သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အား စီရင်ချက်ချမချမီ နှစ်ရက်အလို အောက်တိုဘာ ၁၅ ရက် တွင်ဂိုဏ်းပေါင်းစုံ သံဃာတော် ၁၆၂၁ ပါး၊ လွှတ်တော် ကိုယ်စားလှယ် ၅၁ ဦးနှင့် ပြည်သူလူထု ၁၀၀၄ ဦးတို့၏ မေတ္တာရပ်ခံ တင်ပြစာများကို ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတနှင့် တရားသူကြီးချုပ် ထံ ပေးပို့ခဲ့သည်။
အုပ်ချုပ်ရေးအဖွဲ့ က တရားစွဲဆိုပြီး တရားစီရင်ရေးအဖွဲ့ က စီရင်ဆုံးဖြတ်ခံရမည့် ဦးဆန်းဆင့်အပေါ် မည် သည့်ပြစ်ဒဏ် ချမှတ်သည်ဖြစ်စေ အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၅၁ဦး တို့ က လက်ခံမည်ဟု ရဟန်း ရှင်လူတို့ ၏ မေတ္တာရပ်ခံ တင်ပြစာများကို စုစည်းလျက် ပြည်ထောင်စု လွှတ်တော် နာယကထံ ဦးဆောင် တင်ပြခဲ့သည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီမှ အလုံမြို့ နယ် အမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ ရဲ့ အဝန်းအဝိုင်း လွှတ်တော်အကြီးအကဲတွေကတစ်ဆင့် ဆောင် ရွက်ရတာဖြစ်လို့ လွှတ်တော်အကြီးအကဲတွေဆီကိုပဲ တင်ပြတာပါ၊ လွှတ်တော်အကြီးအကဲက ဆက်ပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေဆီ လိုအပ်သလို ဆောင်ရွက်သွားတာတွေကို၊ တရားစီရင်ရေး အပိုင်းကလည်း သူတို့ တာဝန်အတိုင်း သူတို့ ဆောင်ရွက်သွားမှာကို ကျွန်တော်တို့အနေနဲ့ လက်ခံရမှာ ဖြစ်ပါ တယ်” ဟု ၎င်းက ပြောခဲ့သည်။
ဦးဆန်းဆင့်အမှုအား ပြန်လည်သုံးသပ်ပြီး သက်ညှာစွာ ဆုံးဖြတ်ပေးပါရန် ရဟန်းရှင်လူတို့ နှင့်အတူ ဦးဆောင် တင်ပြခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များတွင် ပြည်သူ့ လွှတ်တော်မှ ၄၂ ဦးနှင့် အမျိုးသား လွှတ်တော်မှ ကိုးဦးတို့  ပါဝင်ပြီး နိုင်ငံရေးပါတီ ၁၇ ခုတို့ မှ အမတ်များ ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က လက် မှတ်အထောက်အထားများဖြင့် မီဒီယာသို့  ဖြေကြားခဲ့သည်။
ထို့အပြင် ၎င်းက “ဦးဆန်းဆင့်အပေါ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုပြီး တရားစီရင်ရေးအဖွဲ့ က စစ်ဆေးစီ ရင်ရမည်ဖြစ်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအားရှင်းလင်းပြောကြားပြီး ဖြစ်သကဲ့သို့ မေတ္တာရပ်ခံ ဆရာတော်များကိုလည်း လျှောက်ထားအသိပေးမည်ဖြစ်ပါသည်။ အဆိုပါ ရည်ညွှန်း မေတ္တာရပ်ခံစာများကို သိရှိနိုင်ရန် ပေးပို့ပါသည်” ဟူ၍ ဖော်ပြထားသည်။
mizzima
Sign up here with your email
ConversionConversion EmoticonEmoticon