သည့်
တောင်ပိုင်းအလာဘားမားတက္ကသိုလ်မှ ဒေါက်တာ လီစလေးဂရီဂေါရစ်ကာက ပြောခဲ့သည်။
mizzima
Sign up here with your email
ConversionConversion EmoticonEmoticon