Zawgyi ျဖင့္ဖတ္ရန္
တင္ဇာေမာ္နဲ႔ ေခ်ာစုခင္တို႔ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္ကေတာ့ ႏွစ္ေပါင္း ၂၀ ရွိခဲ့ၿပီလို႔ သိရပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း ပြင့္ပြင့္လင္းလင္းပဲလို႔ ဆိုပါတယ္။တင္ဇာေမာ္နဲ႔ ေခ်ာစုခင္တို႔ကေတာ့ ဆယ္စုႏွစ္ေက်ာ္အထိ ေအာင္ျမင္ေနတဲ့ အဆိုေတာ္ေတြျဖစ္ပါတယ္။ သူတို႔ ႏွစ္ေယာက္ကလည္း ညီအစ္မအရင္းေတြလိုပဲ ခ်စ္ခ်စ္ခင္ခင္ရွိတာ ေတြ႕ရပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခင္လာတာ အခုဆိုရင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ၿပီလို႔ တင္ဇာေမာ္က မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။
“ အစ္မတို႔ ႏွစ္ေယာက္ ခင္တာက ၾကာၿပီ အဆိုေတာ္ တစ္သက္ပဲ။ အစ္မက အဆိုေတာ္ သက္တမ္း ၂၃ ႏွစ္၊ သူက ၂၁ ႏွစ္၊ သူ အဆိုေတာ္ စျဖစ္ကတည္းက အစ္မတို႔ ခင္ခဲ့ၾကတာဆိုေတာ့ အခုဆိုရင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ၿပီေပါ့။ ၂၀၀၀ ခုႏွစ္ေလာက္ကတည္းက ခင္ၾကတာေလ” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၃ ရက္ေန႔က “တိမ္ေတြေပၚက ပန္း”႐ုပ္ရွင္ဇာတ္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
ေခ်ာစုခင္ဟာ တင္ဇာေမာ္နဲ႔ ရန္ျဖစ္လိုက္ ျပန္ေခၚလိုက္ပါပဲ လို႔ ဆိုပါတယ္။ သူငယ္ခ်င္းသံေယာဇဥ္ ႏွစ္ ၂၀ အၾကာမွာ ရွိခဲ့တဲ့ အမွတ္တရေတြကိုလည္း ေခ်ာစုခင္က ျပန္လည္ေျပာျပလာပါတယ္။“ ႏွစ္ေပါင္းမ်ားစြာ ခင္မင္မႈ သက္တမ္းမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ျဖတ္လိုက္၊ သတ္လိုက္၊ ရန္ျဖစ္လိုက္၊ ခ်စ္လိုက္၊ ျပန္တည့္လိုက္ပဲေပါ့။ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းကို လြန္လြန္က်ဴးက်ဴးနဲ႔ နာက်င္ေအာင္ မေျပာဘူး။ ေျပာစရာရွိရင္ေျပာတယ္။ သူလည္း ေျပာတယ္၊ ကြၽန္မလည္း ေျပာတာပဲ” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။
အဆိုေတာ္ ေခ်ာစုခင္ကေတာ့ ၂၀၀၀ ခုႏွစ္မွာ စုံတြဲသီခ်င္းေတြ သီဆိုရင္း ဂီတေလာကထဲကို စတင္ဝင္ ေရာက္လာတာပါ။ အသံပါဝါအား ေကာင္းတဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက ပိုၿပီး သတိထားမိခဲ့ၾကပါတယ္။ တစ္ကိုယ္ေတာ္အေခြေပါင္းမ်ားစြာလည္း ထြက္ရွိခဲ့သလို တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကိုလည္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ အတြင္းက က်င္းပျပဳလုပ္ခဲ့ပါတယ္။အဆိုေတာ္ တင္ဇာေမာ္ကေတာ့ ၁၉၉၅ ခုႏွစ္က စၿပီးေတာ့ ဂီတအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူ တစ္ေယာက္ပါ။ ဂီတပညာရွင္ႀကီး ဦးေစာႏုဆီမွာ ဂီတပညာရပ္ကို သင္ၾကားရင္း အဆိုေတာ္ ေတာ္တစ္ေယာက္ျဖစ္လာတာလို႔လည္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။ တစ္ကိုယ္ေတာ္အေခြေတြ၊ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ အခုလက္ရွိမွာေတာ့ Myanmar Idol (Season 1) ကေန Season-4 အထိ အကဲျဖတ္ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ေနတာ ေတြ႕ရပါတယ္။
share from:burmese.asia
Unicode ဖြင့်ဖတ်ရန်
နှစ် ၂၀ ကြာ သူငယ်ချင်းသံယောဇဉ်တွေကို ဖွင့်ပြောလာတဲ့ တင်ဇာမော်နဲ့ ချောစုခင်
တင်ဇာမော်နဲ့ ချောစုခင်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကတော့ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီလို့ သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ပွင့်ပွင့်လင်းလင်းပဲလို့ ဆိုပါတယ်။တင်ဇာမော်နဲ့ ချောစုခင်တို့ကတော့ ဆယ်စုနှစ်ကျော်အထိ အောင်မြင်နေတဲ့ အဆိုတော်တွေဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကလည်း ညီအစ်မအရင်းတွေလိုပဲ ချစ်ချစ်ခင်ခင်ရှိတာ တွေ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်လာတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီလို့ တင်ဇာမော်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ အစ်မတို့ နှစ်ယောက် ခင်တာက ကြာပြီ အဆိုတော် တစ်သက်ပဲ။ အစ်မက အဆိုတော် သက်တမ်း ၂၃ နှစ်၊ သူက ၂၁ နှစ်၊ သူ အဆိုတော် စဖြစ်ကတည်းက အစ်မတို့ ခင်ခဲ့ကြတာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့။ ၂၀၀၀ ခုနှစ်လောက်ကတည်းက ခင်ကြတာလေ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တိမ်တွေပေါ်က ပန်း”ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ချောစုခင်ဟာ တင်ဇာမော်နဲ့ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်ပါပဲ လို့ ဆိုပါတယ်။ သူငယ်ချင်းသံယောဇဉ် နှစ် ၂၀ အကြာမှာ ရှိခဲ့တဲ့ အမှတ်တရတွေကိုလည်း ချောစုခင်က ပြန်လည်ပြောပြလာပါတယ်။“ နှစ်ပေါင်းများစွာ ခင်မင်မှု သက်တမ်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဖြတ်လိုက်၊ သတ်လိုက်၊ ရန်ဖြစ်လိုက်၊ ချစ်လိုက်၊ ပြန်တည့်လိုက်ပဲပေါ့။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းကို လွန်လွန်ကျူးကျူးနဲ့ နာကျင်အောင် မပြောဘူး။ ပြောစရာရှိရင်ပြောတယ်။ သူလည်း ပြောတယ်၊ ကျွန်မလည်း ပြောတာပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
အဆိုတော် ချောစုခင်ကတော့ ၂၀၀၀ ခုနှစ်မှာ စုံတွဲသီချင်းတွေ သီဆိုရင်း ဂီတလောကထဲကို စတင်ဝင် ရောက်လာတာပါ။ အသံပါဝါအား ကောင်းတဲ့ အဆိုတော် တစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့ကြပါတယ်။ တစ်ကိုယ်တော်အခွေပေါင်းများစွာလည်း ထွက်ရှိခဲ့သလို တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ကိုယ်တော်အခွေတွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။
share from:burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon