Zawgyi ျဖင့္ဖတ္ရန္
ေလ့က်င့္ခန္းပံုမွန္ လုပ္တာက က်န္းမာေရးအတြက္ မ်ားစြာေကာင္းက်ိဳးျပဳတဲ့ အလုပ္တစ္ခုပါပဲ။ ကုိယ္လက္လႈပ္ရွားေလ့က်င့္ခန္း လုပ္မယ္ဆိုရင္ ကိုယ္နဲ႔သင့္ေတာ္မယ့္ ေလ့က်င့္ခန္းျဖစ္ဖို႔နဲ႔ ပံုမွန္ အၿမဲတမ္းလုပ္ႏိုင္မယ့္ အားကစားတစ္မ်ိဳးမ်ိဳးကို ေရြးခ်ယ္ျပဳလုပ္တတ္ဖို႔ကလည္း လိုပါေသးတယ္။ ဒါမွလည္း ခႏၶာကိုယ္အတြက္ အက်ိဳးထိေရာက္မႈ ရွိမွာပါ။
တခ်ိဳ႕က မနက္ပိုင္းထေျပးတာမ်ိဳး၊ စက္ဘီးစီးတာ၊ ေရကူးတာ၊ Gym ေဆာ့တာမ်ိဳး၊ ျပင္းထန္တဲ့ work out လုပ္တာမ်ိဳး စသျဖင့္ ကိုယ္စိတ္ႀကိဳက္ျဖစ္တဲ့ ေလ့က်င့္ခန္းကို ေရြးခ်ယ္ျပဳလုပ္ၾကပါတယ္။ ကိုယ္လက္ လႈပ္ရွားေလ့က်င့္ခန္း လုပ္မယ္ဆိုတာနဲ႔ ကိုယ့္ရဲ႕ ေနထုိင္စားေသာက္မႈ ပံုစံကိုပါ ေျပာင္းလဲ ပစ္ဖို႔ကလည္း လိုပါေသးတယ္။ ေလ့က်င့္ခန္းမလုပ္ခင္ အားအင္ေတြ မဆုတ္ယုတ္သြားေအာင္ ဘာေတြ စားသင့္လဲ၊ ေလ့က်င့္ခန္းလုပ္ၿပီးရင္လည္း အာဟာရျဖစ္ေစမယ့္ အစားအေသာက္ကို ဘယ္လို ေရြးခ်ယ္ စားသံုးရမလဲ ဆိုတာကို သိထားဖို႔ေတာ့ လိုပါတယ္ေနာ္။ ဒါ့ေၾကာင့္ က်န္းမာေရး လုိက္စားသူေတြအတြက္ ရွာေဖြၿပီး ေဖာ္ျပေပးလိုက္ပါတယ္။
ေလ့က်င့္ခန္း၊ အားကစားမလုပ္ခင္ စားသင့္တဲ့အစားအေသာက္ေတြကို ေျပာရမယ္ဆိုရင္…
(၁) ေခ်ာကလက္ ဒါမွမဟုတ္ ႏြားႏုိ႔ တစ္ခြက္ေသာက္သံုးေပးႏုိင္ပါတယ္။ အထူးသျဖင့္ ၾကြက္သားနဲ႔ အရိုးေတြကို အားျပဳၿပီး လုပ္ရတဲ့ အားကစားနဲ႔ ေလ့က်င့္ခန္းေတြကို ျပဳလု့ပ္တဲ့အခါမ်ိဳးမွာ ေခ်ာကလက္ နဲ႔ ႏြားႏုိ႔က သင့္အတြက္ အေကာင္းဆံုး အားျဖည့္ေပးႏုိင္ပါတယ္။
(၂) အဆီပါဝင္မႈ နည္းတဲ့ ဒိန္ခ်ဥ္ကလည္း ေလ့က်င့္ခန္းမလုပ္ခင္မွာ စားသံုးသင့္တဲ့ အားျဖည့္စာ တစ္ခုပါပဲ။ ဒိန္ခ်ဥ္ထဲကို သစ္သီးေလးေတြ ထည့္ၿပီး စားသံုးႏုိင္ပါတယ္။ ဒိန္ခ်ဥ္က ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းျပဳလုပ္စဥ္ အားအင္ကုန္ခမ္းဆုတ္ယုတ္သြားမွာကို ဟန္႔တားေပးႏုိင္ပါတယ္။။
(၃) ၾကက္ဥျပဳတ္ကေတာ့ အားကစားသမားမ်ားနဲ႔ ပံုမွန္ work out လုပ္သူေတြအတြက္ အထူးသင့္ေလ်ာ္တဲ့ အစားအစာတစ္မ်ိဳးပါ။ ၾကက္ဥျပဳတ္မွာ ပါဝင္တဲ့ ပရိုတင္းဓာတ္က သင့္ရဲ႕ ၾကြက္သားတည္ေဆာက္မႈ အတြက္ မ်ားစြာ ပံ့ပိုးေပးႏုိင္တဲ့ အတြက္ေၾကာင့္ပါ။ ၾကက္ဥျပဳတ္စားၿပီး ရင္လည္း သစ္သီးတစ္မ်ိဳးမ်ိဳးကို သံုးေဆာင္ႏုိင္ပါတယ္။
ေလ့က်င့္ခန္း၊ အားကစား မလုပ္ခင္မွာ အဆာေျပစားသင့္တဲ့ အစားအေသာက္ေတြလည္း ရွိသလို၊ ေလ့က်င့္ခန္းျပဳလုပ္ၿပီးရင္လည္း ျပန္လည္အားျဖည့္ဖို႔ စားသံုးသင့္တဲ့ အစားအစာမ်ားကိုလည္း ေဖာ္ျပေပးခ်င္ပါတယ္။
(၁) ပဲေထာပတ္နဲ႔ ေပါင္မုန္႔ကို စားသံုးေပးပါ။ အထူးသျဖင့္ weight gain ေဆာ့ေနသူေတြနဲ႔ ၾကြက္သားအားျပဳတဲ့ အားကစားေတြကို ျပဳလုပ္ေနသူေတြ အတြက္ေတာ့ ပဲေထာပတ္နဲ႔ ေပါင္မုန္႔က သင့္အတြက္ အေကာင္းဆံုး အားျဖည့္စာ ျဖစ္ပါလိမ့္မယ္။
(၂) ၾကက္ရင္အံုသားကိုလည္း သင့္ရဲ႕ Diet plan ထဲမွာ ထည့္ထားလိုက္ပါ။ အာဟာရျပည့္ဝစြာ ပါဝင္တဲ့ ၾကက္ရင္အံုသားက ပရိုတင္းဓာတ္ျပည့္ဝတဲ့အျပင္ အားကစားျပဳလုပ္အၿပီး ဆံုးရံႈးသြားတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးႏုိင္ပါတယ္။
(၃) Sandwich ႀကိဳက္တဲ့သူေတြ အေနနဲ႔လည္း ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း၊ အားကစား ျပဳလုပ္အၿပီးမွာ စိတ္ႀကိဳက္စားႏုိင္ပါတယ္။ ဒါေပမယ့္ တူနာငါး Sandwich က အသင့္ေတာ္ဆံုး ျဖစ္ပါလိမ့္မယ္။ တူနာငါးက သင့္ရဲ႕ အရိုး၊ ၾကြက္သားမ်ားကို ခုိင္မာေစတဲ့အတြက္ အေကာင္းဆံုး ျဖည့္စြက္စာပဲ ျဖစ္ပါတယ္။
(၄) သစ္သီးနဲ႔ အရြက္သုပ္ကေတာ့ ဝိတ္ခ်ေနသူေတြနဲ႔ ကိုယ္အေလးခ်ိန္ ပံုမွန္ထိန္းထား ခ်င္သူေတြ အတြက္ေတာ့ စိတ္ခ်လက္ခ် စားႏုိင္ပါတယ္။ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီး က သင့္ရဲ႕ ခႏၶာကိုယ္မွာ ဆံုးရံႈးသြားတဲ့ ေရဓာတ္ကိုလည္း ျပန္လည္ျဖည့္တင္းေပး ႏုိင္သလို၊ က်န္းမာ လွပတဲ့ ဘဝကိုလည္း ပိုင္ဆိုင္ရရွိေစမွာပါ။
Credit: ေရႊေရာင္ (ေရႊအင္းေလး)
http://shweinnlay.com/2018/08/29/work-out-healthy-foods/
Unicode ဖြင့်ဖတ်ရန်
Work out မလုပ်ခင်နဲ့ Work out လုပ်ပြီးရင် ဘာတွေစားသင့်လဲ
လေ့ကျင့်ခန်းပုံမှန် လုပ်တာက ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုတဲ့ အလုပ်တစ်ခုပါပဲ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းဖြစ်ဖို့နဲ့ ပုံမှန် အမြဲတမ်းလုပ်နိုင်မယ့် အားကစားတစ်မျိုးမျိုးကို ရွေးချယ်ပြုလုပ်တတ်ဖို့ကလည်း လိုပါသေးတယ်။ ဒါမှလည်း ခန္ဓာကိုယ်အတွက် အကျိုးထိရောက်မှု ရှိမှာပါ။
တချို့က မနက်ပိုင်းထပြေးတာမျိုး၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ Gym ဆော့တာမျိုး၊ ပြင်းထန်တဲ့ work out လုပ်တာမျိုး စသဖြင့် ကိုယ်စိတ်ကြိုက်ဖြစ်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်ကြပါတယ်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်မယ်ဆိုတာနဲ့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကိုပါ ပြောင်းလဲ ပစ်ဖို့ကလည်း လိုပါသေးတယ်။ လေ့ကျင့်ခန်းမလုပ်ခင် အားအင်တွေ မဆုတ်ယုတ်သွားအောင် ဘာတွေ စားသင့်လဲ၊ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း အာဟာရဖြစ်စေမယ့် အစားအသောက်ကို ဘယ်လို ရွေးချယ် စားသုံးရမလဲ ဆိုတာကို သိထားဖို့တော့ လိုပါတယ်နော်။ ဒါ့ကြောင့် ကျန်းမာရေး လိုက်စားသူတွေအတွက် ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။
လေ့ကျင့်ခန်း၊ အားကစားမလုပ်ခင် စားသင့်တဲ့အစားအသောက်တွေကို ပြောရမယ်ဆိုရင်…
(၁) ချောကလက် ဒါမှမဟုတ် နွားနို့ တစ်ခွက်သောက်သုံးပေးနိုင်ပါတယ်။ အထူးသဖြင့် ကြွက်သားနဲ့ အရိုးတွေကို အားပြုပြီး လုပ်ရတဲ့ အားကစားနဲ့ လေ့ကျင့်ခန်းတွေကို ပြုလု့ပ်တဲ့အခါမျိုးမှာ ချောကလက် နဲ့ နွားနို့က သင့်အတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
(၂) အဆီပါဝင်မှု နည်းတဲ့ ဒိန်ချဉ်ကလည်း လေ့ကျင့်ခန်းမလုပ်ခင်မှာ စားသုံးသင့်တဲ့ အားဖြည့်စာ တစ်ခုပါပဲ။ ဒိန်ချဉ်ထဲကို သစ်သီးလေးတွေ ထည့်ပြီး စားသုံးနိုင်ပါတယ်။ ဒိန်ချဉ်က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်စဉ် အားအင်ကုန်ခမ်းဆုတ်ယုတ်သွားမှာကို ဟန့်တားပေးနိုင်ပါတယ်။။
(၃) ကြက်ဥပြုတ်ကတော့ အားကစားသမားများနဲ့ ပုံမှန် work out လုပ်သူတွေအတွက် အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်ဥပြုတ်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က သင့်ရဲ့ ကြွက်သားတည်ဆောက်မှု အတွက် များစွာ ပံ့ပိုးပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ ကြက်ဥပြုတ်စားပြီး ရင်လည်း သစ်သီးတစ်မျိုးမျိုးကို သုံးဆောင်နိုင်ပါတယ်။
လေ့ကျင့်ခန်း၊ အားကစား မလုပ်ခင်မှာ အဆာပြေစားသင့်တဲ့ အစားအသောက်တွေလည်း ရှိသလို၊ လေ့ကျင့်ခန်းပြုလုပ်ပြီးရင်လည်း ပြန်လည်အားဖြည့်ဖို့ စားသုံးသင့်တဲ့ အစားအစာများကိုလည်း ဖော်ပြပေးချင်ပါတယ်။
(၁) ပဲထောပတ်နဲ့ ပေါင်မုန့်ကို စားသုံးပေးပါ။ အထူးသဖြင့် weight gain ဆော့နေသူတွေနဲ့ ကြွက်သားအားပြုတဲ့ အားကစားတွေကို ပြုလုပ်နေသူတွေ အတွက်တော့ ပဲထောပတ်နဲ့ ပေါင်မုန့်က သင့်အတွက် အကောင်းဆုံး အားဖြည့်စာ ဖြစ်ပါလိမ့်မယ်။
(၂) ကြက်ရင်အုံသားကိုလည်း သင့်ရဲ့ Diet plan ထဲမှာ ထည့်ထားလိုက်ပါ။ အာဟာရပြည့်ဝစွာ ပါဝင်တဲ့ ကြက်ရင်အုံသားက ပရိုတင်းဓာတ်ပြည့်ဝတဲ့အပြင် အားကစားပြုလုပ်အပြီး ဆုံးရှုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
(၃) Sandwich ကြိုက်တဲ့သူတွေ အနေနဲ့လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၊ အားကစား ပြုလုပ်အပြီးမှာ စိတ်ကြိုက်စားနိုင်ပါတယ်။ ဒါပေမယ့် တူနာငါး Sandwich က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ တူနာငါးက သင့်ရဲ့ အရိုး၊ ကြွက်သားများကို ခိုင်မာစေတဲ့အတွက် အကောင်းဆုံး ဖြည့်စွက်စာပဲ ဖြစ်ပါတယ်။
(၄) သစ်သီးနဲ့ အရွက်သုပ်ကတော့ ဝိတ်ချနေသူတွေနဲ့ ကိုယ်အလေးချိန် ပုံမှန်ထိန်းထား ချင်သူတွေ အတွက်တော့ စိတ်ချလက်ချ စားနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီး က သင့်ရဲ့ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေး နိုင်သလို၊ ကျန်းမာ လှပတဲ့ ဘဝကိုလည်း ပိုင်ဆိုင်ရရှိစေမှာပါ။
Credit: ရွှေရောင် (ရွှေအင်းလေး)
Sign up here with your email
ConversionConversion EmoticonEmoticon