မြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါး ပြိုကျကာ မြစ် အတွင်း စေတီတော် နစ်မြုပ်



တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၏ ရွာဦးထိပ်တွင် ၁၃၇၁ ခုနှစ်မှစတင်၍ တည်ထားသော ဥာဏ်တော်(၉)တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်မှာ ၂.၈.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အလျားပေ(၃၀)၊ အနံပေ(၂၀) ခန့်ရှိ ကမ်းပါးပြိုကျရာတွင် ပါသွားခဲ့ပြီး မြစ်အတွင်းသို့ တိမ်းစောင်းသွားခဲ့ကာ စေတီအနီးရှိ တံခွန်တိုင်မှာ လည်း ညပိုင်းတွင်မြစ်အတွင်း လဲကျသွားခဲ့ပါသည်။

အဆိုပါဆုတောင်းပြည့် စေတေီတော်မှာ မြစ်ကမ်းစပ်၌ တိမ်းစောင်းလျက်ရှိရာမှ ၅.၈.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် ဧရာဝတီမြစ်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.