လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ

လှိုင်သာယာ မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ၌ အမျိုးသား တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ် တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာ နက်ပေါ်မ တင်ကြရန် သတိပေး ထား သည်။

အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော် သောေ ကြာင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေ သကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင် ဖော်ပြထားသည်။

‘‘ကြည့်ရှုသူပြည်သူများအ နေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အ နှောင့်အယှက် ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည့် အပြင် မလိုလားအပ် သောပြဿနာများဖြစ်ပွား လာနိုင် ပြီးတစ်ဦး တစ်ယောက်၏ လုံခြုံ ရေးကို ထိခိုက်နိုင် ဖွယ် ရှိသဖြင့် အလားတူဗီဒီယိုဖိုင်များ နောင် တွင် ဖော်ပြခြင်း မပြုပါရန်မေတ္တာ ရပ်ခံအပ်ပါသည်’’ ဟု ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတိ ပေးသည်။

သို့သော် မှုခင်းနှင့်ဆက်နွှယ် နေသည့်အဆိုပါ စီစီတီဗီဖိုင်မည် ကဲ့သို့ ထွက်ပေါ်လာသည်ကိုမူမ သိရှိရပေ။

လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ ဇွန် ၉ ရက်ညက စားပွဲဝိုင်းတစ်ဝိုင်းစီတွင် ခေါက်ဆွဲစား၊ လက်ဖက်ရည်သောက်နေကြသော အမျိုးသားသုံးဦးနှင့် လူငယ်ငါးဦးတို့ ရန်ဖြစ်ခဲ့ကြသည်။

တစ်ဖက်ဝိုင်းမှ လူငယ်တစ်ဦးက လက်သီးဖြင့်စထိုးရာ ခေါက်ဆွဲကြော်စားနေသော သေဆုံးခဲ့သူက ခက်ရင်းဖြင့် ပြန်ထိုးသည်။ ထိုအခါ လူသတ်သမားက ဓားဖြင့်အချက်ပေါင်း များစွာပြန်ထိုးပြီး နောက်နှစ်ဦး ကိုလည်း ထိုလူငယ်များက ဓာတ်ဘူးနှင့်ရိုက်၊ ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့် ၀ိုင်းထိုး ခဲ့သည်။

ယင်းကဲ့သို့ အက်ရှင်ဇာတ်ကား ဆန်ဆန် ဖြစ်ပွားသည့် လူသတ်မှုတစ်ခုလုံးကို ဆိုင်ရှိစီစီတီဗီက ရိုက်ကူးခဲ့သည်။

ထိုသို့ အုပ်စုဖွဲ့ထိုးသတ်ခဲ့သ ဖြင့် တစ်ဦးသေဆုံးပြီးကျန်နှစ်ဦး လည်း ဒဏ်ရာများရခဲ့၍ လှိုင် သာယာဆေး ရုံတွင်အတွင်းလူနာ များအဖြစ် ဆေးကုသခဲ့ရသည်။ ယင်းသို့ ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်း က ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၄၄ဖြင့်အမှုဖွင့် လှစ်ပြီးဆယ်ကျော် သက်လေးဦး နှင့် အသက်(၂၄)နှစ်အရွယ်ရှိ အမျိုး သားတစ်ဦး၊ စုစုပေါင်း ငါးဦးတို့ကို ဖမ်းဆီးထားပြီး အမှုစစ်ဆေးဆဲဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

7 day

Previous
Next Post »
Powered by Blogger.