ထိုင်ဝမ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ထပ်မံဖြစ်ပွား


ထိုင်ဝမ်၏ မြို့တော်တိုင်ပေအနီးတွင် သြဂုတ် ၁၅ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးသေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်ခန့်ကလည်း ထိုင်ဝမ်တောင်ပိုင်းတွင် ပြင်းထန်သည့် ဓာတ်ငွေ့ ပေါက် ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃၀ သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရခဲ့သည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက နယူးတိုင်ပေစီတီး၊ ကျင်ဒန်ရပ်ကွက်ရှိ ၁၇ ထပ်အဆောက်အဦးတွင် ဖြစ် ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အနီးရှိ စတိုင်းဆိုင်များမှ မှန်များကွဲသွားခဲ့သည်။

တစ်နှစ်သားအရွယ် လမ်းလျှောက်တတ်စ ယောက်ျားလေးတစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိ ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့တော် မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အဆောက်အဦတွင် နေထိုင်သူအချို့က ဓာတ်ငွေ့ယို စိမ့်မှုဖြစ်နိုင်ဖွယ်ရှိကြောင်း သြဂုတ် ၁၄ ရက် ညနေပိုင်း က ဓာတ်ငွေ့ကုမ္ပဏီသို့ အကြောင်းကြားခဲ့ ကြောင်း လက်ထောက်မြို့တော်ဝန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

AFP

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.