




Zawgyi ဖြင့်ဖတ်ရန်



















Unicode ဖြင့်ဖတ်ရန်

ဆယ်ကျော်သက် ၈ ယောက်ကိုသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့သူရဲ့ အဖြစ်မှန်


၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆယ်ကျော်သက်၈ယောက်သေဆုံးခဲ့တဲ့ မတော်တဆမှုမှာ အမှုဖွင့်ခံရတဲ့ အသက်၂၄နှစ်အရွယ်အမျိုးသမီးက တရားရုံးမှာ အယူခံဝင်ခဲ့ပါတယ်။
၂၀၁၇ခုနှစ်က ထိုအမျိုးသမီးဟာ မနက်၃နာရီအချိန်ဟိုင်းဝေးလမ်းမပေါ်ကားမောင်းလာရာမှ လမ်းမပေါ်စက်ဘီးစီးနေတဲ့ ဆယ်ကျော်သက်တွေကို တိုက်မိခဲ့ပြီး ၈ဦးဒဏ်ရာရကာ ၈ဦးသေဆုံးခဲ့ပါတယ်။


ထိုအဖြစ်အပျက်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရာမှာ ကားနဲ့တိုက်သတ်မိတဲ့အမျိုးသမီးဟာ မူးယစ်ဆေးသုံးစွဲထားခြင်း ကားမောင်းနေစဉ်ဖုန်းသုံးစွဲခြင်းမရှိတဲ့အပြင်အရက်သောက်ထားခြင်းလည်းမရှိဘူးလို့ စစ်ဆေးတွေ့ရှိပါတယ်။



ဒီအမှုနဲ့ပတ်သတ်ပြီး အင်တာနက်သုံးစွဲသူတွေကတော့ မနက်၃နာရီအချိန်ကြီး ကလေးတွေကို စက်ဘီးပေးစီးတာ မဖြစ်သင့်ဘူးလို့ဝေဖန်နေကြပါတယ်။

ထိုအမျိုးသမီးကတော့ သူဟာကားမောင်းလာရာမှာ အရက်မသောက်ထားတဲ့အပြင်ထိုင်ခုံခါးပတ်ကိုတောင်ပတ်ခဲ့ပါသေးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။



စုံစမ်းရေးဘက်ကလည်း အခင်းဖြစ်ပွားရာနေရာဟာ သစ်ပင်ကြီးကွယ်နေပြီး အလင်းမှိန်နေတာကြောင့်ကားမောင်းသူအတွက်ရှေ့ကိုရှင်းလင်စွာ မမြင်နိုင်ဘူးဆိုတဲ့အချက်ကိုထောက်ပြခဲ့ပါတယ်။ တရားရုံးဘက်ကလည်း မနက်ခင်း ၃နာရီကြီး လမ်းမပေါ်စက်ဘီးနင်းလာတဲ့ ဆယ်ကျော်သက်တွေဟာ သူ့အန္တရာယ်သူဖန်တီးသလိုဖြစ်နေတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားနေတယ်လို့သိရပါတယ်။



ဒီအမှုကို ၂၀၁၇ခုနှစ်မတ်လ ၂၈ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့်တရားခံဘတ်က အယူခံဝင်ကာ ပြန်လည်ချေပခဲ့တယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )


Previous
Next Post »
Powered by Blogger.