ကော်ဖီအဖျော်ပြိုင်ပွဲ ကျင်းပတာ မြန်မာပြည်မှာ ကော်ဖီတွေ ပိုသောက်လာကြလို့လား


ကော်ဖီဖျော်တဲ့ နည်းပညာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ Myanmar Barista Championship 2014 ကို ရန်ကုန်မှာ ဇွန် ၁၉ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြန်မာတွေ လက်ဖက်ရည်ထက် ကော်ဖီကို ပိုပြီး သောက်လာကြပြီလား။

ပြီးခဲ့တဲ့ ၄-၅နှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ ကော်ဖီယဉ်ကျေးမှု လူတွေကြားထဲ ပျံ့နှံ့လာ တာကြောင့် ကော်ဖီကို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးရတဲ့ အနေအထားကို ရောက်လာတာကြောင့် ဒီပြိုင်ပွဲ ကျင်းပရတာလို့ ဦးဇော်ဖေက ပြောပါတယ်။

မြန်မာပြည်မှာ ပထမဆုံးကျင်းပနေတဲ့ Food & Hotel Myanmar 2014 ပြပွဲရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဇွန် ၁၉ရက်မှာ ကော်ဖီဖျော်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ ဟိုတယ်နဲ့ ကော်ဖီဆိုင်တွေက ကော် ဖီဖျော်သူ ၁၃ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ချန်ပီယံဆုနဲ့ ပထမ၊ ဒုတိယဆိုပြီး ဆု ၃ဆုကိုလည်း ချီးမြှင့် ခဲ့ပါတယ်။

ဆိုင်မှာ ကော်ဖီဖျော်ပေးရတာနဲ့ ပြိုင်ပွဲ အနေအထားတွေ မတူညီဘဲ ကွဲပြားနေတယ်လို့ Neo ကော်ဖီဆိုင်က ကိုကျော်စွာသိန်းက ပြောပါတယ်။ သူဟာ ပထမဆုံး ချန်ပီယံဆုကို ရရှိခဲ့ပေမယ့် နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေ ဝင်ရောက်ဖို့အတွက် အများကြီး ကြိုးစားရမယ်လို့ ဆိုပါတယ်။



kamayutmedia.

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.