သင်အသည်းကွဲနေပါသလား။ အသည်းကွဲခြင်းကို ကုစားဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ဖက်က တကယ်ချစ်နေတဲ့အခါ၊ ဘာမှမပြင်ဆင်ထားတဲ့အခါ၊ အချိန်အကြာကြီးချစ်ခဲ့ကြတဲ့အခါ လမ်းခွဲခြင်းက ပိုလို့တောင် နာကျင်ရပါသေးတယ်။ ဒါပေမယ့်လည်း လမ်းခွဲလိုက်ပြီ၊ တကယ်မေ့ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ဒီအချက်တွေက သင့်ကိုအများကြီးအထောက်အကူ ပေးနိုင်မှာပါ။
(၁) စိတ်ရှိသလောက်ငိုပါ
ငိုခြင်းဟာ စိတ်ကျန်းမာရေးကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် ငိုချင်သလောက်၊ စိတ်ရှိသလောက် အားရပါးရငိုချလိုက်ပါ။ လုံးဝအောင့်မထားပါနဲ့။ အားရပါးရငိုပြီးသွားတဲ့အခါ စိတ်အများကြီးသက်သာလာမှာပါ။
(၂) အလုပ်ကို အာရုံစိုက်ပါ
ဒီလိုအချိန်မှာ အခြားအရာတွေကို အာရုံစိုက်ဖို့ဆိုတာ ခက်ခဲတယ်ဆိုပေမယ့် စိတ်ကို လွှတ်ထားတာထက်တော့ အများကြီးကောင်းပါတယ်။ သင့်ရဲ့ အလုပ်၊ ပညာရေး၊ စီးပွားရေးစတဲ့ အရာတွေအပေါ် စိတ်နှစ်ထားလိုက်ပါ။ ဒါဆိုရင် သူ့အကြောင်းကိုမတွေးမိတော့ပဲ စိတ်သက်သာရာ ရသွားမှာဖြစ်ပါတယ်။
(၃) နာကျင်မှုကိုလက်ခံပါ
လူတစ်ချို့ဟာ ခဏတာနာကျင်မှုကို လက်မခံနိုင်လို့ မလုပ်သင့်တာကို လုပ်မိတတ်ကြပါတယ်။ ဒီလိုမဖြစ်ရလေအောင် နာကျင်မှုတွေကို လက်ခံလိုက်ပါ။ ခံစားလိုကပါ။ ဒီနာကျင်မှုတွေက အလွန်ဆုံးခံ ၃ပတ်ပါပဲ။ တစ်နေ့ပြီးတစ်နေ့ သက်သာသွားမယ်ဆိုတာကို ယုံလိုက်ပါ။
(၄) နှစ်သိမ့်ပါ
ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်ဖို့ဟာလည်း တကယ်ကိုအရေးကြီးပါတယ်။ လှလှပပနေပါ၊ ငါလုပ်နိုင်တယ်၊ ငါကျော်ဖြတ်နိုင်တယ်၊ ငါဟာ ဒီလောက်လေးနဲ့ လဲကျသွားမှာမဟုတ်ဘူးဆိုတဲ့ စကားမျိုးတွေနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့် အားပေးပါ။
(၅) ချစ်ရတဲ့သူတွေနဲ့နေပါ
သင့်ရဲ့ မိဘ၊ သူငယ်ချင်းတွေနဲ့ အတူတူနေပါ။ လည်ပတ်တာတွေ၊ စားသောက်တာတွေ၊ တွေ့ဆုံတာတွေ လုပ်ပေးပါ။ အချစ်ဟာ ဒဏ်ရာတွေကို ကုစားပေးနိုင်တဲ့ အကောင်းဆုံးဆေးဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ချစ်ချစ်ခင်ခင်နေခြင်းဖြင့် ဒဏ်ရာတွေကို ကုစားနိုင်ပါတယ်။
(၆) ခရီးထွက်ပါ
ခရီးထွက်တာဟာလည်း တကယ်ကိုကောင်းမွန်တဲ့ အရာဖြစ်ပါတယ်။ ဖြစ်သမျှကိစ္စကိုခေါင်းထဲမထားပဲ ခရီးထွက်လိုက်ပါ။ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်မှာ Single အဖြစ်နဲ့ အတွေ့အကြုံအသစ်တွေကို ခံစားလိုက်ပါ။ တကယ်ပျော်စရာကောင်းပါတယ်။
(၇) တက်တက်ကြွကြွနေပါ
အသည်းကွဲတယ်ဆိုပြီး အိမ်ထဲအောင်းနေတာ၊ ဘယ်သူနဲ့မှမတွေ့တာတွေက သင့်အတွက် လုံးဝမကောင်းပါဘူး။ ပရဟိတတွေ၊ အဖွဲ့အစည်းတွေ၊ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံပြီး တက်တက်ကြွကြွ လှုပ်ရှားပါဝင်သင့်ပါတယ်။ ဒီလိုနဲ့ပဲ သင်ဟာ သူ့ကို အတင်းကြိုးစားစရာမလိုပဲ တဖြည်းဖြည်းမေ့သွားမှာဖြစ်ပါတယ်။
Em Em
Credit:Aunty May
Sign up here with your email
ConversionConversion EmoticonEmoticon