Zawgyi ျဖင့္ဖတ္ရန္
လူေတြဟာ သဘာဝကေပးတဲ့ အလွတရားေတြနဲ႔ ေက်နပ္တင္းတိမ္ႏိုင္ျခင္းမရွိပဲ ကိုယ့္စိတ္ကူးထဲက ပုံစံအတိုင္းျဖစ္ေအာင္ ေခတ္မီနည္းပညာေတြသုံးၿပီး မ်က္ႏွာေပၚက ေနရာအႏွံ႔ကို ခြဲစိတ္ျပဳျပင္လာခဲ့ၾကတာ ဆယ္စုႏွစ္ပင္ အေတာ္ၾကာေနခဲ့ၿပီျဖစ္ပါတယ္။
မ်က္ႏွာခြဲစိတ္ျပဳျပင္မႈ ရင္သားခြဲစိတ္ျပဳျပင္မႈ စတာေတြၿပီးေတာ့ အခုေနာက္ဆုံး ေခတ္စားေနတာက မာရ္နတ္သမီးရဲ႕ ႏႈတ္ခမ္းတစ္စုံလို႔ အမည္ေပးထားတဲ့ ငရဲမင္းပုံစံ ထူးျခားတဲ့ လႈိင္းတြန႔္ႏႈတ္ခမ္းဒီဇိုင္းျဖစ္ပါတယ္။ ဒီေရာဂါဟာ ႐ုရွားႏိုင္ငံက စတင္ခဲ့ၿပီး အခုဆိုရင္ ဥေရာပတခြင္ပ်ံ႕ႏွံ႔ကာ ယူေကထိေအာင္ ကူးစက္လာခဲ့ပါၿပီ။
သဘာဝအတိုင္းမဟုတ္ပဲ ႏႈတ္ခမ္းသားထဲကို filler လို႔ေခၚတဲ့ အရည္တစ္မ်ိဳးထိုးသြင္းၿပီး လိုသလိုပုံေဖာ္ထားတာျဖစ္လို႔ အလြန္အႏၲရာယ္ႀကီးတယ္လို႔ ကြၽမ္းက်င္သူေတြက သတိေပးလိုက္ပါတယ္။
လန္ဒန္အေျခစိုက္ မ်က္ႏွာနဲ႔ သြားအလွျပျပင္ေရးဆရာဝန္ Dr Krystyna က သဘာဝတိုင္း ႏႈတ္ခမ္းေတြကို အခုလို ေျပာင္းလဲလို႔ မရဘူးလို႔ဆိုပါတယ္။ ႏႈတ္ခမ္းသားေကာက္ေၾကာင္းေတြကို ပိုၿပီးေပၚလြင္ေအာင္ လုပ္လို႔ရေပမယ့္ အခုလို လႈိင္းတြန႔္ပုံစံမ်ိဳးကေတာ့ သဘာဝအတိုင္း ျပဳျပင္ထားတာ မဟုတ္ပါဘူး လို႔ဆိုပါတယ္။
Filler ေတြကို ေသေသခ်ာခ်ာစနစ္တက် မထိုးသြင္းထားဖူးဆိုရင္ ေသြးဥေတြထဲကို ေရာက္ၿပီးေနာက္ဆုံးေတာ့ ပိတ္ဆို႔ကာ တစ္ရႈးေတြ ေသသြားေစပါတယ္။ ေသြးဥေလးေတြဟာ ႏႈတ္ခမ္းသားတစ္ဝိုက္မွာရွိေနတဲ့အတြက္ filler သုံးတာ စနစ္မက်ရင္ အခုလိုျပႆနာေတြ ေသခ်ာေပါက္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။
အလွအပေတြေနာက္ကို တေကာက္ေကာက္လိုက္တတ္တဲ့ ပရိသတ္ေတြကေတာ့ အႏၲရာယ္အနည္းဆုံးလမ္းေၾကာင္းျဖစ္တဲ့ မိတ္ကပ္ပညာ၊ ဖိုတိုေရွာ့ပညာတို႔နဲ႔ အခုေခတ္စားေနတဲ့ ႏႈတ္ခမ္းပုံေတြကို အလုအယက္ ဖန္တီးပုံေဖာ္ေနၾကၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ အၿပိဳင္အဆိုင္တင္ေနၾကပါတယ္။
အခုလိုမ်ိဳး လူေတြစိတ္ဝင္စားေနတဲ့ သဘာဝမက်တဲ့ ႏႈတ္ခမ္းပုံစံေတြေနာက္ကို အ႐ူးထၿပီး မလိုက္ၾကဖို႔ ကြၽမ္းက်င္သူေတြက သတိေပးေနပါတယ္။ ဒီလိုသာ လုပ္မိခဲ့မယ္ဆိုရင္ ႏႈတ္ခမ္းဟာ သဘာဝအတိုင္း ဘယ္ေတာ့မွ ျပန္ျဖစ္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္
Credit: popolay
Unicode ဖြင့်ဖတ်ရန်
ခေတ်စားနေတဲ့ မာရ်နတ်သမီးရဲ့ နှုတ်ခမ်းတစ်စုံဟာ အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများ သတိပေး
လူတွေဟာ သဘာဝကပေးတဲ့ အလှတရားတွေနဲ့ ကျေနပ်တင်းတိမ်နိုင်ခြင်းမရှိပဲ ကိုယ့်စိတ်ကူးထဲက ပုံစံအတိုင်းဖြစ်အောင် ခေတ်မီနည်းပညာတွေသုံးပြီး မျက်နှာပေါ်က နေရာအနှံ့ကို ခွဲစိတ်ပြုပြင်လာခဲ့ကြတာ ဆယ်စုနှစ်ပင် အတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။
မျက်နှာခွဲစိတ်ပြုပြင်မှု ရင်သားခွဲစိတ်ပြုပြင်မှု စတာတွေပြီးတော့ အခုနောက်ဆုံး ခေတ်စားနေတာက မာရ်နတ်သမီးရဲ့ နှုတ်ခမ်းတစ်စုံလို့ အမည်ပေးထားတဲ့ ငရဲမင်းပုံစံ ထူးခြားတဲ့ လှိုင်းတွန့်နှုတ်ခမ်းဒီဇိုင်းဖြစ်ပါတယ်။ ဒီရောဂါဟာ ရုရှားနိုင်ငံက စတင်ခဲ့ပြီး အခုဆိုရင် ဥရောပတခွင်ပျံ့နှံ့ကာ ယူကေထိအောင် ကူးစက်လာခဲ့ပါပြီ။
သဘာဝအတိုင်းမဟုတ်ပဲ နှုတ်ခမ်းသားထဲကို filler လို့ခေါ်တဲ့ အရည်တစ်မျိုးထိုးသွင်းပြီး လိုသလိုပုံဖော်ထားတာဖြစ်လို့ အလွန်အန္တရာယ်ကြီးတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
လန်ဒန်အခြေစိုက် မျက်နှာနဲ့ သွားအလှပြပြင်ရေးဆရာဝန် Dr Krystyna က သဘာဝတိုင်း နှုတ်ခမ်းတွေကို အခုလို ပြောင်းလဲလို့ မရဘူးလို့ဆိုပါတယ်။ နှုတ်ခမ်းသားကောက်ကြောင်းတွေကို ပိုပြီးပေါ်လွင်အောင် လုပ်လို့ရပေမယ့် အခုလို လှိုင်းတွန့်ပုံစံမျိုးကတော့ သဘာဝအတိုင်း ပြုပြင်ထားတာ မဟုတ်ပါဘူး လို့ဆိုပါတယ်။
Filler တွေကို သေသေချာချာစနစ်တကျ မထိုးသွင်းထားဖူးဆိုရင် သွေးဥတွေထဲကို ရောက်ပြီးနောက်ဆုံးတော့ ပိတ်ဆို့ကာ တစ်ရှုးတွေ သေသွားစေပါတယ်။ သွေးဥလေးတွေဟာ နှုတ်ခမ်းသားတစ်ဝိုက်မှာရှိနေတဲ့အတွက် filler သုံးတာ စနစ်မကျရင် အခုလိုပြဿနာတွေ သေချာပေါက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အလှအပတွေနောက်ကို တကောက်ကောက်လိုက်တတ်တဲ့ ပရိသတ်တွေကတော့ အန္တရာယ်အနည်းဆုံးလမ်းကြောင်းဖြစ်တဲ့ မိတ်ကပ်ပညာ၊ ဖိုတိုရှော့ပညာတို့နဲ့ အခုခေတ်စားနေတဲ့ နှုတ်ခမ်းပုံတွေကို အလုအယက် ဖန်တီးပုံဖော်နေကြပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြိုင်အဆိုင်တင်နေကြပါတယ်။
အခုလိုမျိုး လူတွေစိတ်ဝင်စားနေတဲ့ သဘာဝမကျတဲ့ နှုတ်ခမ်းပုံစံတွေနောက်ကို အရူးထပြီး မလိုက်ကြဖို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဒီလိုသာ လုပ်မိခဲ့မယ်ဆိုရင် နှုတ်ခမ်းဟာ သဘာဝအတိုင်း ဘယ်တော့မှ ပြန်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်
Credit: popolay
Sign up here with your email
ConversionConversion EmoticonEmoticon