ချစ်ခဲ့ဖူးသမျှ တေးအယ်ဘမ်နဲ့ ဆယ်ကျော်သက်တွေကြား အားပေးမှုရနေတဲ့ အဆိုတော် ပိုပိုက သူကိုယ် တိုင် အသည်းကွဲခဲ့လို့ အဲဒီခွေထဲမှာ သီချင်း ၅ပုဒ်တောင် ရခဲ့တာပါလို့ ဆိုလာပါတယ်။ မကြာခင်မှာ ဒုတိယမြောက် တေးအယ်လ်ဘမ် ထွက်တော့မှာဖြစ်ပြီး သူကြိုက်တဲ့ကောင်လေးအကြောင်း စပ်ဆို ထားပါသတဲ့။
“တစ်ယောက်နဲ့တစ်ယောက် ချစ်တာချင်းတော့ မတူဖူးပေါ့နော်။ ညီမအနေနဲ့ကတော့ အချစ်ဆိုတာ စိတ်မပင်ပန်းဘူးဆိုရင် ကိုယ့်ဖက်က ချစ်နေဖို့ပဲလိုတယ်လို့ ထင်တယ်။ ညီက အချစ်ရေးမှာ ကံမကောင်း ဘူး။ အဲဒီလို အသည်းကွဲတဲ့အတွက်လည်း ချစ်ဖူးသမျှမှာ သီချင်း ၄-၅ပုဒ်လောက် ရေးဖြစ်ခဲ့တယ်”လို့ ပိုပိုက ပြောပါတယ်။
ဒုတိယမြောက် သီချင်းအယ်လ်ဘမ်ထဲမှာ ကျွန်မချစ်သူဆိုတဲ့ သီချင်းလေးက သူကြိုက်တဲ့ကောင်လေး တစ်ယောက်အကြောင်းပါလို့ ကြိုတင်ဖောက်သည်ချထားပါတယ်။ “ကိုယ်ကြိုက်တဲ့ ကောင်လေးက ပါးမှာ ပါးချိုင့်လေးပါတယ်။ ရိုးရိုးအေးအေးလေးပေါ့။ ကောင်လေးကို မိန်းကလေးဖက်က နင့်ရဲ့အမေဆီကို လာတောင်းမယ်ဆိုပြီး ဟာသပုံစံလေးရေးထားတယ်။
အဲဒီကောင်လေးက အပြင်မှာလည်း တကယ်ရှိတယ်”သူ့ရဲ့ ပထမအယ်လ်ဘမ်မှာလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားသလို လာမယ့် ဒုတိယခွေမှာလည်း ကိုယ်တိုင် သီချင်းတွေရေးထားသလို Music Video အတွက် ကိုယ်တိုင်လည်း သရုပ်ဆောင်ထားပါတယ်လို့ ပြောပါတယ်။
(ချို – Free Wings)
Sign up here with your email
ConversionConversion EmoticonEmoticon