Zawgyi ျဖင့္ဖတ္ရန္
လူ႔ဘဝဆိုတာ ဆန္းၾကယ္လြန္းပါတယ္။ ဘယ္အခ်ိန္မွာ ဘာျဖစ္မယ္ဆိုတာ ႀကိဳတင္ ခန႔္မွန္းထားလို႔ မရတဲ့ အခ်ိန္ေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ကာကြယ္လို႔ရတဲ့ အေျခအေနဆိုတာလည္း ရွိပါတယ္။ ေမြးဖြားခ်ိန္နဲ႔ ေသဆုံးခ်ိန္ရဲ႕ ၾကားကာလမွာ အသက္ရွင္သန္ေနေအာင္လို႔ က်ေနာ္တို႔ ကိုယ္တိုင္လည္း ႀကိဳးစားေနရပါတယ္။ ဒါေၾကာင့္ တကယ္လို႔ သင္က အႏၲရာယ္တစ္ခုခုနဲ႔ ရင္ဆိုင္ရေတာ့မယ္လို႔ ခံစားရတဲ့အခါမွာ အခုလိုပဲ အႏၲရာယ္ကေန လြတ္ေျမာက္ရာကို ေရာက္ေအာင္ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။
(၁) အသိေပးပါ။
သင္အခု ေရာက္ရွိေနတဲ့ ေနရာကို Google Maps က တဆင့္ သင့္မိသားစု၊ သင့္သူငယ္ခ်င္းေတြဆီ location sharing လုပ္ထားလိုက္ပါ။ ဒါမွမဟုတ္ စာပို႔ထားပါ။
(၂) အသံက်ယ္က်ယ္နဲ႔ ဖုန္းေျပာပါ။
သင့္အိမ္ကို သို႔မဟုတ္ အတူေနတဲ့သူငယ္ခ်င္းကို အခု ဘယ္ေနရာမွာ ေရာက္ေနေၾကာင္း၊ ဘယ္ကားကိုစီးၿပီး ျပန္လာမွာ ျဖစ္တဲ့အေၾကာင္းကို ေဘးကလူေတြ ၾကားေလာက္မယ့္အသံနဲ႔ ေျပာပါ။ အငွားယာဥ္နဲ႔ဆိုရင္ ယာဥ္နံပါတ္ျပားပါ အိမ္ကို ေျပာျပထားလိုက္ပါ။ ျဖစ္ႏိုင္ရင္ Video call ေျပာပါ။ ဒါမွသာ ဒုစ႐ိုက္က်ဴးလြန္မယ့္သူက သတင္းအခ်က္အလက္သိၿပီးသားသူကို မက်ဴးလြန္ေတာ့မွာ ျဖစ္ပါတယ္။
(၃) မိမိကိုယ္ကို ကာကြယ္ေပးမယ့္ ပစၥည္းေဆာင္ပါ။
အကယ္၍ သင္က အႏၲရာယ္ထဲမွာဆိုရင္ ရာဇဝတ္ေကာင္ကို ၃မိနစ္ေလာက္ တုံ႔ဆိုင္းသြားေစမယ့္ အရာမ်ိဳးနဲ႔ တိုက္ခိုက္ရပါမယ္။ စကၠဴျဖတ္တဲ့ဓားေဆာင္ထားျခင္းက လက္နက္ဥပေဒနဲ႔ မညႇိသလို လူကို အသက္အႏၲရာယ္မျဖစ္ေစပဲ နာက်င္ေစ႐ုံေလာက္ပဲ ျဖစ္ေစပါတယ္။ ဒါမွမဟုတ္ င႐ုတ္ေကာင္းျဖန္းေဆးလည္း အသုံးျပဳႏိုင္ပါသည္။ ရာဇဝတ္မႈက်ဴးလြန္တဲ့သူကို နာက်င္ေစဖို႔ လိုအပ္တာမို႔ င႐ုပ္ေကာင္းျဖန္းေဆးဆိုရင္ မ်က္စိကို ျဖန္းဖို႔ လိုၿပီး ဓားဆိုရင္ေတာ့ လက္ဖဝါး သို႔ တျခားနာက်င္ေစမယ့္ေနရာကို ထိမိေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ ဒါမွသာ ရာဇဝတ္ေကာင္လက္ကေန ေျပးဖို႔ မိနစ္အနည္းငယ္ရမွာ ျဖစ္ပါတယ္။
(၄) အခ်ိန္မေ႐ြးဆက္သြယ္လို႔ ရမယ့္ နံပါတ္ေတြကို ဆက္ပါ
အေရးႀကီးတာကေတာ့ ဖုန္းနံပါတ္ေတြကို မွတ္ထားၿပီး လူေတြ ထူထပ္တဲ့ေနရာေရာက္ရင္ ဖုန္းငွားဆက္ဖို႔ လိုအပ္ပါတယ္။ သင္ေရာက္တဲ့ေနရာကို သိဖို႔ ေဘးကသူေတြကို ေမးျမန္းၿပီး ေျပာျပထားၿပီး နီးစပ္ရာရဲစခန္းမွာ သြားေရာက္၍ သင့္မိသားစုကို ေစာင့္ေနလို႔ ရႏိုင္ပါတယ္။
(၅) စိတ္ၿငိမ္ၿငိမ္ထားပါ။
အေရးႀကီးဆုံးကေတာ့ ေၾကာက္လန႔္မေနဖို႔နဲ႔ စိတ္မလႈပ္ရွားဖို႔ သတိထားရပါမယ္။ စိတ္လႈပ္ရွားေနတဲ့အခါ ဘာမွ မွန္မွန္ကန္ကန္ မေတြးႏိုင္ျဖစ္တတ္လို႔ အတတ္ႏိုင္ဆုံး စိတ္ေအးေအးနဲ႔ တဆင့္ခ်င္း ဘာလုပ္မယ္ဆိုတာေတြကို စဥ္စားပါ။အားလုံးပဲ ေဘးကင္းလုံၿခဳံေသာ ေန႔ရက္မ်ားကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္….
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
အန္တရာယ်ရှိပြီလို့ ခံစားရတဲ့အခါ မဖြစ်မနေ ပြုလုပ်ရမည့် အချက်များ
လူ့ဘဝဆိုတာ ဆန်းကြယ်လွန်းပါတယ်။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုတင် ခန့်မှန်းထားလို့ မရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကာကွယ်လို့ရတဲ့ အခြေအနေဆိုတာလည်း ရှိပါတယ်။ မွေးဖွားချိန်နဲ့ သေဆုံးချိန်ရဲ့ ကြားကာလမှာ အသက်ရှင်သန်နေအောင်လို့ ကျနော်တို့ ကိုယ်တိုင်လည်း ကြိုးစားနေရပါတယ်။ ဒါကြောင့် တကယ်လို့ သင်က အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရတော့မယ်လို့ ခံစားရတဲ့အခါမှာ အခုလိုပဲ အန္တရာယ်ကနေ လွတ်မြောက်ရာကို ရောက်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၁) အသိပေးပါ။
သင်အခု ရောက်ရှိနေတဲ့ နေရာကို Google Maps က တဆင့် သင့်မိသားစု၊ သင့်သူငယ်ချင်းတွေဆီ location sharing လုပ်ထားလိုက်ပါ။ ဒါမှမဟုတ် စာပို့ထားပါ။
(၂) အသံကျယ်ကျယ်နဲ့ ဖုန်းပြောပါ။
သင့်အိမ်ကို သို့မဟုတ် အတူနေတဲ့သူငယ်ချင်းကို အခု ဘယ်နေရာမှာ ရောက်နေကြောင်း၊ ဘယ်ကားကိုစီးပြီး ပြန်လာမှာ ဖြစ်တဲ့အကြောင်းကို ဘေးကလူတွေ ကြားလောက်မယ့်အသံနဲ့ ပြောပါ။ အငှားယာဉ်နဲ့ဆိုရင် ယာဉ်နံပါတ်ပြားပါ အိမ်ကို ပြောပြထားလိုက်ပါ။ ဖြစ်နိုင်ရင် Video call ပြောပါ။ ဒါမှသာ ဒုစရိုက်ကျူးလွန်မယ့်သူက သတင်းအချက်အလက်သိပြီးသားသူကို မကျူးလွန်တော့မှာ ဖြစ်ပါတယ်။
(၃) မိမိကိုယ်ကို ကာကွယ်ပေးမယ့် ပစ္စည်းဆောင်ပါ။
အကယ်၍ သင်က အန္တရာယ်ထဲမှာဆိုရင် ရာဇဝတ်ကောင်ကို ၃မိနစ်လောက် တုံ့ဆိုင်းသွားစေမယ့် အရာမျိုးနဲ့ တိုက်ခိုက်ရပါမယ်။ စက္ကူဖြတ်တဲ့ဓားဆောင်ထားခြင်းက လက်နက်ဥပဒေနဲ့ မညှိသလို လူကို အသက်အန္တရာယ်မဖြစ်စေပဲ နာကျင်စေရုံလောက်ပဲ ဖြစ်စေပါတယ်။ ဒါမှမဟုတ် ငရုတ်ကောင်းဖြန်းဆေးလည်း အသုံးပြုနိုင်ပါသည်။ ရာဇဝတ်မှုကျူးလွန်တဲ့သူကို နာကျင်စေဖို့ လိုအပ်တာမို့ ငရုပ်ကောင်းဖြန်းဆေးဆိုရင် မျက်စိကို ဖြန်းဖို့ လိုပြီး ဓားဆိုရင်တော့ လက်ဖဝါး သို့ တခြားနာကျင်စေမယ့်နေရာကို ထိမိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရာဇဝတ်ကောင်လက်ကနေ ပြေးဖို့ မိနစ်အနည်းငယ်ရမှာ ဖြစ်ပါတယ်။
(၄) အချိန်မရွေးဆက်သွယ်လို့ ရမယ့် နံပါတ်တွေကို ဆက်ပါ
အရေးကြီးတာကတော့ ဖုန်းနံပါတ်တွေကို မှတ်ထားပြီး လူတွေ ထူထပ်တဲ့နေရာရောက်ရင် ဖုန်းငှားဆက်ဖို့ လိုအပ်ပါတယ်။ သင်ရောက်တဲ့နေရာကို သိဖို့ ဘေးကသူတွေကို မေးမြန်းပြီး ပြောပြထားပြီး နီးစပ်ရာရဲစခန်းမှာ သွားရောက်၍ သင့်မိသားစုကို စောင့်နေလို့ ရနိုင်ပါတယ်။
(၅) စိတ်ငြိမ်ငြိမ်ထားပါ။
အရေးကြီးဆုံးကတော့ ကြောက်လန့်မနေဖို့နဲ့ စိတ်မလှုပ်ရှားဖို့ သတိထားရပါမယ်။ စိတ်လှုပ်ရှားနေတဲ့အခါ ဘာမှ မှန်မှန်ကန်ကန် မတွေးနိုင်ဖြစ်တတ်လို့ အတတ်နိုင်ဆုံး စိတ်အေးအေးနဲ့ တဆင့်ချင်း ဘာလုပ်မယ်ဆိုတာတွေကို စဉ်စားပါ။အားလုံးပဲ ဘေးကင်းလုံခြုံသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေနော်….
Credit: Aunty may
Sign up here with your email
ConversionConversion EmoticonEmoticon