Zawgyi ျဖင့္ဖတ္ရန္
တ႐ုတ္ႏိုင္ငံဘက္မွ ေလ ေအးမ်ား ဆက္လက္ဝင္ေရာက္ ေနေသာေၾကာင့္ ရန္ကုန္ၿမိဳ႕အပါ အဝင္ ျမန္မာႏိုင္ငံေဒသအမ်ားစု တြင္ ဒီဇင္ဘာ ဒုတိယပတ္အထိ ပုံမွန္ထက္ အေအးပိုေနမည္ျဖစ္ ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတိေပး သည္။
‘‘တခ်ိဳ႕ေဒသေတြ ပုံမွန္ထက္၉ ဒီဂရိတ္စင္တီဂရိတ္ေလာက္ ဆင္းခ်သြားတယ္။ နမ့္စန္တို႔၊ ဘာတို႔မွာ ဇီး႐ိုးဒီဂရီစင္တီဂရိတ္ ျဖစ္သြားတယ္။ တ႐ုတ္ျပည္မႀကီးေပၚ က ေလေအးေတြက ဆက္ဆင္းေနတာေၾကာင့္ ေနာက္သုံးရက္ေလာက္ အထိ ေအးေနႏိုင္ေသးတယ္’’ ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကား မႈ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရး မႉးခ်ဳပ္ ေဒၚခင္ခ်ိဳခ်ိဳရွိန္က ေျပာ သည္။
ျမန္မာ၏ အိမ္နီးခ်င္း ထိုင္းႏိုင္ငံတြင္ ယခုရက္ပိုင္းအတြင္း အႏုတ္ ဒီဂရီအထိ အေအးပိုေနၿပီး အသက္ (၃၈) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး အေအးဒဏ္ေၾကာင့္ ေသဆုံးခဲ့သည္ဟု ထိုင္းႏိုင္ငံမီဒီယာအခ်ိဳ႕တြင္ ေဖာ္ျပထားသည္။ အေအးဒဏ္ ကာကြယ္ေရးအေႏြး ထည္ လႉဒါန္းမႈမ်ားကို ထိုင္းအရပ္ဘက္ အဖြဲ႕အစည္းမ်ားက ေဆာင္႐ြက္ေနၿပီး အစိုးရကလည္းအေအးဒဏ္ကာကြယ္ေရး သတိေပးခ်က္အခ်ိဳ႕ ထုတ္ျပန္ထား သည္ဟု ေဖာ္ျပထားသည္။
ရန္ကုန္အပါအဝင္ ေဒသအမ်ားစု သုံးရက္ခန႔္ ဆက္ေအးဦးမည္
တ႐ုတ္ႏိုင္ငံမွ ေလေအးမ်ား ဝင္ေရာက္မႈေၾကာင့္ ပုံမွန္ထက္အေအးပိုသည့္ အေျခအေနသည္ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္ အာရွႏိုင္ငံအခ်ိဳ႕တြင္ တစ္ၿပိဳင္နက္ ႀကဳံေတြ႕ေနေၾကာင္း ေဒၚခင္ခ်ိဳခ်ိဳရွိန္က ရွင္းျပသည္။ ထိုင္း၊ ကေမာၻဒီးယား၊ ဗီယက္နမ္ ႏွင့္ လာအိုႏိုင္ငံတို႔တြင္လည္း အေအးပိုေနသည္။
ျမန္မာႏိုင္ငံတြင္ လက္ရွိကာလ၌ ရွမ္းျပည္နယ္တြင္ အေအးဆုံးျဖစ္ေနၿပီး ဒီဇင္ဘာ ၈ ရက္ အေျခအေနအရ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ ဒီဇင္ဘာ၏ ပ်မ္းမွ်အပူ ခ်ိန္ေအာက္ ၉ ဒီဂရီစင္တီဂရိတ္၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ ၇ ဒီဂရီစင္တီဂရိတ္မွ ၈ ဒီဂရီစင္တီဂရိတ္ အထိ အပူခ်ိန္က်ဆင္းခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ ၾကားမႈ ဦးစီးဌာနကသတင္းထုတ္ ျပန္ထားသည္။ က်န္ေဒသမ်ား တြင္လည္း ပုံမွန္ထက္အေအးပို ေနၿပီး ေနျပည္ေတာ္ႏွင့္စစ္ကိုင္း တိုင္းေဒသႀကီးတြင္သာ ဒီဇင္ဘာ ၏ ပုံမွန္အေအးခ်ိန္ရွိသည္ဟု သတင္းထုတ္ျပန္ထားသည္။
ထူးျခားသည့္ ညအပူခ်ိန္မ်ားအေနျဖင့္ နမ့္စန္ၿမိဳ႕၊ လြိဳင္လင္ၿမိဳ႕ႏွင့္ မိုင္းယန္းၿမိဳ႕တို႔တြင္ သုည ဒီဂရီစင္တီဂရိတ္စီ၊ ဟဲဟိုးၿမိဳ႕တြင္ ၁ ဒီဂရီစင္တီဂရိတ္၊ လားရႈိးၿမိဳ႕တြင္ ၂ ဒီဂရီစင္တီဂရိတ္၊ သီေပါၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕၊ က်ိဳင္းတုံၿမိဳ႕ႏွင့္ ဟားခါးၿမိဳ႕တို႔တြင္ ၃ ဒီဂရီစင္တီဂရိတ္၊ မိုင္းဆတ္ႏွင့္ ျပင္ဦးလြင္ၿမိဳ႕၌ ၄ ဒီဂရီစင္တီဂရိတ္၊ မိုးကုတ္ႏွင့္ လြိဳင္ေကာ္ၿမိဳ႕တို႔တြင္ ၅ ဒီဂရီစင္တီဂရိတ္အထိအေအး ပိုခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလ ေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။
ေဆာင္းရာသီတြင္ပင္ သိသိသာသာ ေအးေလ့မရွိေသာ ရန္ကုန္ၿမိဳ႕၌ ဒီဇင္ဘာ ၆ ရက္ခန႔္ကစ၍ ပုံမွန္ထက္ ေအးေနၿပီး ယင္းရာသီ ဥတု အေျခအေနကို ၿမိဳ႕ခံမ်ားက ႏွစ္ၿခိဳက္ေနသည္။ လတ္တေလာ ခန႔္မွန္းခ်က္အရ ရန္ကုန္ၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံေဒသ အမ်ားစုတြင္ အေအးဆက္လက္ပို ေနဦးမည္ျဖစ္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ကသတင္းထုတ္ျပန္ထားသည္။
ေနာက္ႏွစ္ရက္အတြင္း ျဖစ္ႏိုင္ဖြယ္ ရာသီဥတုအေျခအေနကို မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကား မႈ ဦးစီးဌာနက ဒီဇင္ဘာ ၈ ရက္တြင္ ထုတ္ျပန္ထားရာ ေနျပည္ ေတာ္၊မႏၲေလးတိုင္း၊မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ ရွမ္း၊ ကယား၊ ကရင္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ အေအးပိုမည္ ျဖစ္ေၾကာင္း သတိေပးထားသည္။
Source: မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကား မႈ ဦးစီးဌာန
Unicode ဖြင့်ဖတ်ရန်
ရန်ကုန်အပါအဝင် ဒေသအများစု သုံးရက်ခန့် ဆက်အေးဦးမည်
တရုတ်နိုင်ငံဘက်မှ လေ အေးများ ဆက်လက်ဝင်ရောက် နေသောကြောင့် ရန်ကုန်မြို့အပါ အဝင် မြန်မာနိုင်ငံဒေသအများစု တွင် ဒီဇင်ဘာ ဒုတိယပတ်အထိ ပုံမှန်ထက် အအေးပိုနေမည်ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေး သည်။
‘‘တချို့ဒေသတွေ ပုံမှန်ထက်၉ ဒီဂရိတ်စင်တီဂရိတ်လောက် ဆင်းချသွားတယ်။ နမ့်စန်တို့၊ ဘာတို့မှာ ဇီးရိုးဒီဂရီစင်တီဂရိတ် ဖြစ်သွားတယ်။ တရုတ်ပြည်မကြီးပေါ် က လေအေးတွေက ဆက်ဆင်းနေတာကြောင့် နောက်သုံးရက်လောက် အထိ အေးနေနိုင်သေးတယ်’’ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ပြော သည်။
မြန်မာ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အနုတ် ဒီဂရီအထိ အအေးပိုနေပြီး အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့သည်ဟု ထိုင်းနိုင်ငံမီဒီယာအချို့တွင် ဖော်ပြထားသည်။ အအေးဒဏ် ကာကွယ်ရေးအနွေး ထည် လှူဒါန်းမှုများကို ထိုင်းအရပ်ဘက် အဖွဲ့အစည်းများက ဆောင်ရွက်နေပြီး အစိုးရကလည်းအအေးဒဏ်ကာကွယ်ရေး သတိပေးချက်အချို့ ထုတ်ပြန်ထား သည်ဟု ဖော်ပြထားသည်။
ရန်ကုန်အပါအဝင် ဒေသအများစု သုံးရက်ခန့် ဆက်အေးဦးမည်
တရုတ်နိုင်ငံမှ လေအေးများ ဝင်ရောက်မှုကြောင့် ပုံမှန်ထက်အအေးပိုသည့် အခြေအနေသည်မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံအချို့တွင် တစ်ပြိုင်နက် ကြုံတွေ့နေကြောင်း ဒေါ်ခင်ချိုချိုရှိန်က ရှင်းပြသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် လာအိုနိုင်ငံတို့တွင်လည်း အအေးပိုနေသည်။
မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ ရှမ်းပြည်နယ်တွင် အအေးဆုံးဖြစ်နေပြီး ဒီဇင်ဘာ ၈ ရက် အခြေအနေအရ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဒီဇင်ဘာ၏ ပျမ်းမျှအပူ ချိန်အောက် ၉ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ၇ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ် အထိ အပူချိန်ကျဆင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနကသတင်းထုတ် ပြန်ထားသည်။ ကျန်ဒေသများ တွင်လည်း ပုံမှန်ထက်အအေးပို နေပြီး နေပြည်တော်နှင့်စစ်ကိုင်း တိုင်းဒေသကြီးတွင်သာ ဒီဇင်ဘာ ၏ ပုံမှန်အအေးချိန်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
ထူးခြားသည့် ညအပူချိန်များအနေဖြင့် နမ့်စန်မြို့၊ လွိုင်လင်မြို့နှင့် မိုင်းယန်းမြို့တို့တွင် သုည ဒီဂရီစင်တီဂရိတ်စီ၊ ဟဲဟိုးမြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ သီပေါမြို့၊ ကျောက်မဲမြို့၊ ကျိုင်းတုံမြို့နှင့် ဟားခါးမြို့တို့တွင် ၃ ဒီဂရီစင်တီဂရိတ်၊ မိုင်းဆတ်နှင့် ပြင်ဦးလွင်မြို့၌ ၄ ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်နှင့် လွိုင်ကော်မြို့တို့တွင် ၅ ဒီဂရီစင်တီဂရိတ်အထိအအေး ပိုခဲ့ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဆောင်းရာသီတွင်ပင် သိသိသာသာ အေးလေ့မရှိသော ရန်ကုန်မြို့၌ ဒီဇင်ဘာ ၆ ရက်ခန့်ကစ၍ ပုံမှန်ထက် အေးနေပြီး ယင်းရာသီ ဥတု အခြေအနေကို မြို့ခံများက နှစ်ခြိုက်နေသည်။ လတ်တလော ခန့်မှန်းချက်အရ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အများစုတွင် အအေးဆက်လက်ပို နေဦးမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကသတင်းထုတ်ပြန်ထားသည်။
နောက်နှစ်ရက်အတွင်း ဖြစ်နိုင်ဖွယ် ရာသီဥတုအခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားရာ နေပြည် တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်း၊ ကယား၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် အအေးပိုမည် ဖြစ်ကြောင်း သတိပေးထားသည်။
Source: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာန
Sign up here with your email
ConversionConversion EmoticonEmoticon