Zawgyi ျဖင့္ဖတ္ရန္
ျပည္သိမ္း
လုပ္သက္(၂၅)ႏွစ္အထက္ရွိေသာ အစိုးရဝန္ထမ္းမ်ားကိုအခြန္သက္သာခြင့္အခ်ိဳ႕ျဖင့္ ျပည္ပမွကားတင္သြင္းခြင့္ျပဳ ရန္ အစိုးရက စီစဥ္ေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမင္းမင္းက ေျပာသည္။
‘‘ေျပာရမွာေတာ့ ေတာ္ေတာ္ေစာေနပါေသးတယ္။ တိက်တဲ့ၫႊန္ၾကားခ်က္ေတြ မရွိေသးပါဘူး’’ ဟု ဦးမင္းမင္းက ေျပာသည္။
အစိုးရဝန္ထမ္းမ်ားကို ျပည္ ပမွ ကားတင္သြင္းခြင့္ျပဳရာတြင္ လုပ္သက္အလိုက္ စဥ္းစားျခင္း မ်ိဳးသာမက သံ႐ုံးကဲ့သို႔ ႏိုင္ငံ ျခားေငြရလမ္းရွိေသာ အစိုးရ ဝန္ထမ္းမ်ားကိုလည္း စဥ္းစားေပး သင့္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ ႀကီးဌာနမွ အရာထမ္းတစ္ဦးက ေျပာသည္။
ႏိုင္ငံျခားတြင္ တာဝန္ထမ္း ေဆာင္ခဲ့ေသာ အစိုးရဝန္ထမ္း မ်ားသည္ စုစုေပါင္းဝင္ေငြ၏ ၃၀ ရာခိုင္ႏႈန္းကို အခြန္ျပန္လည္ေပး ေဆာင္ထားေၾကာင္း ၎ကဆို သည္။
‘‘တကယ္ရမယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့’’ ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ ႀကီးဌာန ဌာနစုမႉးတစ္ဦးက ေျပာ သည္။ ဝင္ေငြနည္းသည့္ အစိုးရ ဝန္ထမ္းမ်ားအေနျဖင့္ အစိုးရမွ ကားတင္သြင္းခြင့္ရရွိလွ်င္လည္း ႏိုင္ငံျခားေငြရရွိေရး ခက္ခဲႏိုင္ သည္ဟု ၎ကဆိုသည္။
လုပ္သက္မ်ားသည့္ အစိုးရ ဝန္ထမ္းမ်ားကို ယခင္က ေျမ ကြက္ခ်ေပးမႈမ်ားရွိၿပီး အခ်ိဳ႕ဝန္ ထမ္းမ်ားကို အိမ္ရာ တိုက္ခန္းမ်ား ေဈးသက္သာစြာ ေရာင္းခ်ေပးခဲ့ သည္။
သမၼတဦးဝင္းျမင့္က အစိုးရ ဝန္ထမ္းမ်ားႏွင့္ ပတ္သက္၍ ဦးစားေပးေဆာင္႐ြက္မည့္အစီ အစဥ္မ်ားကို သမၼတတာဝန္စတင္ ယူၿပီး ၂၀၁၈ ႏွစ္သစ္ကူးႏႈတ္ခြန္း ဆက္စကား၌ ထည့္သြင္းေျပာ ၾကားထားသည္။
ျပည္သူ႔ဝန္ထမ္းမ်ားသည္ လက္ရွိတာဝန္ထမ္းေဆာင္စဥ္ ဝန္ထမ္းအိမ္ရာမရွိသျဖင့္ အခက္ အခဲေတြ႕ေနသကဲ့သို႔ အၿငိမ္းစား ယူခ်ိန္တြင္လည္း ေနစရာအိမ္မရွိ သျဖင့္ အခက္အခဲရွိေသာဝန္ထမ္း မ်ားကို သတိျပဳမိေၾကာင္း၊အစိုးရ ၏ လက္က်န္သက္တမ္းသုံးႏွစ္ အတြင္း အခန္း ၇,၀၀၀ ေက်ာ္ကို ဝန္ထမ္းအိမ္ရာအျဖစ္ တည္ ေဆာက္ေပးထားရန္ စီမံေၾကာင္း သမၼတက ေျပာၾကားထားသည္။
Credit: 7daydaily
Unicode ဖြင့်ဖတ်ရန်
လုပ်သက် ၂၅ နှစ်အထက်ဝန်ထမ်းများ နိုင်ငံခြားမှ ကားဝယ်တင်သွင်းခွင့် ရလာနိုင်
ပြည်သိမ်း
လုပ်သက်(၂၅)နှစ်အထက်ရှိသော အစိုးရဝန်ထမ်းများကိုအခွန်သက်သာခွင့်အချို့ဖြင့် ပြည်ပမှကားတင်သွင်းခွင့်ပြု ရန် အစိုးရက စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ပြောသည်။
‘‘ပြောရမှာတော့ တော်တော်စောနေပါသေးတယ်။ တိကျတဲ့ညွှန်ကြားချက်တွေ မရှိသေးပါဘူး’’ ဟု ဦးမင်းမင်းက ပြောသည်။
အစိုးရဝန်ထမ်းများကို ပြည် ပမှ ကားတင်သွင်းခွင့်ပြုရာတွင် လုပ်သက်အလိုက် စဉ်းစားခြင်း မျိုးသာမက သံရုံးကဲ့သို့ နိုင်ငံ ခြားငွေရလမ်းရှိသော အစိုးရ ဝန်ထမ်းများကိုလည်း စဉ်းစားပေး သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောသည်။
နိုင်ငံခြားတွင် တာဝန်ထမ်း ဆောင်ခဲ့သော အစိုးရဝန်ထမ်း များသည် စုစုပေါင်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို အခွန်ပြန်လည်ပေး ဆောင်ထားကြောင်း ၎င်းကဆို သည်။
‘‘တကယ်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့’’ ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဌာနစုမှူးတစ်ဦးက ပြော သည်။ ဝင်ငွေနည်းသည့် အစိုးရ ဝန်ထမ်းများအနေဖြင့် အစိုးရမှ ကားတင်သွင်းခွင့်ရရှိလျှင်လည်း နိုင်ငံခြားငွေရရှိရေး ခက်ခဲနိုင် သည်ဟု ၎င်းကဆိုသည်။
လုပ်သက်များသည့် အစိုးရ ဝန်ထမ်းများကို ယခင်က မြေ ကွက်ချပေးမှုများရှိပြီး အချို့ဝန် ထမ်းများကို အိမ်ရာ တိုက်ခန်းများ ဈေးသက်သာစွာ ရောင်းချပေးခဲ့ သည်။
သမ္မတဦးဝင်းမြင့်က အစိုးရ ဝန်ထမ်းများနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်မည့်အစီ အစဉ်များကို သမ္မတတာဝန်စတင် ယူပြီး ၂၀၁၈ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား၌ ထည့်သွင်းပြော ကြားထားသည်။
ပြည်သူ့ဝန်ထမ်းများသည် လက်ရှိတာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းအိမ်ရာမရှိသဖြင့် အခက် အခဲတွေ့နေသကဲ့သို့ အငြိမ်းစား ယူချိန်တွင်လည်း နေစရာအိမ်မရှိ သဖြင့် အခက်အခဲရှိသောဝန်ထမ်း များကို သတိပြုမိကြောင်း၊အစိုးရ ၏ လက်ကျန်သက်တမ်းသုံးနှစ် အတွင်း အခန်း ၇,၀၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာအဖြစ် တည် ဆောက်ပေးထားရန် စီမံကြောင်း သမ္မတက ပြောကြားထားသည်။
Credit: 7daydaily
Sign up here with your email
ConversionConversion EmoticonEmoticon