လူငယ် ပရိသတ် တော်တော်များများရဲ့ ရင်ဘတ်ထဲကို ၀င်ကြည့်လိုက်ရင် မိစန္ဒီဆိုတဲ့သူမဟာ အချစ်သီချင်း သည်းကွဲသီချင်း တော်တော်များများနဲ့ လွှမ်းမိုးထားနိုင်တာကို တွေ့ရပါတယ်။ အခုဆိုရင်လဲ သူမရဲ့ ၃ခွေမြောက် တေးစီးရီးဖြစ်တဲ့ ပစ်တိုင်း ထောင်အခွေက ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေနဲ့ ဘယ်လောက်ထိ အပေးအယူတည့်မလဲဆိုတဲ့ အကြောင်းနဲ့ သူမရဲ့ ပစ်တိုင်းထောင်ခွေအကြောင်း တီးခေါက်ကြည့်မိသမျှကတော့ မိစန္ဒီ ဒီခွေလေးမှာ အများကြီး ကြိုးစားထားတယ်။
မိုနိုပိုလီခွေထက်လဲ သီချင် အကြောင်းတွေ ပိုပြီးသိလာတယ်။ နားလည်လာတယ်။ ဘယ်လောက် ထိတောင်လဲ ဆိုရင် ကိုယ်နဲ့တူတူလုပ်တဲ့ သူတွေဆို ထွက်တောင်ပြေးချင်နေတယ်။ ကိုသားသားဆိုရင် မိစန္ဒီဖုန်းတောင် မကိုင်တော့ဘူး။ Mixing ဆို လဲ ၄ခေါက်လောက် မိစန္ဒီပြန်ဆွဲတယ်။ ပြင်လွန်းလို့တောင် ဖင်ချွန်းမှာ ကြောက်ရတယ်။ မိစန္ဒီစိတ်လဲ တစ်အားပူတယ်။ ကိုယ်ရေးထားတဲ့သီချင်းက ၁၀ပုဒ်လောက်ပါတော့ ထပ်မှာတို့တစ်ခုခုဖြစ်မှာတို့အရမ်းလဲစိတ်ပူတယ်။
အရမ်းလဲကြိုးစားထားပါတယ်။ တေးရေးတွေအနေနဲ့ကတော့ စိုးကြီး၊ ဘန်နီဖြိုး၊ သားသား၊ ရဲရင့်အောင်၊ Xbox၊ ထက်ထက်တို့ပေါ့နော်။ Featuring တွေအနေနဲ့ကတော့ စိုးကြီး၊ ရဲရင့်အောင်၊ ဟိဏ်းသစ်၊ X box ၊နီနီခင်ဇော်၊ ထက်ထက်နဲ့ မိစန္ဒီရဲ့ညီမ မိခတ္တာတို့ပါ။ ကျေးကျွန်ကလဲ မိစန္ဒီရေးထားတာပါ။
ပြောရမယ်ဆိုရင် ပစ်တိုင်းထောင် တစ်ခွေလုံးက မိစန္ဒီရဲ့ ခံစားချက်တွေချည်းပါပဲ။ အချစ်တွေရော၊ အလွမ်းတွေရော၊ အမုန်းတွေရောအကုန်ပါတယ်။ ပစ်တိုင်းထောင်ဆိုတာ ဘ၀သီချင်းလေးပါ။ ပစ်တိုင်းထောင်ဆိုတာ မိစန္ဒီရဲ့ ပုံရိပ်လေးလိုပါပဲ။ အကောင်းဆုံးတော့ ကြိုးစားထားတယ်။
မိစန္ဒီနဲ့တွဲလုပ်သမျှသူတွေအားလုံးစိတ်ရှည်တယ်။ မိစန္ဒီနားညည်းသမျှတွေခံပြီး သေချာလေး လုပ်ပေးထား တယ်။ ပေါက်တာမပေါက်တာကတော့ ပရိသတ်ရဲ့ တုန့်ပြန်မှုပါပဲ။ ခုဒီအခွေနဲ့ပတ်သတ်တဲ့စိတ်လှုပ်ရှား မှုက အရမ်းကြီးတယ်။ အိပ်လို့လဲမပျော်ဘူး။ ရက်နီးလာလေကြောက်လေပဲ။ ရှေ့မှာက ကိုလွှမ်းပိုင်လဲ ထွက်ထားတယ်။ အေသင်လဲ ထွက်မယ်၊ နီနီလဲထွက်မယ်ဆိုတော့ အခွေတွေများပြုံနေရင် ပရိသတ်တွေ အတွက် အူသွားမလားပေါ့လေ။
ဒါပေမဲ့လဲ ပြီးလဲပြီးနေပြီဆိုတဲ့အတွက် ထွက်လိုက်တာ။ ဒီအခွေထဲမှာ ပရိသတ်နဲ့အပေးအယူတည့်မယ့် သီချင်းဆိုရင် ကျေးကျွန်ကတော့ နားထောင်တာနဲ့စွဲမယ်။ နီနီနဲ့ဆိုထားတာပေါ့။ နောက်ပြီးသွားတော့ ရစ်လုံး အဲသီချင်းလေးဆိုလဲ ကောင်မလေးတွေ ကြိုက်ကြမယ်လို့ ထင်တယ်။ ရစ်တတ်တဲ့ ရည်းစား အကြောင်း ဆိုထားတာပေါ့။ နောက်ပြီးတော့ ရဲရင့်အောင်နဲ့ဆိုထားတဲ့ဆုတောင်းဆိုတာကျတော့ ခုခေတ်မှာ ဆုတောင်းလေဆိုတဲ့ ဗန်းစကားခေတ်စားနေတော့ ပရိသတ်တွေတွက် ထည့်ပေးထား တယ်။ နောက်ပြီးတော့ ထက်ထက်နဲ့ ဆိုထားတဲ့ သီချင်းဆိုလဲ အရမ်းမြူးတယ်။ ပရိသတ်ကြိုက်နိုင်တယ်။
ဒီခွေမထွက်ခင် တင်ပေးမယ်ဆိုတဲ့ အမ်တီဗီတစ်ဝက်ကလဲ တင်လို့မရသေးဘူး။ ဒါရိုက်တာကလဲ ဘရာဇီးရောက်သွားပြီ။ အဲဒါအစား ပရိုမိုအနေနဲ့ documentary ပုံစံလေးတစ်ခုရိုက်ထားပါတယ်။ အဲဒါလေး ထွက်လာမှာပါ။ အဲ့ခါကျရင် Youtube မှာတင်မယ်။ share ပေးကြပါလို့လဲပြောချင်ပါတယ်။ မိစန္ဒီရဲ့ ဘ၀အစအဆုံးကို ရိုက်ထားတာပါ။ ပရိုမိုးရှင်းအနေနဲ့ကတော့ ၂၉ရက်နေ့ နေ့လည်၃နာရီမှာ Junction Square မှာလက်မှတ်ထိုးရောင်းချသွားပါမယ်။ ပရိသတ်တွက် လက်ဆောင်ကတော့ ပစ်တိုင်းထောင် သရဖူပန်းရောင်လေးပုံပါတဲ့ ဦးထုပ် အလုံး ၁၀၀ကို အရင်ဝယ်တဲ့ ပရိသတ်၁၀၀အတွက် လက်ဆောင်ပေး သွားမှာပါ။ အဲဒါကြောင့်စောစောလာပြီးအားပေးကြပါ”လို့ သူမက ပြောပြခဲ့ပါတယ်။
ခင်ဆွေသက် | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon