တရုတ်နိုင်ငံက ကောလိပ်ကျောင်းသားတစ်ဦးဟာ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဒေါ်လာ ၃၀၀၀ ကျော် ရှုံးပြီးနောက် တိုက်ပေါ်က ခုန်ချသတ်သေခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
မျိုးရိုးနာမည် လင်း လို့ ပဲသိရတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ဦးဟာ တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာရှိတဲ့ အဆောက်အဦး ခုနှစ်ထပ်ကနေ ခုန်ချသတ်သေခဲ့တာပါ။
“ ကျွန်တော့်ကို အကျပ်မကိုင်နဲ့ ။ ကျွန်တော့်ကို အချိန်နှစ်ရက်ထပ်ပေး။ ခင်ဗျားငွေတွေကို ကျွန်တော် ပေး မယ်” လို့ ပြောနေတာ ကျွန်တော်ကြားခဲ့တယ်” လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။
“ သူဖုန်းနဲ့ ၁၀ မိနစ်ကျော်လောက်စကားပြောနေခဲ့တယ်။ နောက်သူဖုန်းချပြီး ရပ်နေတယ်။ ချက်ချင်းရုတ်တရက် သူ ခုန်ချသွားတယ်” လို့  သူမ က ထပ်ပြောပြခဲ့ပါတယ်။
လင်း ကို Guangdong ဒေသ၊ Panyu ဆေးရုံကို ချက်ချင်းပို့ ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေက အသက်မ ကယ်နိုင်ခဲ့ဘူး သတင်းစာမှာ ရေးသားထားပါတယ်။
လင်းရဲ့ အခန်းဖော်သူငယ်ချင်းက လင်း ဟာ ယွမ်ငွေ နှစ်သောင်း နီးပါး (ဒေါ်လာ ၃၂၀၀) ကို ကမ္ဘာ့ဖလား ပွဲစဉ် ခုနှစ်ပွဲမှာ ရှုံးနိမ်ခဲ့တယ်လို့ ဆိုပါတယ်။
“ သူ ငွေတော်တော်များများ ချေးလိုက်တယ်လို့ ကျွန်တော်တို့ ကြားတယ်။ အတိုးကလည်း တော်တော်များ တယ်” လို့ ကျောင်းသားက ပြောပြပါတယ်။
အစိုးရလုပ်ကိုင်တဲ့ ကမ္ဘာ့ဖလားနဲ့ ဆက်စပ် လောင်းကစားတွေရဲ့ ၀င်ငွေဟာ စနေနေ့ မှာတင် ယွမ်ငွေ လေး ဘီလီယံ ရှိခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ရောင်းချခဲ့ရတဲ့ ယွမ်ငွေ ၂.၃ ဘီလီယံထက် ၂ ဆ နီးပါး ရှိနေ ပါပြီ။
Angel | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon