ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် လူမြင်ကွင်း ထွက်လာ

 

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်တယောက် လူမြင်ကွင်းကို ထွက်လာပါပြီ။ မစ္စယင်လတ်တယောက် အခုလို လူမြင်ကွင်း ထွက်လာတာဟာ မေလ ၂၂ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ပါ တယ်။

မစ္စယင်လတ်ရဲ့ ကုန်တိုက်ကြီး တခုမှာ ဈေးဝယ်ထွက်လာတဲ့ မှတ်တမ်း ဓာတ်ပုံတွေဟာ ထိုင်း လူမှု ကွန်ရက်တွေ မှာ ဇွန်လ ၇ ရက်နေ့က ပျံ့နှံ့လာပါတယ်။

မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး မစ္စ ယင်လတ်အပါအဝင် အစိုးရ ဝန်ကြီးတချို့နဲ့ အတူ နိုင်ငံရေး ခေါင်းဆောင်တွေကို ထိုင်းစစ်တပ်က ယာယီထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ ပါတယ်။

ဒါပေမယ့် နိုင်ငံခြား ကိုတော့ ထွက်ခွာခွင့် မပြုထားပါဘူး။ အခုတော့ စစ်အာဏာ မသိမ်းမီကတည်းက ဝန်ကြီးချုပ် ရာထူး နုတ်ထွက်ခဲ့ရတဲ့ မစ္စယင်လတ်နဲ့ အစိုးရ ဝန်ကြီးတချို့ကိုလည်း အာဏာသိမ်း စစ်ကောင်စီက ထိုင်း လယ်သမားတွေဆီက စပါး အပေါင်ခံတဲ့ ကိစ္စ စုံစမ်းရေး ကော်မရှင် ဖွဲ့ စစ်ဆေးမယ့် ကိစ္စ ထိုင်း သတင်းတွေမှာ လည်း ဆက်တိုက်ဖော်ပြနေပါတယ်။

အိမ့်သံစဉ်

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.