ဆင္းရဲသူေတြအတြက္ ေဒၚလား သန္း ၁၀၀ နီးပါး လႉဒါန္းခဲ့တဲ့ ကမာၻ႔အခ်မ္းသာဆုံး လူသား




Zawgyi ျဖင့္ဖတ္ရန္

ကမာၻ႔ နံပါတ္ ၁အခ်မ္းသာဆုံးလူျဖစ္တဲ့ Jeff Bezos ဟာ ေဒသ ၂၃ခုမွာရွိတဲ့ အိမ္ေျခရာမဲ့ေတြကို ကူညီဖို႔ အဖြဲ႕အစည္း ၃၂ခုကို ေဒၚလာ 98.5 သန္းလႉဒါန္းခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။



သူဟာ Amazon ရဲ႕တည္ေထာင္သူနဲ႔ ဥကၠဌျဖစ္ၿပီး သူ႔ရဲ႕ေငြေၾကးေတြကို လႉဒါန္းရာမွာ အိမ္ေျခရာမဲ့ေတြအတြက္ ရန္ပုံေငြထူေထာင္ေပးျခင္းနဲ႔ ႏိုင္ငံတစ္ဝွမ္း မူႀကိဳေက်ာင္းမ်ားတည္ေထာင္ျခင္းမွာ အာ႐ုံစိုက္ထည့္ဝင္လ်က္ရွိပါတယ္။




ေၾကညာခ်က္မ်ားအရ သူဟာ Amazon ရဲ႕ရွယ္ယာ56,702 ခုကို အက်ိဳးအျမတ္မယူဘဲလုပ္ေဆာင္တဲ့ ပရဟိတအဖြဲ႕အစည္းေတြကို လႉဒါန္းခဲ့တာျဖစ္ၿပီး ထိုရွယ္ယာေတြဟာ ေဒၚလာ ၉၉သန္းတန္ဖိုးရွိတယ္လို႔ သိရပါတယ္။

မႏွစ္ကလည္း Bezos ဟာ ေဒသ ၁၆ခုက အိမ္ေျခရာမဲ့ေတြအတြက္ $97.5 million ကို အဖြဲ႕အစည္း ၂၄ခုမွတစ္ဆင့္ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

Writer -LLA ( Shwe Yaung Lan )



Unicode ဖြင့်ဖတ်ရန်

ဆင်းရဲသူတွေအတွက် ဒေါ်လား သန်း ၁၀၀ နီးပါး လှူဒါန်းခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး လူသား


ကမ္ဘာ့ နံပါတ် ၁အချမ်းသာဆုံးလူဖြစ်တဲ့ Jeff Bezos ဟာ ဒေသ ၂၃ခုမှာရှိတဲ့ အိမ်ခြေရာမဲ့တွေကို ကူညီဖို့ အဖွဲ့အစည်း ၃၂ခုကို ဒေါ်လာ 98.5 သန်းလှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



သူဟာ Amazon ရဲ့တည်ထောင်သူနဲ့ ဥက္ကဌဖြစ်ပြီး သူ့ရဲ့ငွေကြေးတွေကို လှူဒါန်းရာမှာ အိမ်ခြေရာမဲ့တွေအတွက် ရန်ပုံငွေထူထောင်ပေးခြင်းနဲ့ နိုင်ငံတစ်ဝှမ်း မူကြိုကျောင်းများတည်ထောင်ခြင်းမှာ အာရုံစိုက်ထည့်ဝင်လျက်ရှိပါတယ်။

ကြေညာချက်များအရ သူဟာ Amazon ရဲ့ရှယ်ယာ56,702 ခုကို အကျိုးအမြတ်မယူဘဲလုပ်ဆောင်တဲ့ ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့တာဖြစ်ပြီး ထိုရှယ်ယာတွေဟာ ဒေါ်လာ ၉၉သန်းတန်ဖိုးရှိတယ်လို့ သိရပါတယ်။

မနှစ်ကလည်း Bezos ဟာ ဒေသ ၁၆ခုက အိမ်ခြေရာမဲ့တွေအတွက် $97.5 million ကို အဖွဲ့အစည်း ၂၄ခုမှတစ်ဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )

Previous
Next Post »
Powered by Blogger.