Zawgyi ျဖင့္ဖတ္ရန္
ဓမၼတာ မမွန္ျခင္း, ထိန္ျခင္း, ဓမၼၼတာမလာမီ အေရျပား ယားယံတတ္ျခင္း ဓမၼတာမလာမီ ကိုက္ခဲတတ္ျခင္း စေသာ မီးယပ္ႏွင့္သက္ဆိုင္ေသာ ေဝဒနာမ်ားကို ခံစားေနရေသာ အမ်ိဳးသမီးမ်ားအတြက္ အရမ္းေကာင္းတဲ့ ေဆးေဖာ္နည္း တစ္ခု ေပးလိုက္ပါတယ္။
ေဆးတစ္ဖုံံ ေဖၚရန္အတြက္
ေစာင္းလ်ားသီး ( ၂၁ လုံး )
သၾကားညိဳ ( ၁၅ က်ပ္သား )
ဖန္ပုလင္း အဝက်ယ္ ( ၁ လုံး )
ပိတ္စိမ္းပါး ( ၁ စ )
ႀကိဳး ( ၁ ခု )
ဒါေတြလိုအပ္ပါတယ္။
ပထမဦးဆုံး ေစာင္းလ်ားသီးကို ေရစင္စင္ေဆးၿပီး မထူမပါးလွီးလိုက္ပါ။
ပုလင္းေအာက္ေျခမွာသၾကားခံ ေစာင္းလ်ားသီး တစ္ထပ္ထည့္၍ ထိုေပၚမွ သၾကားျဖဴးၿပီး ေစာင္းလ်ားသီး တစ္ထပ္ထပ္ထည့္ပါ။ ေစာင္းလ်ားသီး ( ၂၁ လုံး ) ကုန္သည္အထိ အဆင့္ဆင့္ ေစာင္းလ်ားသီးထည့္လိုက္ သၾကားျဖဴးလိုက္လုပ္ၿပီးရင္ေတာ့ပိတ္စိမ္းပါးကို ပုလင္း အဝမွာ ဖုံးၿပီးႀကိဳးျဖင့္ ခ်ည္လိုက္ပါ။
ပထမ သုံးရက္ဆက္တိုက္ ေန႔စဥ္ ေနျပေပးၿပီး ေနဝင္ရင္ ျပန္႐ုတ္ေပးပါ။ ထြက္လာတဲ့ အရည္မ်ားကို ခပ္ခပ္ေသာက္ေပးပါ။ ေနာက္ရက္ေတြကေတာ့ ေနအရမ္းမပူရင္ ေန႔တစ္ဝက္ေလာက္ ေနျပေပးပါ။ ေနအရမ္းပူရင္ေတာ့ သုံး ေလးနာရီခန႔္ ေနျပေပးရင္ ရပါၿပီ။
အရည္ေတြ ထြက္ေနေသးသေ႐ြ႕ ေနျပလိုက္ ျပန္႐ုပ္လိုက္ ခပ္ေသာက္လိုက္ လုပ္ေပးပါ။ အရသာလည္း အရမ္းေကာင္းၿပီး အမ်ိဳးသမီးမ်ားအတြက္ အထူးသင့္ေလ်ာ္တာမို႔ ဒီနည္းေလးကို မွ်ေဝေပးတာပါ။
တစ္ကယ္လို႔ ပုလင္းက အရမ္းႀကီးေနရင္ေတာ့ ေစာင္းလ်ားသီး ( ၄၂ လုံး ) သၾကားညိဳ ( ၃၀ က်ပ္သား ) နဲ႔
ဤနည္းအတိုင္း တစ္ခါတည္း ေဆး ႏွစ္ဖုံစာ ( သို႔မဟုတ္ )
ေစာင္းလ်ားသီး ( ၆၃ လုံး ) သၾကားညိဳ ( ၄၅ က်ပ္သား ) နဲ႔
ဤနည္းအတိုင္း တစ္ခါတည္း ေဆး သုံးဖုံစာ ေဖၚထားမယ္ဆိုရင္ေတာ့ ပိုအဆင္ေျပပါတယ္။ အရသာက အရမ္းကို ထူးျခား ေကာင္းမြန္လြန္းတာေၾကာင့္ ေဖၚထားတဲ့ ေဆးမကုန္ခင္ ထပ္ ထပ္ ေဖၚေသာက္ေနမွာ အေသအခ်ာဆိုတာ က်မကိုယ္တိုင္ အာမခံပါတယ္။
မွတ္ခ်က္
အေရာင္ခြၽတ္ထားတဲ့ သၾကားအျဖဴေရာင္ လုံးဝ မသုံးရပါ။ သဘာဝ သၾကားညိဳသာ သုံးပါ။ အရသာေကာင္းတယ္ဆိုၿပီး တစ္ခါတည္း အမ်ားႀကီး မေသာက္သုံးသင့္ပါ။ အနည္းငယ္ ရီေဝေဝျဖစ္တတ္ပါသည္။ ေန႔စဥ္ပုံမွန္ ထမင္းစားဇြန္းနဲ႔ ေလး ငါးဇြန္းခန႔္သာ ေသာက္သုံးေပးပါ။
ေနအပူရွိန္ေပၚ မူတည္ၿပီး ေနျပေပးပါ။ ေနအျပလြန္ရင္ အေပၚယံ ေစာင္းလွ်ားသီးေလးမ်ား ေျခာက္သြားရင္ အရည္ထြက္အားနည္းသြားမွာမို႔ပါ။ ေစာင္းလ်ားသီးက အစိမ္းအတိုင္း ကိုက္စားလို႔ရတဲ့ ခ်ိဳခ်ဥ္သီးဆိုရင္ေတာ့ ထြက္လာတဲ့အရည္က ပိုေကာင္းပါတယ္။ အခ်ိဳသီး , အခ်ဥ္သီး ႏွစ္မ်ိဳးေပါင္းစိမ္လို႔လဲ ရသလို အခ်ဥ္သီးလဲ ရပါတယ္။ အခ်ဥ္သီးဆိုရင္ေတာ့ ေဆးတစ္ဖုံကို သၾကား ၅ က်ပ္သား ပိုထည့္ေပးပါ။
ဒီေဆးနဲ႔ အထူးတြဲဖက္စားသုံးသင့္တာကေတာ့ ေရကၫႊတ္သုပ္ပါပဲ။ ေရကၫႊတ္ဆိုတာ နတ္ကိုဆက္သတဲ့ အ႐ြက္လို႔ လူသိမ်ားၾကပါတယ္။ ေရကၫႊတ္သုပ္သည္လည္း အမ်ိဳးသမီးမ်ားအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ေရကၫႊတ္႐ြက္ကို မက်ီးသီး နဲ႔ ဆားနဲ႔ ႏူးေအာင္ ျပဳတ္ၿပီး ၾကက္သြန္နီ ပါးပါးလွီးထည့္ င႐ုတ္သီးစိမ္း, ဆီခ်က္, သံပုရာသီးထည့္၍ ခ်ဥ္ငံစပ္သုပ္ၿပီး ထမင္းနဲ႔စားပါ။အားလုံံးပဲ အဆင္ေျပၾကပါေစ။ ေရာဂါဘယေတြ ကင္းေဝးၾကပါေစ။
ေလးစားစြာျဖင့္ ခရက္ဒစ္ ပဲခူး ေဒၚေထြးရီ
Unicode ဖြင့်ဖတ်ရန်
မမှန်ခြင်း၊ ထိန်ခြင်း၊အရေပြား ယားယံတတ်ခြင်း၊မီးယပ်နှင့်သက်ဆိုင်သော ဝေဒနာများအတွက် ဆေးတဖုံ
ဓမ္မတာ မမှန်ခြင်း, ထိန်ခြင်း, ဓမ္မ္မတာမလာမီ အရေပြား ယားယံတတ်ခြင်း ဓမ္မတာမလာမီ ကိုက်ခဲတတ်ခြင်း စသော မီးယပ်နှင့်သက်ဆိုင်သော ဝေဒနာများကို ခံစားနေရသော အမျိုးသမီးများအတွက် အရမ်းကောင်းတဲ့ ဆေးဖော်နည်း တစ်ခု ပေးလိုက်ပါတယ်။
ဆေးတစ်ဖုံံ ဖေါ်ရန်အတွက်
စောင်းလျားသီး ( ၂၁ လုံး )
သကြားညို ( ၁၅ ကျပ်သား )
ဖန်ပုလင်း အဝကျယ် ( ၁ လုံး )
ပိတ်စိမ်းပါး ( ၁ စ )
ကြိုး ( ၁ ခု )
ဒါတွေလိုအပ်ပါတယ်။
ပထမဦးဆုံး စောင်းလျားသီးကို ရေစင်စင်ဆေးပြီး မထူမပါးလှီးလိုက်ပါ။
ပုလင်းအောက်ခြေမှာသကြားခံ စောင်းလျားသီး တစ်ထပ်ထည့်၍ ထိုပေါ်မှ သကြားဖြူးပြီး စောင်းလျားသီး တစ်ထပ်ထပ်ထည့်ပါ။ စောင်းလျားသီး ( ၂၁ လုံး ) ကုန်သည်အထိ အဆင့်ဆင့် စောင်းလျားသီးထည့်လိုက် သကြားဖြူးလိုက်လုပ်ပြီးရင်တော့ပိတ်စိမ်းပါးကို ပုလင်း အဝမှာ ဖုံးပြီးကြိုးဖြင့် ချည်လိုက်ပါ။
ပထမ သုံးရက်ဆက်တိုက် နေ့စဉ် နေပြပေးပြီး နေဝင်ရင် ပြန်ရုတ်ပေးပါ။ ထွက်လာတဲ့ အရည်များကို ခပ်ခပ်သောက်ပေးပါ။ နောက်ရက်တွေကတော့ နေအရမ်းမပူရင် နေ့တစ်ဝက်လောက် နေပြပေးပါ။ နေအရမ်းပူရင်တော့ သုံး လေးနာရီခန့် နေပြပေးရင် ရပါပြီ။
အရည်တွေ ထွက်နေသေးသရွေ့ နေပြလိုက် ပြန်ရုပ်လိုက် ခပ်သောက်လိုက် လုပ်ပေးပါ။ အရသာလည်း အရမ်းကောင်းပြီး အမျိုးသမီးများအတွက် အထူးသင့်လျော်တာမို့ ဒီနည်းလေးကို မျှဝေပေးတာပါ။
တစ်ကယ်လို့ ပုလင်းက အရမ်းကြီးနေရင်တော့ စောင်းလျားသီး ( ၄၂ လုံး ) သကြားညို ( ၃၀ ကျပ်သား ) နဲ့
ဤနည်းအတိုင်း တစ်ခါတည်း ဆေး နှစ်ဖုံစာ ( သို့မဟုတ် )
စောင်းလျားသီး ( ၆၃ လုံး ) သကြားညို ( ၄၅ ကျပ်သား ) နဲ့
ဤနည်းအတိုင်း တစ်ခါတည်း ဆေး သုံးဖုံစာ ဖေါ်ထားမယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ အရသာက အရမ်းကို ထူးခြား ကောင်းမွန်လွန်းတာကြောင့် ဖေါ်ထားတဲ့ ဆေးမကုန်ခင် ထပ် ထပ် ဖေါ်သောက်နေမှာ အသေအချာဆိုတာ ကျမကိုယ်တိုင် အာမခံပါတယ်။
မှတ်ချက်
အရောင်ချွတ်ထားတဲ့ သကြားအဖြူရောင် လုံးဝ မသုံးရပါ။ သဘာဝ သကြားညိုသာ သုံးပါ။ အရသာကောင်းတယ်ဆိုပြီး တစ်ခါတည်း အများကြီး မသောက်သုံးသင့်ပါ။ အနည်းငယ် ရီဝေဝေဖြစ်တတ်ပါသည်။ နေ့စဉ်ပုံမှန် ထမင်းစားဇွန်းနဲ့ လေး ငါးဇွန်းခန့်သာ သောက်သုံးပေးပါ။
နေအပူရှိန်ပေါ် မူတည်ပြီး နေပြပေးပါ။ နေအပြလွန်ရင် အပေါ်ယံ စောင်းလျှားသီးလေးများ ခြောက်သွားရင် အရည်ထွက်အားနည်းသွားမှာမို့ပါ။ စောင်းလျားသီးက အစိမ်းအတိုင်း ကိုက်စားလို့ရတဲ့ ချိုချဉ်သီးဆိုရင်တော့ ထွက်လာတဲ့အရည်က ပိုကောင်းပါတယ်။ အချိုသီး , အချဉ်သီး နှစ်မျိုးပေါင်းစိမ်လို့လဲ ရသလို အချဉ်သီးလဲ ရပါတယ်။ အချဉ်သီးဆိုရင်တော့ ဆေးတစ်ဖုံကို သကြား ၅ ကျပ်သား ပိုထည့်ပေးပါ။
ဒီဆေးနဲ့ အထူးတွဲဖက်စားသုံးသင့်တာကတော့ ရေကညွှတ်သုပ်ပါပဲ။ ရေကညွှတ်ဆိုတာ နတ်ကိုဆက်သတဲ့ အရွက်လို့ လူသိများကြပါတယ်။ ရေကညွှတ်သုပ်သည်လည်း အမျိုးသမီးများအတွက် အထူးသင့်လျော်ပါတယ်။ ရေကညွှတ်ရွက်ကို မကျီးသီး နဲ့ ဆားနဲ့ နူးအောင် ပြုတ်ပြီး ကြက်သွန်နီ ပါးပါးလှီးထည့် ငရုတ်သီးစိမ်း, ဆီချက်, သံပုရာသီးထည့်၍ ချဉ်ငံစပ်သုပ်ပြီး ထမင်းနဲ့စားပါ။အားလုံံးပဲ အဆင်ပြေကြပါစေ။ ရောဂါဘယတွေ ကင်းဝေးကြပါစေ။
လေးစားစွာဖြင့် ခရက်ဒစ် ပဲခူး ဒေါ်ထွေးရီ
Sign up here with your email
ConversionConversion EmoticonEmoticon