Zawgyi ျဖင့္ဖတ္ရန္
ေၾကာက္စရာေကာင္းတဲ့ ကမာၻ႔ရာသီဥတုအေျပာင္းအလဲေၾကာင့္ ကမာၻ႔အႀကီးဆုံးနဲ႔ အလွဆုံး ဧရာမေရတံခြန္ႀကီးေတြထဲက တစ္ခုျဖစ္တဲ့ ဗစ္တိုးရီးယားေရတံခြန္ႀကီးဟာ ေရေတြခမ္းေျခာက္ၿပီး အ႐ိုးအၿပိဳင္းၿပိဳင္းက်ေနတဲ့ ေက်ာက္ေဆာင္ေက်ာက္သားေတြကို အက်ည္းတန္စြာျမင္ေတြ႕ေနရပါၿပီ။
ဗစ္တိုးရီးယားေရတံခြန္ဟာ အာဖရိကေတာင္ပိုင္းမွာရွိတဲ့ ဇမ္ဘီဇီျမစ္ႀကီးထဲကေန စီးဆင္းလာတာျဖစ္ပါတယ္။ ကမာၻ႔အလွအပဆုံး သဘာဝေနရာတစ္ခုအျဖစ္ စာရင္းဝင္ၿပီး ႏိုင္ငံျခားသားခရီးသည္ေတြ အၿမဲလိုလို အမ်ားအျပား လာေရာက္ၾကည့္ရႈလည္ပတ္ၾကတဲ့ သဘာဝအလွရႈခင္းေနရာလည္းျဖစ္ပါတယ္။
ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဇမ္ဘီဇီျမစ္ေရေတြ ခမ္းေျခာက္လာၿပီး ယခင္ကလိုေရေတြ မစီးဆင္းႏိုင္ေတာ့တဲ့အတြက္ ေရတံခြန္ႀကီးက အက်ည္းတန္ေနတာကို ေတြ႕ျမင္ရပါတယ္။ ယခင္ႏွစ္ေတြထဲက ေရစီးဆင္းမႈေတြ သိသိသာသာေလွ်ာ့နည္းလာၿပီး ေဒသခံေတြအေနနဲ႔ အခုလိုအျဖစ္မ်ိဳး တစ္ခါမွ မႀကဳံေတြ႕ခဲ့ရဖူးဘူးလို႔ ဆိုပါတယ္။
ကမာၻ႔ရာသီဥတု အဆိုးပိုင္းကို ေျပာင္းလဲလာေနျခင္းဟာ ေဒသခံေတြရဲ႕ ခရီးသြားစီးပြားေရးလုပ္ငန္းေတြကို ၿခိမ္းေျခာက္ေနတဲ့အတြက္ စိုးရိမ္ပူပန္မႈေတြ ရွိေနပါတယ္။
ဒါ့အျပင္ ဇင္ဘာေဘြနဲ႔ ဇမ္ဘီးယားႏိုင္ငံေတြဟာ ဇမ္ဘီဇီျမစ္ရဲ႕ ေရအားကေန လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ၾကတဲ့အတြက္ အခုဆိုရင္ လွ်ပ္စစ္မီးျပတ္ေတာက္မႈဒဏ္ကို ဆိုး႐ြားစြာခံေနၾကရပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
ရာသီဥတုအပြောင်းအလဲကြောင့် ကမ္ဘာ့အကြီးဆုံးရေတံခွန်ကြီး ခြောက်ခမ်းနေ
ကြောက်စရာကောင်းတဲ့ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် ကမ္ဘာ့အကြီးဆုံးနဲ့ အလှဆုံး ဧရာမရေတံခွန်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယားရေတံခွန်ကြီးဟာ ရေတွေခမ်းခြောက်ပြီး အရိုးအပြိုင်းပြိုင်းကျနေတဲ့ ကျောက်ဆောင်ကျောက်သားတွေကို အကျည်းတန်စွာမြင်တွေ့နေရပါပြီ။
ဗစ်တိုးရီးယားရေတံခွန်ဟာ အာဖရိကတောင်ပိုင်းမှာရှိတဲ့ ဇမ်ဘီဇီမြစ်ကြီးထဲကနေ စီးဆင်းလာတာဖြစ်ပါတယ်။ ကမ္ဘာ့အလှအပဆုံး သဘာဝနေရာတစ်ခုအဖြစ် စာရင်းဝင်ပြီး နိုင်ငံခြားသားခရီးသည်တွေ အမြဲလိုလို အများအပြား လာရောက်ကြည့်ရှုလည်ပတ်ကြတဲ့ သဘာဝအလှရှုခင်းနေရာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဇမ်ဘီဇီမြစ်ရေတွေ ခမ်းခြောက်လာပြီး ယခင်ကလိုရေတွေ မစီးဆင်းနိုင်တော့တဲ့အတွက် ရေတံခွန်ကြီးက အကျည်းတန်နေတာကို တွေ့မြင်ရပါတယ်။ ယခင်နှစ်တွေထဲက ရေစီးဆင်းမှုတွေ သိသိသာသာလျှော့နည်းလာပြီး ဒေသခံတွေအနေနဲ့ အခုလိုအဖြစ်မျိုး တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ရာသီဥတု အဆိုးပိုင်းကို ပြောင်းလဲလာနေခြင်းဟာ ဒေသခံတွေရဲ့ ခရီးသွားစီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ဇင်ဘာဘွေနဲ့ ဇမ်ဘီးယားနိုင်ငံတွေဟာ ဇမ်ဘီဇီမြစ်ရဲ့ ရေအားကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ကြတဲ့အတွက် အခုဆိုရင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ဆိုးရွားစွာခံနေကြရပါတယ်။
Credit: popolay
Sign up here with your email
ConversionConversion EmoticonEmoticon