Zawgyi ျဖင့္ဖတ္ရန္
အေရျပားနွင့္အနီးဆံုးေနရာမွာ ပံုမွန္မဟုတ္ဘဲ ေသြးျပန္ေၾကာ အရြယ္အစားၾကီးမားလာမႈေၾကာင့္ ေသြးေၾကာထံုးျခင္း ၊ ေဖာင္းျခင္း ျဖစ္လာပါတယ္ ။ အမ်ားအားျဖင့္ ေပါင္ နွင့္ ေျခသလံုးလို ေသြးလည္ပတ္မႈ ေနွးေကြးတဲ့ ေနရာမ်ိဳးမွာ အျဖစ္မ်ားၾကပါတယ္ ။ US ရွိ လူမႈက်န္းမာေရးဌာနရဲ႕ ေလ့လာခ်က္အရ အမ်ိဳးသမီး ၂၅ ရာခိုင္နႈန္း နွင့္ အမ်ိဳးသား ၁၀ ရာခိုင္နႈန္းမွာ ေသြးေၾကာထံုးျခင္း ျဖစ္နိုင္တယ္လို႕ ဆိုပါတယ္ ။
မ်ိဳးရိုဗီဇေၾကာင့္ေသာ္လည္းေကာင္း ၊ မတ္တပ္ရပ္မ်ားေသာေၾကာင့္ လည္းေကာင္း ၊ အဝလြန္ျခင္းေၾကာင့္လည္းေကာင္း ၊ တားေဆးမ်ားသံုးစြဲျခင္းေၾကာင့္လည္းေကာင္း ၊ ဝမ္းခ်ဳပ္ျခင္း နွင့္ ကုိယ္ဝန္ေဆာင္ခ်ိန္ ၊ အပ်ိဳျဖစ္ခ်ိန္ နွင့္ ေသြးဆံုးခ်ိန္ ေဟာ္မုန္းေျပာင္းလဲမႈေတြေၾကာင့္ လည္းေကာင္း ေသြးေၾကာေဖာင္းျခင္း ၊ ထံုးျခင္းေတြ ျဖစ္လာပါတယ္ ။ ဒီလိုျဖစ္လာတဲ့အခါ နာၾကင္ျခင္း ၊ ေမာပန္းပင္ပန္းေနျခင္း ၊ နွလံုးေသြးတိုးျခင္း ၊ စပ္ဖ်င္းဖ်င္းျဖစ္ျခင္း ၊ ေျခေထာက္ေလးျခင္းေတြ ခံစားလာရနိုင္ပါတယ္ ။
ပံုမွန္အားျဖင့္ ေသြးေၾကာထံုးတာ ၊ ေဖာင္းတာ ေဖ်ာက္ပစ္ဖို႕ ဆာဂ်ရီလုပ္တာ ၊ ခဲြစိတ္တာ စတဲ့နည္းလမ္းေတြကို သံုးက်ေသာ္လည္း ေစ်းၾကီးတာေၾကာင့္ လုပ္ဖို႔ မလြယ္ကူပါဘူး ။ ဒါ့ေၾကာင့္ ေအာက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေတြကို စမ္းလုပ္ၾကည့္ေစခ်င္ပါတယ္ ။
၁။ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္ဟာ ေသြးေၾကာထံုးတာ ေပ်ာက္ဖို႔အတြက္ သဘာဝ သန္႔စင္ေဆးရည္ျဖစ္ျပီး ေသြးလည္ပတ္မႈအတြက္လည္း အထူးေကာင္းမြန္ပါတယ္ ။ ေသြးလည္ပတ္မႈ ပံုမွန္ေကာင္းမြန္ေနေလ ေသြးေၾကာထံုးျခင္းကလည္း တေျဖးေျဖး နည္းလာေလပါပဲ ။
-ပန္းသီးရွာလကာရည္ကို ဘာမွမေရာဘဲ ဒီအတိုင္းအသံုးျပဳပါမယ္ ။ ေသြးေၾကာထံုးတဲ့ေနရာမွာ ပန္းသီးရွာလကာရည္ အနည္းငယ္ကို ပြတ္ျပီး နွိပ္ေပးရမွာပါ ။ ဒီနည္းကို ညအိပ္ရာမဝင္ခင္နွင့္ မနက္အိပ္ရာနိုးခ်ိိန္တိုင္း ပံုမွန္လုပ္ေဆာင္ေပးမယ္ဆို လအနည္းငယ္ၾကာတဲ့အခါ သိသိသာသာ ေသြးေၾကာထံုးတဲ့ အရြယ္အစား ေသးသြားတာကို ျမင္ေတြ႕ရမွာပါ။
-ေနာက္တစ္နည္းကေတာ့ ေရတစ္ဖန္ခြက္ထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ ေရာေမႊျပီး ေသာက္သံုးတဲ့နည္းပါ ။ တစ္ေန႔ကို နွစ္ၾကိမ္ေသာက္ျပီး ၁လၾကာတဲ့အခါမွာ ရလဒ္ကို သိသိသာသာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္ ။
၂။သံလြင္ဆီ
သံလြင္ဆီက ေသြးေၾကာထံုးျခင္းအတြက္ ေသြးလည္ပတ္မႈ ေကာင္းေစရံုသာမက ေရာင္ရမ္းနာၾကင္မႈေတြကိုပါ သက္သာေပ်ာက္ကင္းေစပါတယ္။
-သံလြင္ဆီနွင့္ ဗီတာမင္အီးအဆီကို ဆတူေရာစပ္ျပီး အနည္းငယ္ေႏြးသြားေအာင္ အပူေပးပါ ။ ထို႔ေနာက္ ေဖာင္းၾကြေနေသာ ေသြးေၾကာေနရာသို႔ လိမ္းျပီး မိနစ္အနည္းငယ္ၾကာ နွိပ္ေပးပါ ။ ထိုအတိုင္း ေန႔စဥ္ ၂ၾကိမ္နႈန္းျဖင့္ ၁လမွ၂လၾကာသည္အထိ ပံုမွန္လုပ္ေဆာင္ေပးရမွာပါ ။
၃။ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴမွာ ေသြးေၾကာထံုးတဲ့ လကၡဏာေတြကို ေျဖေဖ်ာက္ေပးျပီး ေရာင္ရမ္းနာၾကင္မႈေတြကိုလည္း ေလွ်ာ့ခ်ေပးနိုင္ပါတယ္ ။ ဒါ့အျပင္ ေသြးေၾကာအတြင္းရွိ အႏၱရာယ္ရွိေသာ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးကာ ေသြးလွည့္ပတ္မႈ အတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္ ။
-ပထမဦးစြာ ၾကက္သြန္ျဖဴ ေျခာက္ေတာင့္ကို လွီးျပီး သန္႔စင္ေသာ ဖန္ပုလင္းထဲသို႔ထည့္ပါ ။ ထို႔ေနာ္က လိေမၼာ္သီး သံုးလံုးခန္႔ကို အရည္ညွစ္ျပီး ထပ္ထည့္ပါ ။ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ကို ထည့္ျပီး ထိုအေရာအေနွာကို ၁၂နာရီခန္႔ ထားထားလိုက္ပါ ။ ၾကာျပီးသြားလွ်င္ ထိုပုလင္းကို နွံ႔စပ္သြားေအာင္ ခေလာက္လိုက္ပါ ။ ျပီးလွ်င္ ေသြးေၾကာထံုးေသာေနရာသို႔ လက္ေခ်ာင္းေလးျဖင့္ အစက္အနည္းငယ္ခ်ျပီး စက္ဝိုင္းပံုစံအတိုင္း ၁၅မိနစ္ခန္႔ နွိပ္နယ္ လိမ္းေပးပါ ။ လိမ္းျပီးသြားျပီဆိုရင္ေတာ့ အဝတ္ျဖင့္သုတ္ျပီး တစ္ညလံုးထားထားလိုက္ပါ ။ ဒီနည္းျဖင့္ လအနည္းငယ္ၾကာေအာင္ ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္ ။
ေစ်းမၾကီးေသာ အိမ္တြင္းနည္းလမ္းေကာင္းေတြ ျဖစ္တာေၾကာင့္ စိတ္ရွည္ရွည္နဲ႕ ပံုမွန္လုပ္ေဆာင္ေပးဖို႔ေတာ့ လိုပါတယ္ေန္ာ…
Credit : CHAN (ေရႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
သွေးကြောထုံးခြင်း ၊ သွေးကြောဖောင်းခြင်းတို့ကို ပြေပျောက်သွားစေမယ့် နည်းလမ်းကောင်းများ
အရေပြားနှင့်အနီးဆုံးနေရာမှာ ပုံမှန်မဟုတ်ဘဲ သွေးပြန်ကြော အရွယ်အစားကြီးမားလာမှုကြောင့် သွေးကြောထုံးခြင်း ၊ ဖောင်းခြင်း ဖြစ်လာပါတယ် ။ အများအားဖြင့် ပေါင် နှင့် ခြေသလုံးလို သွေးလည်ပတ်မှု နှေးကွေးတဲ့ နေရာမျိုးမှာ အဖြစ်များကြပါတယ် ။ US ရှိ လူမှုကျန်းမာရေးဌာနရဲ့ လေ့လာချက်အရ အမျိုးသမီး ၂၅ ရာခိုင်နှုန်း နှင့် အမျိုးသား ၁၀ ရာခိုင်နှုန်းမှာ သွေးကြောထုံးခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ် ။
မျိုးရိုဗီဇကြောင့်သော်လည်းကောင်း ၊ မတ်တပ်ရပ်များသောကြောင့် လည်းကောင်း ၊ အဝလွန်ခြင်းကြောင့်လည်းကောင်း ၊ တားဆေးများသုံးစွဲခြင်းကြောင့်လည်းကောင်း ၊ ဝမ်းချုပ်ခြင်း နှင့် ကိုယ်ဝန်ဆောင်ချိန် ၊ အပျိုဖြစ်ချိန် နှင့် သွေးဆုံးချိန် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် လည်းကောင်း သွေးကြောဖောင်းခြင်း ၊ ထုံးခြင်းတွေ ဖြစ်လာပါတယ် ။ ဒီလိုဖြစ်လာတဲ့အခါ နာကြင်ခြင်း ၊ မောပန်းပင်ပန်းနေခြင်း ၊ နှလုံးသွေးတိုးခြင်း ၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း ၊ ခြေထောက်လေးခြင်းတွေ ခံစားလာရနိုင်ပါတယ် ။
ပုံမှန်အားဖြင့် သွေးကြောထုံးတာ ၊ ဖောင်းတာ ဖျောက်ပစ်ဖို့ ဆာဂျရီလုပ်တာ ၊ ခွဲစိတ်တာ စတဲ့နည်းလမ်းတွေကို သုံးကျသော်လည်း ဈေးကြီးတာကြောင့် လုပ်ဖို့ မလွယ်ကူပါဘူး ။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို စမ်းလုပ်ကြည့်စေချင်ပါတယ် ။
၁။ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ သွေးကြောထုံးတာ ပျောက်ဖို့အတွက် သဘာဝ သန့်စင်ဆေးရည်ဖြစ်ပြီး သွေးလည်ပတ်မှုအတွက်လည်း အထူးကောင်းမွန်ပါတယ် ။ သွေးလည်ပတ်မှု ပုံမှန်ကောင်းမွန်နေလေ သွေးကြောထုံးခြင်းကလည်း တဖြေးဖြေး နည်းလာလေပါပဲ ။
-ပန်းသီးရှာလကာရည်ကို ဘာမှမရောဘဲ ဒီအတိုင်းအသုံးပြုပါမယ် ။ သွေးကြောထုံးတဲ့နေရာမှာ ပန်းသီးရှာလကာရည် အနည်းငယ်ကို ပွတ်ပြီး နှိပ်ပေးရမှာပါ ။ ဒီနည်းကို ညအိပ်ရာမဝင်ခင်နှင့် မနက်အိပ်ရာနိုးချိန်တိုင်း ပုံမှန်လုပ်ဆောင်ပေးမယ်ဆို လအနည်းငယ်ကြာတဲ့အခါ သိသိသာသာ သွေးကြောထုံးတဲ့ အရွယ်အစား သေးသွားတာကို မြင်တွေ့ရမှာပါ။
-နောက်တစ်နည်းကတော့ ရေတစ်ဖန်ခွက်ထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့် ရောမွှေပြီး သောက်သုံးတဲ့နည်းပါ ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပြီး ၁လကြာတဲ့အခါမှာ ရလဒ်ကို သိသိသာသာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
၂။သံလွင်ဆီ
သံလွင်ဆီက သွေးကြောထုံးခြင်းအတွက် သွေးလည်ပတ်မှု ကောင်းစေရုံသာမက ရောင်ရမ်းနာကြင်မှုတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။
-သံလွင်ဆီနှင့် ဗီတာမင်အီးအဆီကို ဆတူရောစပ်ပြီး အနည်းငယ်နွေးသွားအောင် အပူပေးပါ ။ ထို့နောက် ဖောင်းကြွနေသော သွေးကြောနေရာသို့ လိမ်းပြီး မိနစ်အနည်းငယ်ကြာ နှိပ်ပေးပါ ။ ထိုအတိုင်း နေ့စဉ် ၂ကြိမ်နှုန်းဖြင့် ၁လမှ၂လကြာသည်အထိ ပုံမှန်လုပ်ဆောင်ပေးရမှာပါ ။
၃။ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ သွေးကြောထုံးတဲ့ လက္ခဏာတွေကို ဖြေဖျောက်ပေးပြီး ရောင်ရမ်းနာကြင်မှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ် ။ ဒါ့အပြင် သွေးကြောအတွင်းရှိ အန္တရာယ်ရှိသော အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးကာ သွေးလှည့်ပတ်မှု အတွက် များစွာ အထောက်အကူပြုပါတယ် ။
-ပထမဦးစွာ ကြက်သွန်ဖြူ ခြောက်တောင့်ကို လှီးပြီး သန့်စင်သော ဖန်ပုလင်းထဲသို့ထည့်ပါ ။ ထို့နော်က လိမ္မော်သီး သုံးလုံးခန့်ကို အရည်ညှစ်ပြီး ထပ်ထည့်ပါ ။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ထည့်ပြီး ထိုအရောအနှောကို ၁၂နာရီခန့် ထားထားလိုက်ပါ ။ ကြာပြီးသွားလျှင် ထိုပုလင်းကို နှံ့စပ်သွားအောင် ခလောက်လိုက်ပါ ။ ပြီးလျှင် သွေးကြောထုံးသောနေရာသို့ လက်ချောင်းလေးဖြင့် အစက်အနည်းငယ်ချပြီး စက်ဝိုင်းပုံစံအတိုင်း ၁၅မိနစ်ခန့် နှိပ်နယ် လိမ်းပေးပါ ။ လိမ်းပြီးသွားပြီဆိုရင်တော့ အဝတ်ဖြင့်သုတ်ပြီး တစ်ညလုံးထားထားလိုက်ပါ ။ ဒီနည်းဖြင့် လအနည်းငယ်ကြာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ် ။
ဈေးမကြီးသော အိမ်တွင်းနည်းလမ်းကောင်းတွေ ဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ဆောင်ပေးဖို့တော့ လိုပါတယ်နေ်ာ…
Credit : CHAN (ရွှေအင်းလေး)
Sign up here with your email
ConversionConversion EmoticonEmoticon