မီးထဲက သူ့ကိုကယ်လာခဲ့တာတောင် မျက်နှာထားဆိုးကြီးနဲ့ဖြစ်နေတဲ့ ဇီးကွက်


မြောက်အမေရိကမှာတော့ ဇီးကွက်တွေကို တောနက်ကြီးတွေထဲမှာပဲ တွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေကျမှသာ သူတို့ကို ကန္တာရနဲ့ မြို့အဆောက်အဦးတွေကြားထဲမှာ၊ နောက်ဖေးခြံထဲမှာပုန်းနေတာတွေကို တွေ့ရတတ်ပါတယ်။ အခုတွေ့ရမယ့် ဇီးကွက်လေးကတော့ ဗန်ကျူရာကောင်တီမှာဖြစ်ပွားခဲ့တဲ့ မာရီယာတောမီးလောင်မှုထဲ ကယ်ဆယ်နိုင်ခဲ့တဲ့ ဇီးကွက်လေးတစ်ကောင်ပဲ ဖြစ်ပါတယ်။

သူ့ကို ကယ်တဲ့အချိန်တုန်းကတော့ သူက ပြာတောထဲမှာပါ။ မီးအပူရှိန်တွေကြောင့် ဘယ်ပြေးရမယ်မှန်းမသိပဲ ခုန်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဇီးကွက်ဟာ စိတ်တိုနေပုံရပါတယ်။ နေ့လည်ခင်းမှာ ချက်ခြင်းကြီး သူ့အိမ်ပျောက်သွားတဲ့အပြင် သူအိပ်ဖို့နေရာတစ်နေရာမှလည်း မရှိတော့ ဇီးကွက်ဟာ စိတ်ဆိုးနေတာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သူ့ကို မီးသတ်ဝန်ထမ်းတွေက ရှာတွေ့တဲ့အခါမှာတော့ ဇီးကွက်ဟာ သူ့ကိုကယ်ဖို့လာတဲ့သူတွေမှန်း ရိပ်မိလို့လားတော့ မသိပါဘူး။ မီးသတ်ဝန်ထမ်းတွေက သူ့ကို မီးသတ်ယူနီဖောင်း ဂျာကင်ကြီးနဲ့အုပ်ပြီး ခေါ်တာကို လိမ်လိမ်မာမာပဲ လိုက်လာခဲ့ပါတယ်။ ခုဆိုရင်တော့ သူ့ကို ကုသိုလ်ဖြစ်အဖွဲ့အစည်းဖြစ်တဲ့ Camrillo Wildlife ကို ပို့ဆောင်ထားပြီး အဲ့ဒီမှာ ခဏထားထားပါတယ်။ အားလုံး အခြေအနေတွေ အတည်တကျဖြစ်ပြီဆိုတော့မှ ဇီးကွက်ကို တောထဲ ပြန်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

အောက်မှာတော့ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ တွေ့ရတဲ့ ဇီးကွက်ပါ။ သူ့ရုပ်က စိတ်ဆိုးနေလား ဘာလားတောင် မသိရပဲ ရယ်စရာကောင်းနေပါသေးတယ်

ဗန်ကျူရာကောင်တီမီးသတ်ဌာနရဲ့ အလုပ်ကြိုးစားမှုနဲ့ မီးသတ်သမားတွေရဲ့ ရဲစွမ်းသတ္တိကြောင့် အခုဆိုရင်တော့ မာရီယာမီးကြီးကို အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း boredpanda သတင်းအရ သိရပါတယ်။

Credit:လင်းလင်း (ShweMom)
Previous
Next Post »
Powered by Blogger.