ခန္ဓာကိုယ် နဲ့ မျက်နှာကို ခွဲစိတ်ပြု ပြင်ပြီး အသက် အနှစ်၂၀ စာလောက် ငယ်ရွယ်သွားခဲ့တဲ့ မြေး၇ယောက်ရဲ့ အဖွား

မြေး၇ယောက်ရဲ့ အဖွားဖြစ်သူ India Bucham ဟာ ပေါင် ၃၅၀၀၀ ကို သုံးစွဲပြီး သူမရဲ့ အိုမင်းရင့်ရောနေတဲ့ ခန္ဓာကိုယ် နဲ့ မျက်နှာကို ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ သူမရဲ့ အ၀လွန် ပြီး ဆံပင်ဖြူတွေဖွေးစွတ်ကာ ပါးရည်များ တွန့်နေတဲ့ အသွင်အပြင်ကို သေးသွယ်လှပပြီး ချောမွေ့တဲ့ အသားရည်ရှိတဲ့ အသွင်အပြင်ကို ရောက်အောင် ခွဲစိတ်ပြုပြင်ကာ အသက် အနှစ် ၂၀ လောက် ပြန်ငယ်သွားစေခဲ့ပါတယ်။


ယင်းနောက်မှာတော့ India Bucham ဟာ သူမရဲ့ အိပ်ခန်းတွေနဲ့ ဧည့်ခန်းတွေမှာလည်း သူမရဲ့ ကိုယ်လုံး တီးဓါတ်ပုံကို ချိတ်ဆွဲထားလိုက်ပါတယ်။ သူမဟာ ကျောင်းနေစဉ်အရွယ်ကတည်းက သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး အခြား ကျောင်းသူများရဲ့လှောင်ပြောင်ခြင်းကို စိတ်ပျက်စွာ ခံခဲ့ရပါတယ်။ သူမ အသက်၂၀ ၀န်းကျင်တုန်းကလည်းဘူလီမီးယား နဲ့ အနိုရီဆီးယား ရောဂါတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။


အသက်၅၄နှစ်အရွယ် အရောင်းမြှင့်တင်ရေးမန်နေဂျာဖြစ်တဲ့ India ဟာ အိမ်ထောင်၂ ဆက်ကျခဲ့ပြီး အိမ်ထောင်တစ်ခုမှာ ကလေး၂ ယောက်စီ ရခဲ့ကာ ထိုကလေး၂ယောက်မှ မွေးဖွားထားတဲ့ ၃နှစ်နဲ့ ၁၂နှစ် ကြားအရွယ်ရှိ တဲ့ မြေးမလေး ၅ ယောက်နဲ့ မြေးယောင်္ကျားလေး ၂ ယောက်ရှိနေပါပြီ။India ဟာ ယခုအချိန် မှာ မေးရိုး ၊ မျက်နှာကျ ၊နှုတ်ခမ်း ၊ ရင်သား နဲ့ ဗိုက်တို့ ကို ခွဲစိတ်ပြုပြင်ထားပြီး နောက်ထပ် ခွဲစိတ်ပြုပြင်မှုတွေ ဆက်လုပ်ဖို့လည်းစီစဉ်ထားပါသေးတယ်။

Trend Myanmar

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.