ပိုက္ဆံမ်ား ပ်က္စီးေနပါသျဖင့္ အလွဴခံပုံးထဲက ပိုက္ဆံမ်ား လာေရာက္သိမ္းေစလို





Zawgyiျဖင့္ဖတ္ရန္

အလွဴခံပုံးထဲက ပိုက္ဆံမ်ား လာေရာက္သိမ္းေစလို .. ပိုက္ဆံ အားလုံး ပ်က္စီးေနကုန္ပါျပီ

ခရီးသြားရင္း ျမင္မိေတာ႔ ဘယ္လိုမွ မသိခ်င္ေယာင္ ေဆာင္လို႔ မရေတာ႔ဘူး။ ေနရာက အျမန္လမ္း (၁၁၅)မိုင္ ပိုင္အိုးနီးယား စားေသာက္ဆိုင္ ရဲ႕ အိ္မ္သာသြားရာလမ္းနဲ႔ ကေလးကစားကြင္းသို႔ ဝင္တဲ႔လမ္းမွာပါ။


အလွဴခံပုံးေတြ တန္းစီတပ္ထားပါတယ္။ ပရဟိတေက်ာင္း၊ဘုန္းႀကီးေက်ာင္း ၊ ဘိုးဘြားရိပ္သာ ၊ နာေရးကူညီမႈ၊ သီလရွင္ေက်ာင္း ၾကက္ေျခနီရံပုံေငြ အတြက္ စသည္ျဖင္႔ အလွဴခံပုံးအမ်ားႀကီးပါ။

အလွဴခံပုံးတိုင္းမွာလဲ ခရီးသြားျပည္သူေတြ ထည္႔ဝင္သြားၾကတဲ႔ ပိုက္ဆံေတြ အျပည္႔ပါ။ (၅၀)တန္ (၁၀၀)တန္မွသည္ (၁၀၀၀) တန္ (၅၀၀၀)တန္ အျပင္ ေဒၚလာေတြပါ ထည္႔ဝင္ထားတာ ေတြ႔ရပါသည္။



သို႔ေသာ္ စိတ္မေကာင္းစရာက အဆိုပါပုံးတိုင္း၏ အေပၚယံပိုက္ဆံ အနည္းငယ္မွလြဲလ်ွင္ ပိုက္ဆံေတြ အားလုံးနီးပါး ပ်က္စီးေနသည္ကို စိတ္မေကာင္းစြာ ေတြ႔ျမင္ခဲ႔ရပါသည္။

အဓိက ထင္ျမင္မိတာက ပိုက္ဆံေတြလာမသိမ္းသည္မွာ အခ်ိန္ၾကာ လာ၍ မိုးပက္မႈဒဏ္ေတြ ဘာေတြခံရျပီး ေဆြးေျမ႕ပ်က္စီးကုန္သည္ဟု ထင္မိပါသည္။


ဘယ္သူ႔ကို ေျပာလို႔ေျပာရမွန္းမသိ။ ဝန္ထမ္း ေကာင္ေလး ေကာင္မေလးေတြကို ေျပာေတာ႔လဲ စိတ္မဝင္စားသလို အေရးမဟုတ္ သလိုပုံစံနဲ႔ ျပံဳးစိစိေတြနဲ႔ ျဖစ္ေနလို႔ ဓါတ္ပုံရိုက္ျပီး သိႏိုင္ျမင္ႏိုင္မယ္ ထင္တဲ႔ေနရာက အႀကံျပဳလိုက္ပါတယ္။

Pioneer ကိုေဇာ္မိုးတို႔ လင္မယားသည္လည္း ပရဟိတ အလွဴအတန္းနဲ႔ ပတ္သတ္လာလၽွင္ အျမဲတမ္း လက္မေႏွးပဲ လွဴဒါန္းေနတတ္သူေတြပါ။



ယခုလို ပိုက္ဆံမ်ားစြာ ပ်က္စီးေနသည္႔ အလွဴခံပုံးထဲက ေငြေတြကို လည္း စီစစ္ယူထုတ္ျပီး သူ႔ရဲ႕သက္ဆိုင္ရာ အလွဴခံထားတဲ႔ ဌာနေတြ ဆီကို အျမန္ဆုံး ပို႔ေပးႏိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

Unicode ဖြင့်ဖတ်ရန်



အလှူခံပုံးထဲက ပိုက်ဆံများ လာရောက်သိမ်းစေလို .. ပိုက်ဆံ အားလုံး ပျက်စီးနေကုန်ပါပြီ

ခရီးသွားရင်း မြင်မိတော့ ဘယ်လိုမှ မသိချင်ယောင် ဆောင်လို့ မရတော့ဘူး။ နေရာက အမြန်လမ်း (၁၁၅)မိုင် ပိုင်အိုးနီးယား စားသောက်ဆိုင် ရဲ့ အိမ်သာသွားရာလမ်းနဲ့ ကလေးကစားကွင်းသို့ ဝင်တဲ့လမ်းမှာပါ။


အလှူခံပုံးတွေ တန်းစီတပ်ထားပါတယ်။ ပရဟိတကျောင်း၊ဘုန်းကြီးကျောင်း ၊ ဘိုးဘွားရိပ်သာ ၊ နာရေးကူညီမှု၊ သီလရှင်ကျောင်း ကြက်ခြေနီရံပုံငွေ အတွက် စသည်ဖြင့် အလှူခံပုံးအများကြီးပါ။

အလှူခံပုံးတိုင်းမှာလဲ ခရီးသွားပြည်သူတွေ ထည့်ဝင်သွားကြတဲ့ ပိုက်ဆံတွေ အပြည့်ပါ။ (၅၀)တန် (၁၀၀)တန်မှသည် (၁၀၀၀) တန် (၅၀၀၀)တန် အပြင် ဒေါ်လာတွေပါ ထည့်ဝင်ထားတာ တွေ့ရပါသည်။



သို့သော် စိတ်မကောင်းစရာက အဆိုပါပုံးတိုင်း၏ အပေါ်ယံပိုက်ဆံ အနည်းငယ်မှလွဲလျှင် ပိုက်ဆံတွေ အားလုံးနီးပါး ပျက်စီးနေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရပါသည်။

အဓိက ထင်မြင်မိတာက ပိုက်ဆံတွေလာမသိမ်းသည်မှာ အချိန်ကြာ လာ၍ မိုးပက်မှုဒဏ်တွေ ဘာတွေခံရပြီး ဆွေးမြေ့ပျက်စီးကုန်သည်ဟု ထင်မိပါသည်။


ဘယ်သူ့ကို ပြောလို့ပြောရမှန်းမသိ။ ဝန်ထမ်း ကောင်လေး ကောင်မလေးတွေကို ပြောတော့လဲ စိတ်မဝင်စားသလို အရေးမဟုတ် သလိုပုံစံနဲ့ ပြုံးစိစိတွေနဲ့ ဖြစ်နေလို့ ဓါတ်ပုံရိုက်ပြီး သိနိုင်မြင်နိုင်မယ် ထင်တဲ့နေရာက အကြံပြုလိုက်ပါတယ်။

Pioneer ကိုဇော်မိုးတို့ လင်မယားသည်လည်း ပရဟိတ အလှူအတန်းနဲ့ ပတ်သတ်လာလျှင် အမြဲတမ်း လက်မနှေးပဲ လှူဒါန်းနေတတ်သူတွေပါ။



ယခုလို ပိုက်ဆံများစွာ ပျက်စီးနေသည့် အလှူခံပုံးထဲက ငွေတွေကို လည်း စီစစ်ယူထုတ်ပြီး သူ့ရဲ့သက်ဆိုင်ရာ အလှူခံထားတဲ့ ဌာနတွေ ဆီကို အမြန်ဆုံး ပို့ပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



ခရက္္ဒစ္ Zin Moe


Previous
Next Post »
Powered by Blogger.