အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ စင်္ကာပူနိုင်င့တွေမှာ ကောလိပ်တက္ကသိုလ်ပညာ သင်ကြားလိုသူတွေ အတွက် နိုင်ငံတကာ ပညာရေးစနစ်တွေကို သိဖို့ ရန်ကုန်မှာ Global Education Fair 2014 ကို ပြုလုပ်ခဲ့ပါ တယ်။ မြန်မာပြည်ပညာရေးစနစ်က လမ်းမှားနေလို့လား။
မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်ဆိုပေမယ့် ပြုပြင်ပြောင်းရေး လုပ်ဆောင်မယ့် သူတွေကိုအစိုးရက လမ်းကြောင်းချပြီး မူဝါဒချပေးနေတာကြောင့် လမ်းမှားနေတယ်လို့ Crown Education က ပြောပါတယ်။ မြန်မာပြည်ပညာရေးအတွက် လုပ်သာလုပ်နေရတယ် အရာမထင်ဘူးလို့လည်း ဆိုပါ တယ်။
ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပတဲ့ ဒီပညာရေးပွဲတော်ကို မြန်မာလူငယ် ၅ဝဝလောက် တက်ရောက်ခဲ့ပါတယ်။ ဒီပွဲတော်မှာ နိုင်ငံတကာတက္ကသိုလ်တွေမှာ တက်ရောက်နိုင်မယ့် ဘာသာရပ် ရွေး ချယ်မှုနဲ့ ပညာရေးစနစ်ကို အခမဲ့ ရှင်းလင်းပြောဆိုမှာလို့ ဆိုပါတယ်။
နိုင်ငံတကာ ကျောင်းသားတွေဟာ အချင်းချင်း ပြိုင်ဆိုင်မှုများပြီး မြန်မာပြည်နဲ့နှိုင်းယှဉ်ရင် ရည်ရွယ်ချက်နဲ့ ခံယူချက် ကွာခြားတာကြောင့် ပညာရေးကွာခြားချက် အဓိကကျနေတယ်လို့ Westminster တက္ကသိုလ် က အော်စကာမောင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ဆယ်တန်းမအောင်လည်း နိုင်ငံတကာမှာ ပညာဆက်သင်နိုင်တဲ့ အခွင့်အလမ်းတွေကို လည်း ထည့်သွင်းဆွေးနွေးမှာဖြစ်လို့ အကျိုးရှိမှာပါလို့ ပြောပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon