Zawgyi ျဖင့္ဖတ္ရန္
ဝိတ္ခ်သူေတြႀကံဳေတြ႔ရတဲ့ အဓိကျပႆနာကေတာ့ မၾကာခဏဗုိက္ဆာတတ္တာပါပဲ။ အစားေလ်ာ့စားၿပီး ကိုယ္လက္လႈပ္ရွားမႈေတြျပဳလုပ္ရေတာ့ အားအင္ျပည့္ဝဖုိ႔ အစားအေသာက္မ်ားကို အလြန္အကၽြံစာသံုးမိၿပီး ဝိတ္ျပန္တက္လာတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းလည္း ပံုမွန္ျပဳလုပ္သင့္ၿပီး အဆီအဆိမ့္နဲ႔ အခ်ိဳဓာတ္လြန္ကဲတဲ့အစားအစာမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္ေနာ္။ ဒါ့အျပင္ မနက္စာ၊ ေန႔လည္စာ၊ ညစာကိုလည္း စည္းစနစ္က်က်နဲ႔ စားသံုးဖို႔လိုပါတယ္။ အခုအခါမွာဆိုရင္ေတာ့ ဝိတ္ခ်ေနတဲ့သူေတြအေနနဲ႔ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏိုင္ဖို႔အတြက္ ဘာေတြလိုက္နာသင့္လဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။
(၁) အစားမစားခင္ေရတစ္ဖန္ခြက္ေသာက္သံုးေပးပါ။
ဒီလိုျပဳလုပ္ေပးျခင္းက အလြန္အကၽြံစားေသာက္မိတာမ်ိဳး မျဖစ္ေတာ့ပါဘူး။ အခ်ိဳ႕ကလည္း ေရဆာတာကို ဗိုက္ဆာတယ္လို႔ အထင္မွားၿပီး စားသံုးမိတာမ်ိဳးလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ ဗိုက္ဆာလို႔အစာစားေတာ့မယ္ဆိုရင္ မစားသံုးခင္မွာ ေရတစ္ဖန္ခြက္ေသာက္ေပးရပါမယ္။ ဒါမွ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏိုင္မွာပါေနာ္။
(၂) ေန႔စဥ္ပန္းသီးတစ္လံုးစားပါ။
ဝိတ္ခ်ေနသူမ်ားအေနနဲ႔ တစ္ရက္ကိုပန္းသီးတစ္လံုးပံုမွန္ စားသံုးေပးမယ္ဆိုရင္ ကယ္လိုရီမ်ား ေလာင္ကၽြမ္းေစၿပီး အစာစားခ်င္စိတ္ကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္ပါလိမ့္မယ္။ အစာစားၿပီးတဲ့အခါမွာပဲ ျဖစ္ျဖစ္၊ အစာမစားဘဲသစ္သီးေတြစားခ်င္တယ္ဆိုရင္လည္း ပန္းသီးကိုစားသံုးေပးပါေနာ္။
(၃) သဘာဝသစ္သီးေဖ်ာ္ရည္ကို ေသာက္သံုးႏိုင္ပါတယ္။
အဆီနဲ႔ သၾကားမပါဝင္ဖုိ႔ေတာ့ လိုပါတယ္ေနာ္။သစ္သီးေဖ်ာ္ရည္ကိုေသာက္သံုးတဲ့အခါမွာလည္း ၾကိတ္စက္နဲ႔ေခ်ၿပီး ေသာက္သံုးတာထက္စာရင္ အဖတ္ကေလးေတြက်န္ရစ္ေနတာမ်ိဳးေလာက္ပဲ ေဖ်ာ္ပါ။ ဝါးစားၿပီးေသာက္ရတာေၾကာင့္ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးနိုင္ပါတယ္။
(၄) ပရိုတိန္းဓာတ္ျဖည့္တင္းေပးပါ။
diet လုပ္တဲ့အစီအစဥ္မွာ ပရိုတိန္းပါဝင္တဲ့ အစားအစာေတြကို ထည့္သြင္းဖို႔ လိုပါတယ္ေနာ္။ ပရိုတိန္းဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အမဲသား၊ ၾကက္ဥ၊ ပဲအမ်ိဳးမ်ိဳးနဲ႔ ငါး စတာေတြက အင္အားျဖစ္ေစၿပီး အဆာခံႏိုင္တဲ့အစားအစာေတြပဲ ျဖစ္ပါတယ္။ ဝိတ္တက္မွာကို စိုးရိမ္မေနပါနဲ႔။ ပရိုတိန္းဓာတ္က ၾကြက္သားမ်ားကို သန္မာေစႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ ဝိတ္ခ်ေနသူေတြအေနနဲ႔ အဆာခံႏိုင္ဖုိ႔အတြက္ ပရိုတိန္းဓာတ္ကိုျဖည့္တင္းေပးသင့္ပါတယ္ေနာ္။
(၅) အမွ်င္ဓာတ္ပါဝင္တဲ့ အသီးအရြက္မ်ားကို စားသံုးေပးပါ။
အဆာခံတဲ့အခါမွာ ေလထိုးေလေအာင့္ျဖစ္ၿပီး အစာအိမ္နာတာေတြအတြက္ အမွ်င္ဓာတ္ပါဝင္တဲ့ အသီးအရြက္ေတြက ကုသေပးပါလိမ့္မယ္။ ဒါ့အျပင္ မၾကာခဏအစာစားခ်င္စိတ္ျဖစ္ေပၚေနသူေတြအတြက္လည္း ကယ္လိုရီလံုးဝမပါဝင္ဘဲ အမွ်င္ဓာတ္ပါဝင္တဲ့ အသီးအရြက္ေတြစားသံုးဖုိ႔ကို အႀကံျပဳပါရေစ။
Credit : (ေရႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
ဝိတ်ချနေသူများအတွက်အစာစားချင်စိတ်ကိုထိန်းချုပ်နည်း
ဝိတ်ချသူတွေကြုံတွေ့ရတဲ့ အဓိကပြဿနာကတော့ မကြာခဏဗိုက်ဆာတတ်တာပါပဲ။ အစားလျော့စားပြီး ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ရတော့ အားအင်ပြည့်ဝဖို့ အစားအသောက်များကို အလွန်အကျွံစာသုံးမိပြီး ဝိတ်ပြန်တက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်သင့်ပြီး အဆီအဆိမ့်နဲ့ အချိုဓာတ်လွန်ကဲတဲ့အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်နော်။ ဒါ့အပြင် မနက်စာ၊ နေ့လည်စာ၊ ညစာကိုလည်း စည်းစနစ်ကျကျနဲ့ စားသုံးဖို့လိုပါတယ်။ အခုအခါမှာဆိုရင်တော့ ဝိတ်ချနေတဲ့သူတွေအနေနဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ဖို့အတွက် ဘာတွေလိုက်နာသင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အစားမစားခင်ရေတစ်ဖန်ခွက်သောက်သုံးပေးပါ။
ဒီလိုပြုလုပ်ပေးခြင်းက အလွန်အကျွံစားသောက်မိတာမျိုး မဖြစ်တော့ပါဘူး။ အချို့ကလည်း ရေဆာတာကို ဗိုက်ဆာတယ်လို့ အထင်မှားပြီး စားသုံးမိတာမျိုးလည်း ရှိပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာလို့အစာစားတော့မယ်ဆိုရင် မစားသုံးခင်မှာ ရေတစ်ဖန်ခွက်သောက်ပေးရပါမယ်။ ဒါမှ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်မှာပါနော်။
(၂) နေ့စဉ်ပန်းသီးတစ်လုံးစားပါ။
ဝိတ်ချနေသူများအနေနဲ့ တစ်ရက်ကိုပန်းသီးတစ်လုံးပုံမှန် စားသုံးပေးမယ်ဆိုရင် ကယ်လိုရီများ လောင်ကျွမ်းစေပြီး အစာစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။ အစာစားပြီးတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အစာမစားဘဲသစ်သီးတွေစားချင်တယ်ဆိုရင်လည်း ပန်းသီးကိုစားသုံးပေးပါနော်။
(၃) သဘာဝသစ်သီးဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။
အဆီနဲ့ သကြားမပါဝင်ဖို့တော့ လိုပါတယ်နော်။သစ်သီးဖျော်ရည်ကိုသောက်သုံးတဲ့အခါမှာလည်း ကြိတ်စက်နဲ့ချေပြီး သောက်သုံးတာထက်စာရင် အဖတ်ကလေးတွေကျန်ရစ်နေတာမျိုးလောက်ပဲ ဖျော်ပါ။ ဝါးစားပြီးသောက်ရတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
(၄) ပရိုတိန်းဓာတ်ဖြည့်တင်းပေးပါ။
diet လုပ်တဲ့အစီအစဉ်မှာ ပရိုတိန်းပါဝင်တဲ့ အစားအစာတွေကို ထည့်သွင်းဖို့ လိုပါတယ်နော်။ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အမဲသား၊ ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ ငါး စတာတွေက အင်အားဖြစ်စေပြီး အဆာခံနိုင်တဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ ဝိတ်တက်မှာကို စိုးရိမ်မနေပါနဲ့။ ပရိုတိန်းဓာတ်က ကြွက်သားများကို သန်မာစေနိုင်ပါသေးတယ်။ ဒါ့ကြောင့် ဝိတ်ချနေသူတွေအနေနဲ့ အဆာခံနိုင်ဖို့အတွက် ပရိုတိန်းဓာတ်ကိုဖြည့်တင်းပေးသင့်ပါတယ်နော်။
(၅) အမျှင်ဓာတ်ပါဝင်တဲ့ အသီးအရွက်များကို စားသုံးပေးပါ။
အဆာခံတဲ့အခါမှာ လေထိုးလေအောင့်ဖြစ်ပြီး အစာအိမ်နာတာတွေအတွက် အမျှင်ဓာတ်ပါဝင်တဲ့ အသီးအရွက်တွေက ကုသပေးပါလိမ့်မယ်။ ဒါ့အပြင် မကြာခဏအစာစားချင်စိတ်ဖြစ်ပေါ်နေသူတွေအတွက်လည်း ကယ်လိုရီလုံးဝမပါဝင်ဘဲ အမျှင်ဓာတ်ပါဝင်တဲ့ အသီးအရွက်တွေစားသုံးဖို့ကို အကြံပြုပါရစေ။
Credit : (ရွှေအင်းလေး)
Sign up here with your email
ConversionConversion EmoticonEmoticon