သင်ဒီစာကိုစာအဆုံးထိ ဖတ်ပြီးသွားရင် ကြက်တွေက တယ်မိုက်တဲ့ကောင်တွေပါလားဆိုပြီး လက်ခံသွားပါလိမ့်မယ်။ ကြက်တွေမှာ ကျွန်တော်တို့ တော်ရုံမသိကြတဲ့ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲဆိုတာ Bored Panda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
(၁) ပထမဆံုးအချက်ကတော့ ခေါင်းစဉ်မှာပြောထားသလိုပါပဲ။ ကြက်ကလေးတွေဟာ ချောတဲ့သူတွေရဲ့အကပ်ကိုပဲ ခံကြသတဲ့။ ကိုယ်ချောမချောသိချင်ရင် ကြက်သွားဖမ်းကြည့်ရမလိုပဲနော်။
(၂) “၁ ၂ ၃ ၄ ၅” အထိ လည်း ရေတွက်တတ်ပါတယ်တဲ့လေ။ နောက်သင်္ချာဥာဏ်ရည်လေးလည်းရှိနေပါတယ်တဲ့။ ဥပမာ A က B ထက်ကြီးတယ်၊ B က C ထက်ကြီးတယ်ဆိုရင် A က C ထက်ကြီးတယ်ဆိုတာမျိုး။ ဒီအချက်ကိုတော့ Bristol တက္ကသိုလ်မှ ပါမေက္ခ Christine Nicol က တွေ့ရှိခဲ့တာပါ။
(၃) ၁ နှစ်မပြည့်သေးတဲ့ လူသားကလေးတွေရဲ့ အသိဥာဏ်ထဲမှာ သူတို့မြင်ကွင်းထဲက ပျောက်သွားတဲ့ပစ္စည်းဆိုရင် ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်တတ်ကြသတဲ့။ ဦးနှောက်အလုပ်လုပ်ပုံက လုံးဝမဖွံ့ဖြိုးသေးတော့လေ။ ဒါပေမဲ့ ကြက်တွေကတော့ သူတို့ရဲ့မြင်ကွင်းထဲက အရာတစ်ခုပျောက်သွားခဲ့မယ်ဆိုရင်တောင်မှပဲ အဲဒီအရာဟာ ဆက်ရှိနေတယ်ဆိုတာ သိကြပါတယ်တဲ့။
(၄) ကြက်တစ်ကောင်ဟာ တခြားကြက်ပေါင်း အကောင် ၃၀ ကို မှတ်မိနိုင်စွမ်းရှိနေပါတယ်တဲ့။ ဥမှပေါက်ပြီးတာနဲ့ ကြက်ကလေးတွေဟာ မိခင်ကို ၂၄ နာရီနဲ့ ၃၆ နာရီအတွင်းမှာတင် မှတ်မိနိုင်စွမ်းရှိနေပါတယ်။
(၅) ကြက်ဥအခွံရဲ့အရောင်တွေဟာ ကြက်တွေရဲ့နားအသားနဲ့တစ်ရောင်တည်းပါတဲ့။
(၆) ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေထက် ကြက်အကောင်ရေဟာ ပိုများပါသတဲ့။ ပျမ်းမျှအားဖြင့် ကြက်အကောင်ရေပေါင်း ၂၅ ဘီလီယံတောင်ရှိပါတယ်တဲ့။ ဒါဟာ တခြားငှက်မျိုးစိတ်တွေနဲ့ ယှဉ်မယ်ဆိုရင်လည်း အများဆံုးအရေအတွက်တစ်ခုပါ။
(၇) သူတို့အတွက် လွတ်လပ်ပြီးစိတ်ချရတဲ့နေရာမျိုးမှာဆိုရင် ကြက်ကလေးတွေဟာ တူတူပုန်းတမ်းဆော့တာမျိုးလုပ်တတ်ပါတယ်တဲ့လေ။
(၈) ကြက်ဖတွေဟာ Tidbitting လို့ခေါ်တဲ့ ကြက်အကတစ်မျိုးကို ကတတ်ကြပါတယ်တဲ့။
(၉) ဟိုးအရင် ကြက်တွေကို စားရကောင်းမှန်းမသိခင်တုန်းက ကြက်မွေးတယ်ဆိုတာ ကြက်ဖခွပ်ပွဲအတွက်ပဲဖြစ်ပါတယ်။ နောက်မှ စားလာကြတာပါ။
(၁၀) ၂၀၁၅ ခုနှစ်တုန်းက တွေ့ရှိချက်အရ ကြက်တွေမှာ ပျင်းရိခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ဒေါသထွက်ခြင်းဆိုပြီး စိတ်ခံစားချက် ၃ မျိုးရှိနေပါတယ်။
Penny
Credit:လင်းလင်း (ShweMom)
Sign up here with your email
ConversionConversion EmoticonEmoticon