ကူးစက်မြန်အီဘိုလာရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ကျန်းမာရေး ဝန်ကြီးဌာနသည် ကူးစက်မြန် အီဘိုလာ ရောဂါ မြန်မာနိုင်ငံတွင် ကူးစက် ပြန့်ပွားခြင်း မရှိ စေရေး အတွက် ရောဂါ ဖြစ်ပွားမှု စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားမှု သံသယ ရှိသူ များအား သတ်မှတ်ထား သော ဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပြန့်ပွားမှု ရှိသောနိုင်ငံများမှ မြန်မာနိုင်ငံသို့ ကူးစက်ဝင် ရောက်ပျံ့နှံ့ခြင်း မရှိစေရန် အပြည်ပြည် ဆိုင်ရာလေဆိပ်ဝင်ပေါက်များ၊ ဆိပ်ကမ်းများနှင့် နယ်စပ ဖြတ်ကျော်ဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်လာသော ခရီးသည်များအား ရောဂါဖြစ်ပွား မှုစောင့်ကြပ်ကြည့်ရှု ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကူးစက်မြန်အီဘိုလာရောဂါနှင့်စပ်လျဉ်း၍ ပြည်သူလူထုအား ကျန်းမာရေးပညာပေးခြင်း၊ လိုအပ်သော ကြိုတင်စီစဉ်မှုများကို နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

The Mirror Daily

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.