ရန္ကုန္ ကေန တာခ်ီလိတ္ကို တိုက္႐ိုက္ ေျပးဆြဲမယ့္ ပထမဆုံး ယာဥ္လိုင္း အသစ္လာၿပီ





Zawgyi ျဖင့္ဖတ္ရန္

ဒီတစ္ေခါက္ တင္ဆက္ေပးခ်င္တဲ့ သတင္းေလးကေတာ့ တာခ်ီလိတ္နဲ႔ရန္ကုန္ကို တိုက္႐ိုက္ကားေျပးဆြဲေတာ့မယ္ဆိုတဲ့ သတင္းေကာင္းေလးပါ

တာခ်ီလိတ္ – က်ိဳင္းတုံ – နမ့္စန္ – လြိဳင္လင္(ပင္လုံ) – မိုင္းပြန္ – ဟိုပုံး – ေတာင္ႀကီး – ရန္ကုန္ ခရီးစဥ္ကို လင္းယုန္မိုးေကာင္းကင္ အဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းႏွင့္ တာခ်ီလိတ္ရွိ ေ႐ႊေရကန္ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းတို႔က ပူးေပါင္းစီစဥ္ၿပီး ႏိုဝင္ဘာ ၂၇ ရက္ကစတင္ဖြင့္လွစ္ခဲ့တာပါ



တာခ်ီလိတ္ – ရန္ကုန္ခရီးစဥ္ကို ေန႔စဥ္ေျပးဆြဲမည္ျဖစ္ၿပီး တာခ်ီလိတ္မွ ရန္ကုန္သို႔ ေမာ္ေတာ္ယာဥ္ ထြက္ခြာခ်ိန္ ညေန (၆)နာရီႏွင့္ ရန္ကုန္မွ တာခ်ီလိတ္သို႔ ေမာ္ေတာ္ယာဥ္ထြက္ခြာခ်ိန္ ညေန (၄)နာရီျဖစ္ကာ လမ္းခရီးမွာ ႏွစ္ရက္ၾကာျမင့္မွာ ျဖစ္ပါတယ္

ရန္ကုန္ တာခ်ီလိတ္ခရီးစဥ္အတြက္ ယာဥ္စီးနင္းခ က်ပ္ (၅၀၀၀၀) သတ္မွတ္ထားၿပီး က်ိဳင္းတုံမွ ရန္ကုန္ခရီးစဥ္အတြက္ ေမာ္ေတာ္ယာဥ္စီးနင္းခ က်ပ္ (၄၅၀၀၀) သတ္မွတ္ထားတယ္လို႔လည္းသိရပါတယ္

တာခ်ီလိတ္ က်ိဳင္းတုံ မွ ရန္ကုန္သို႔ တိုက္႐ိုက္ လာေရာက္ခ်င္သူမ်ားအတြက္ သတင္းေကာင္းျဖစ္တဲ့ အျပင္ ထိုင္းျမန္မာ နယ္စပ္မွ ကုန္ပစၥည္းတင္ပို႔မႈကိုလည္း အေထာက္အကူၿပိဳႏိုင္မွာပါ ဝမ္းသာစရာသတင္းေကာင္းေလးမို႔ ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္

Writer – Magic (Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

ရန်ကုန် ကနေ တာချီလိတ်ကို တိုက်ရိုက် ပြေးဆွဲမယ့် ပထမဆုံး ယာဉ်လိုင်း အသစ်လာပြီ




ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ တာချီလိတ်နဲ့ရန်ကုန်ကို တိုက်ရိုက်ကားပြေးဆွဲတော့မယ်ဆိုတဲ့ သတင်းကောင်းလေးပါ

တာချီလိတ် – ကျိုင်းတုံ – နမ့်စန် – လွိုင်လင်(ပင်လုံ) – မိုင်းပွန် – ဟိုပုံး – တောင်ကြီး – ရန်ကုန် ခရီးစဉ်ကို လင်းယုန်မိုးကောင်းကင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနှင့် တာချီလိတ်ရှိ ရွှေရေကန်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတို့က ပူးပေါင်းစီစဉ်ပြီး နိုဝင်ဘာ ၂၇ ရက်ကစတင်ဖွင့်လှစ်ခဲ့တာပါ



တာချီလိတ် – ရန်ကုန်ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲမည်ဖြစ်ပြီး တာချီလိတ်မှ ရန်ကုန်သို့ မော်တော်ယာဉ် ထွက်ခွာချိန် ညနေ (၆)နာရီနှင့် ရန်ကုန်မှ တာချီလိတ်သို့ မော်တော်ယာဉ်ထွက်ခွာချိန် ညနေ (၄)နာရီဖြစ်ကာ လမ်းခရီးမှာ နှစ်ရက်ကြာမြင့်မှာ ဖြစ်ပါတယ်

ရန်ကုန် တာချီလိတ်ခရီးစဉ်အတွက် ယာဉ်စီးနင်းခ ကျပ် (၅၀၀၀၀) သတ်မှတ်ထားပြီး ကျိုင်းတုံမှ ရန်ကုန်ခရီးစဉ်အတွက် မော်တော်ယာဉ်စီးနင်းခ ကျပ် (၄၅၀၀၀) သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်

တာချီလိတ် ကျိုင်းတုံ မှ ရန်ကုန်သို့ တိုက်ရိုက် လာရောက်ချင်သူများအတွက် သတင်းကောင်းဖြစ်တဲ့ အပြင် ထိုင်းမြန်မာ နယ်စပ်မှ ကုန်ပစ္စည်းတင်ပို့မှုကိုလည်း အထောက်အကူပြိုနိုင်မှာပါ ဝမ်းသာစရာသတင်းကောင်းလေးမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်

Writer – Magic (Shwe Yaung Lan)


Previous
Next Post »
Powered by Blogger.