Zawgyi ျဖင့္ဖတ္ရန္
ယေန႔ေခတ္မွာ တက္တူးထုိးျခင္းက လူငယ္ေတြအၾကား ေရပန္းစားလာၿပီး လူအမ်ားကလည္း လက္ခံ လာၾကတဲ့ အႏုပညာတစ္ရပ္ျဖစ္လာပါတယ္။ ကိုယ့္ရဲ႕ ခႏၶာကိုယ္အေရျပားေပၚ အမွတ္အသား အျဖစ္ ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ တက္တူးေရထိုးလာတဲ့အေပၚ ျပစ္တင္ေဝဖန္ ရႈတ္ခ်မႈေတြလည္း မေတြ႔ရ ေတာ့ပါဘူး။ ဒါ့ေၾကာင့္လည္း တက္တူးထိုးတဲ့သူေတြက တစ္ေန႔ထက္တစ္ေန႔ ပိုပိုမ်ားလာ ပါတယ္။ တက္တူးထိုးတာက အျပစ္လို႔ မဆိုႏုိင္ေပမယ့္ တက္တူးထိုးၿပီးတဲ့အခါ ျဖစ္လာမယ့္ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြကိုေတာ့ သတိျပဳသင့္ပါတယ္။ တက္တူးေဆးနဲ႔ ဓာတ္မတည့္တာမ်ိဳး၊ တက္တူးထိုးၿပီးလို႔ အနာမက်က္ခင္ ပိုးဝင္သြားတာမ်ိဳး စတဲ့ ဆိုးက်ိဳးေတြကိုေတာ့ သိထားသင့္ပါတယ္။ ဒီေတာ့.. တက္တူးထိုးၿပီးတဲ့အခါမွာ အနာမက်က္ခင္ ဒီလိုလကၡဏာရပ္ေတြ ျဖစ္ေပၚလာၿပီဆိုရင္ေတာ့ အေရျပားဆရာဝန္နဲ႔ ျပသဖို႔ အႀကံျပဳပါရေစ။
(၁) အေရျပားနီျမန္းလာျခင္း
တက္တူးထိုးတဲ့အခါမွာေတာ့ အသားအေရနီျမန္းလာတာက သဘာဝဆိုေပမယ့္ ထိုးၿပီးသြားတဲ့ ႏွစ္ရက္၊ သံုးရက္ ေလာက္ထိကို အေရျပား နီျမန္းေနေသးတယ္ ဆိုရင္ေတာ့ သတိထား ေစာင့္ၾကည့္ဖို႔ေတာ့ လိုပါမယ္။ တက္တူးထိုးထားတဲ့ အေရျပားမွာ ပိုးဝင္သြားရင္လည္း ဒီလိုမ်ိဳး အသားအေရနီျမန္း ေရာင္ရမ္းျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။
(၂) ယားယံလာျခင္း
အေရျပားနီျမန္းၿပီးေနာက္မွာ ျဖစ္လာႏုိင္တဲ့ ေနာက္ဆက္တြဲအေျခအေနကေတာ့ ယားယံလာျခင္းပါပဲ။ တကယ္လို႔ တက္တူးထိုးၿပီး ၄၈ နာရီအတြင္း အေရျပားနီျမန္းၿပီး ယားယံလာတယ္ဆုိရင္ေတာ့ အနာထဲပိုးဝင္သြားတဲ့ လကၡဏာရပ္ပါပဲ။ မေပ့ါဆသင့္ပါဘူး။
(၃) ေရာင္ရမ္းနာက်ဥ္ျခင္း
တက္တူးထိုးထားတဲ့ အေရျပားတစ္ဝုိက္ ဖူးေရာင္ၿပီး နာက်ဥ္တတ္တာကေတာ့ ေျဖးေျဖးခ်င္း သက္သာသြားတတ္ပါတယ္။ ဒါေပမယ့္ ပိုဆိုးလာၿပီး တက္တူးထိုးထားတဲ့ အေရျပားတစ္ဝုိက္အႏွံ႔ကို ေရာင္ရမ္းနာက်ဥ္မႈ ပိုတိုးလာတယ္ဆုိရင္ေတာ့ အေရျပားဆရာဝန္နဲ႔ ျပသသင့္ပါတယ္။
(၄) ဖ်ားနာျခင္း
တက္တူးထိုးျခင္းေၾကာင့္ နာက်ဥ္မႈဒဏ္ခံစားရၿပီး ကိုယ္ခံအားနည္းသူေတြက ဖ်ားနာတတ္ပါတယ္။ တက္တူးထိုးေနစဥ္အတြင္းမွာေတာင္ ခႏၶာကိိုယ္တြင္း အပူခ်ိန္ဟာ ၉၉ ေလာက္ထိကို ျမွင့္တက္ သြားတယ္လို႔ တက္တူးဆရာမ်ားက ဆိုပါတယ္။ ဒါေပမယ့္ တက္တူးထိုးၿပီးသြားလို႔ အပူခ်ိန္က ဆက္လက္ျမွင့္တက္ေနေသးတယ္ အဖ်ား ၉၉ ေက်ာ္ေနတယ္ဆိုရင္ေတာ့ သတိထားသင့္တဲ့ အေျခအေနပါပဲ။
(၅) ၾကြက္သားမ်ားနာက်ဥ္ကိုက္ခဲျခင္း
တက္တူးထိုးတဲ့ ေနရာတစ္ဝုိက္ နာတာမ်ိဳးမဟုတ္ဘဲ ခႏၶာကိုယ္တစ္ဝုိက္က ၾကြက္သားတိုင္းလိုလို တင္းရင္းနာက်ဥ္ကိုက္ခဲလာတာမ်ိဳး ကလည္း တက္တူးထိုးသူေတြ သတိျပဳသင့္တဲ့ အခ်က္ပါပဲ။ ၾကြက္သားမ်ား နာက်င္ကိုက္ခဲလာျခင္းအျပင္ ကိုယ္ခံအား လည္းေလ်ာ့နည္းလာၿပီး ပင္ပန္းႏံုးခ်ိ လာျခင္းကလည္း အနာထဲပိုးဝင္ျခင္းရဲ႕ လကၡဏာရပ္ပါပဲ။
Credit : ေရႊေရာင္ (ေရႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
တက်တူးထိုးသူများ သတိပြုသင့်တဲ့ အနာမကျက်ခင်ရောဂါပိုးဝင်ရောက်ခြင်း
ယနေ့ခေတ်မှာ တက်တူးထိုးခြင်းက လူငယ်တွေအကြား ရေပန်းစားလာပြီး လူအများကလည်း လက်ခံ လာကြတဲ့ အနုပညာတစ်ရပ်ဖြစ်လာပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အရေပြားပေါ် အမှတ်အသား အဖြစ် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တက်တူးရေထိုးလာတဲ့အပေါ် ပြစ်တင်ဝေဖန် ရှုတ်ချမှုတွေလည်း မတွေ့ရ တော့ပါဘူး။ ဒါ့ကြောင့်လည်း တက်တူးထိုးတဲ့သူတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာ ပါတယ်။ တက်တူးထိုးတာက အပြစ်လို့ မဆိုနိုင်ပေမယ့် တက်တူးထိုးပြီးတဲ့အခါ ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုတော့ သတိပြုသင့်ပါတယ်။ တက်တူးဆေးနဲ့ ဓာတ်မတည့်တာမျိုး၊ တက်တူးထိုးပြီးလို့ အနာမကျက်ခင် ပိုးဝင်သွားတာမျိုး စတဲ့ ဆိုးကျိုးတွေကိုတော့ သိထားသင့်ပါတယ်။ ဒီတော့.. တက်တူးထိုးပြီးတဲ့အခါမှာ အနာမကျက်ခင် ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသဖို့ အကြံပြုပါရစေ။
(၁) အရေပြားနီမြန်းလာခြင်း
တက်တူးထိုးတဲ့အခါမှာတော့ အသားအရေနီမြန်းလာတာက သဘာဝဆိုပေမယ့် ထိုးပြီးသွားတဲ့ နှစ်ရက်၊ သုံးရက် လောက်ထိကို အရေပြား နီမြန်းနေသေးတယ် ဆိုရင်တော့ သတိထား စောင့်ကြည့်ဖို့တော့ လိုပါမယ်။ တက်တူးထိုးထားတဲ့ အရေပြားမှာ ပိုးဝင်သွားရင်လည်း ဒီလိုမျိုး အသားအရေနီမြန်း ရောင်ရမ်းခြင်းမျိုး ဖြစ်တတ်ပါတယ်။
(၂) ယားယံလာခြင်း
အရေပြားနီမြန်းပြီးနောက်မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေကတော့ ယားယံလာခြင်းပါပဲ။ တကယ်လို့ တက်တူးထိုးပြီး ၄၈ နာရီအတွင်း အရေပြားနီမြန်းပြီး ယားယံလာတယ်ဆိုရင်တော့ အနာထဲပိုးဝင်သွားတဲ့ လက္ခဏာရပ်ပါပဲ။ မပေ့ါဆသင့်ပါဘူး။
(၃) ရောင်ရမ်းနာကျဉ်ခြင်း
တက်တူးထိုးထားတဲ့ အရေပြားတစ်ဝိုက် ဖူးရောင်ပြီး နာကျဉ်တတ်တာကတော့ ဖြေးဖြေးချင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ပိုဆိုးလာပြီး တက်တူးထိုးထားတဲ့ အရေပြားတစ်ဝိုက်အနှံ့ကို ရောင်ရမ်းနာကျဉ်မှု ပိုတိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။
(၄) ဖျားနာခြင်း
တက်တူးထိုးခြင်းကြောင့် နာကျဉ်မှုဒဏ်ခံစားရပြီး ကိုယ်ခံအားနည်းသူတွေက ဖျားနာတတ်ပါတယ်။ တက်တူးထိုးနေစဉ်အတွင်းမှာတောင် ခန္ဓာကိုယ်တွင်း အပူချိန်ဟာ ၉၉ လောက်ထိကို မြှင့်တက် သွားတယ်လို့ တက်တူးဆရာများက ဆိုပါတယ်။ ဒါပေမယ့် တက်တူးထိုးပြီးသွားလို့ အပူချိန်က ဆက်လက်မြှင့်တက်နေသေးတယ် အဖျား ၉၉ ကျော်နေတယ်ဆိုရင်တော့ သတိထားသင့်တဲ့ အခြေအနေပါပဲ။
(၅) ကြွက်သားများနာကျဉ်ကိုက်ခဲခြင်း
တက်တူးထိုးတဲ့ နေရာတစ်ဝိုက် နာတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ဝိုက်က ကြွက်သားတိုင်းလိုလို တင်းရင်းနာကျဉ်ကိုက်ခဲလာတာမျိုး ကလည်း တက်တူးထိုးသူတွေ သတိပြုသင့်တဲ့ အချက်ပါပဲ။ ကြွက်သားများ နာကျင်ကိုက်ခဲလာခြင်းအပြင် ကိုယ်ခံအား လည်းလျော့နည်းလာပြီး ပင်ပန်းနုံးချိ လာခြင်းကလည်း အနာထဲပိုးဝင်ခြင်းရဲ့ လက္ခဏာရပ်ပါပဲ။
Credit : ရွှေရောင် (ရွှေအင်းလေး)
Sign up here with your email
ConversionConversion EmoticonEmoticon