နာဇီပုံစံအခင်းအကျင်းနဲ့ စားသောက်ဆိုင်ကို အင်ဒိုနီးရှားမှာ ပြန်လည်ဖွင့်လှစ်


ဝေဖန်အငြင်းပွားစရာ နာဇီပုံစံဆိုင်အခင်းအကျင်းနဲ့ ကော်ဖီဆိုင်ကို နိုင်ငံတကာက ၀ိုင်းဝန်ပြစ်တင်ရှုတ်ချ မှုတွေ ခံခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ဆိုင်ပြန်မဖွင့်ခင် နာဇီအမှတ်အသားစကြာပုံကိုတော့ ဖယ်ရှားပစ်ဖို့ ပိုင်ရှင်က ကတိပြုခဲ့ပေမယ့် လွန်ခဲ့တဲ့ အပတ်က ဆိုင်ပြန်ဖွင့်ပြီးမှာတော့ ဆွာစတြိက အမှတ်အသားကို အထင်းသားကြီးတွေ့ နိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့ မှာ ဖွင့်လှစ်ခဲ့တဲ့ SlodatenKaffee စားသောက်ဆိုင်ဖွင့်ပွဲကို တက်ရောက် လာသူတွေဟာ နာဇီ စစ်ယူနီဖောင်းတွေ ၀တ်ဆင်ပြီး တက်ရောက်ခဲ့သလို တစ်ချို့ ကလည်း စစ်အကျဉ်း သားဝတ်စုံတွေနဲ့  တက်ရောက်ခဲ့ကြပါတယ်။

“ ကျွန်တော်တို့ မှာ ဥရောပတစ်ခွင့်က ဖောက်သည်တွေအများကြီးရှိပါတယ်။ ဒုတိယကမ္ဘာစစ်ပုံစံ အခင်းအကျင်းနဲ့ ပတ်သတ်လို့ လည်း သူတို့ အတွက် ပြဿနာမရှိပါဘူး။ သမိုင်းကြောင်းဆိုင်ရာရှုထောင့် အနေနဲ့ ပဲ ကြည့်ကြပါတယ်” လို့ ပိုင်ရှင် Henry Mulyana က ပြောပြပါတယ်။

ကဖေးဆိုင်ပိုင်ရှင်ဟာ ဆိုင်နံရံမှာလည်း နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာရဲ့ အဆိုအမိန့် တွေကို ဟစ်တလာရဲ့ ပုံတူပန်းချီကားတွေနဲ့ အတူ ရေးခြယ် ထားမြဲပါပဲ။

စားသောက်ဆိုင် အနှံ့ မှာလည်း နံပါတ် ၈၈ ကို တွေ့ နိုင်ပါသေးတယ်။ ဒီနံပါတ်ကို ဖက်ဆစ်လက်သစ်တွေက အသုံးပြုကြပြီး “ဟစ်တလာကို ချီးမြှောက်ကြ” ဆိုတဲ့ စာသားကို ကိုယ်စားပြုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဂျူးလူထုဟာ အရမ်းနည်းပြီး အရှေ့  တောင်အာရှနိုင်ငံ အင်ဒိုနီးရှားမှာ လူမျိုးတုန်းသတ်ဖြတ်မှု Holocaust အကြောင်း ဗဟုသုတခေါင်းပါးမှုအတွက် ပညာရေးညံ့ဖျင်းမှုကိုပဲ လူအများစုက အပြစ်တင်ကြပါတယ်။



Angel | Trend Myanmar
Previous
Next Post »
Powered by Blogger.