အိန်္ဒိယနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ဟာ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဓမ္မပြုကျင့်မှုတွေ မကြာခဏ ပေါ်ပေါက်နေ သလို အက်ဆစ်နဲ့ ပက်ခံရတဲ့ အခြေအနေဆိုးကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လက်ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံအတွင်း အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးဟာ လူ့ဘောင် လောကအ တွင်း ပြန်လည် ၀င်ရောက်လာရာမှာ ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလေ့ရှိ ပါတယ်။
အက်ဆစ်နဲ့ ပက်ခံရခြင်းကြောင့် အမျိုးသမီးရဲ့ မျက်နှာဟာ လူမြင်ကွင်းထွက်လို့ မရတော့တဲ့ အထိ ဖြစ် သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ လူမှု အဖွဲ့အစည်းတွေက ဆောင်ရွက် ကူညီပေးနေကြပါတယ်။
ထူးခြားတာက အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးငါးဦးဟာ ထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဓာတ်ပုံ ရိုက်ကူး ခဲ့ ပါတယ်။ ရူပါဟာ အက်ဆစ်နဲ့ ပက်ခံရထားသူဖြစ်ပြီး ဘ၀ကိုအရှုံးမပေးတဲ့ အနေနဲ့ အခုလို ဓာတ်ပုံရိုက်ကူး ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဘ၀တူ အက်ဆစ်နဲ့ ပက်ခံရသူတွေ လောကကြီးထဲမှာ ရဲဝံ့စွာနေထိုင်နိုင်ဖို့ ရူပါဟာ ကြိုးစား အားထုတ်ခဲ့ပါတယ်။ ရူပါဟာ မိထွေးဖြစ်သူရဲ့ မကျေနပ်မှုကြောင့် အက်ဆစ်နဲ့ ပက်ခံရ တာဖြစ်ပါ တယ်။ ဒါပေမဲ့ ရူပါရဲ့ မိထွေးဟာ အိန်္ဒိယနိုင်ငံရဲ့ တရားစီရင်ရေးစနစ် အားနည်းမှုကြောင့် ထောင် (၁၈) လသာ ချမှတ်ခံရပြီး ပြန်လွတ်သွားခဲ့ပါတယ်။
ရူပါကတော့ ဆိုးရွားတဲ့ မျက်နှာကြောင့် လောကကြီးမှာ ဆက်လက် အသက်ရှင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဘယ်သွားသွား မျက်နှာကို ဖုံးသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ ရူပါဟာဖက်ရှင် ဒီဇိုင်းသင်တန်းကို တက်ရောက်ပြီး ဒီဇိုင်းသစ်တွေ ထုတ်လုပ်ခဲ့ပါတယ်။ ဒီနောက် ရူပါဟာ ဘ၀တူတွေနဲ့ စုပေါင်းပြီး သူ့ရဲ့ ဒီဇိုင်းတွေကို ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အသက် (၂၂) နှစ် အရွယ်ရှိ ရူပါက ပြီးတဲ့ ခြောက်နှစ်တာ ကာလအတွင်းမှာ အခက်အခဲမျိုးစုံနဲ့ တွေ့ခဲ့ရ ပေ မယ့် အခုအချိန်မှာ အိပ်မက်တွေ အမှန်တကယ်ဖြစ် လာကြောင်းဆိုသွား ပါတယ်။ ရူပါရဲ့ ဒီဇိုင်းကို အမေရိ ကန် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင် တစား ၀ယ်ယူခဲ့တာမို့ ၀ယ်လို အားတိုးတက်လာမယ်လို့ မျှော်လင့် လျက်ရှိပါတယ်။
အေသင်အောင် | Messenger
Sign up here with your email
ConversionConversion EmoticonEmoticon