Zawgyiျဖင့္ဖတ္ရန္
ျဗိတိန္ရဲ႕ ပထမဆံုး ေဂးဖခင္ တစ္ဦးျဖစ္တဲ့ အသက္(၅၀)အရြယ္ ဘီလ်ံနာ Barrie Drewitt-Barlowဟာ မၾကာေသးမီကမွ ခင္ပြန္းနဲ႔ကြာရွင္းလိုက္ျပီး၊ သမီးဆီက စႏိုက္ထားတဲ့ လက္ရွိခ်စ္သူ ငယ္ငယ္ေလးနဲ႔ အမႊာကေလးယူဖို႔စီစဥ္ေနပါျပီ။
Barrieဟာ အရင္ခင္ပြန္းေဟာင္း Tony နဲ႔ ကေလးငါးေယာက္ေမြးထားျပီး၊ ကေလးေတြကိုေတာ့ အငွားကိုယ္၀န္ေဆာင္ရယ္ ဖန္ျပြန္သေႏၶသားရယ္ ယူျပီးေမြးခဲ့တာပါ။
အခုလည္း Barrieက သူ႔ရဲ႕(၇)နွစ္ၾကာအတြင္းေရးမွဴးျဖစ္တဲ့ အသက္(၂၅)ႏွစ္အရြယ္ ခ်စ္သူသစ္ Scott Hutchison နဲ႔လည္း အမႊာသမီးေလးယူဖို႔ ျပင္ဆင္ေနတယ္လုိ႔ ထုတ္ေျပာလာခဲ့ပါတယ္။ Scott ဟာ သူ႔ရဲ႕အတြင္းေရးမွဴးတစ္ဦးျဖစ္ျပီး ၊ သမီးျဖစ္သူ Saffronရဲ႕ ရည္းစားေဟာင္းလည္းျဖစ္ပါတယ္။
ဒါေပမယ့္ သူတို႔ အားလံုးကေတာ့ ေအးေအးေဆးပါပဲ၊ Barrieက ခင္ပြန္းေဟာင္းေရာ ခင္ပြန္းအသစ္နဲ႔ပါ တစ္အိမ္တည္းအတူ ေနေနပါတယ္။ တကယ့္ကို (၂၁)ရာစု family type စစ္စစ္ပါပဲေနာ္။
Barrie က သူဒါကုိ အခုလို ထုတ္ေျပာလုိက္တာက ဘာကိုမွ လ်ွိဳ႕၀ွက္ျပီးမလုပ္ခ်င္လို႔ပါ။ ဘယ္လိုေ၀ဖန္မႈပဲရလာရလာ သူ႔တို႔ကေလးေလးေတြကို ေမြးသြားမွာပါ။ သူတုိ႔ မိသားစု၀င္ေတြအားလံုးနားလည္မႈ အျပည့္နဲ႔ေပ်ာ္ေပ်ာ္ရႊင္ရြင္ ေနထုိင္ေနၾကပါတယ္။
ဒီကိစၥအတြက္ လူေတြ ထိတ္လန္႔သြားတယ္ဆိုရင္ေတာင္ ထိတ္လန္႔ပါေစ၊ ကၽြန္ေတာ္တို႔ကိစၥမဟုတ္ဘူးလို႔ ျပတ္ျပတ္သားသားေျပာလုိက္ပါတယ္။
Barrie က ခင္ပြန္းေဟာင္း Tony နဲ႔ အႏွစ္(၂၀)ၾကာ အတူတူေနထုိင္လာခ့ဲၾကတာျဖစ္ျပီး၊ Aspen နဲ႔ Saffronအမႊာကို အငွားကိုယ္၀န္ေဆာင္နဲ႔ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ဘီလ်ီနာေတြဆိုတဲ့အတုိင္း ကေလးေတြကို အေကာင္းမြန္ဆံုးပ်ိဳးေထာင္လာတာပါ။ ေနာက္ဆံုးေပၚ ဘရန္းအသံုးအေဆာင္ေတြ ေခတ္မီွကားေတြနဲ႔ သန္းခ်ီတန္နဲ႔အိပ္ယာေတြနဲ႔ ထားခဲ့တာျဖစ္ပါတယ္။
ခင္ပြန္းေဟာင္း Tony ဟာ (၂၀၀၆)ခုႏွစ္မွာ ကင္ဆာေ၀ဒနာခံစားခဲ့ရျပီး၊ ျပီးခဲ့တဲ့ႏွစ္ကအထိ ေဆးကုသမႈေတြခံယူ ေနရတာျဖစ္ပါတယ္။ သူတို႔ရဲ႕(၃၂)ႏွစ္ၾကာ relationship အဆံုးသတ္သြားေပမယ့္လို႔ Barrie ရဲ႕အခ်စ္သစ္အတြက္ ၀မ္းသာေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးခဲ့ျပီး၊ သမီးျဖစ္သူကိုလည္း ၾကား၀င္နားခ်ေပးခ့ဲသူျဖစ္တယ္လုိ႔ DailyMail သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
Khaing Sandar
Credit:shwemom
Unicodeဖြင့်ဖတ်ရန်
သမီးဆီက စနိုက်ထားတဲ့ ချစ်သူသစ်လေးနဲ့ကလေးယူတော့မယ့် ဘီလျီယံနာ ဂေးဖခင်
ဗြိတိန်ရဲ့ ပထမဆုံး ဂေးဖခင် တစ်ဦးဖြစ်တဲ့ အသက်(၅၀)အရွယ် ဘီလျံနာ Barrie Drewitt-Barlowဟာ မကြာသေးမီကမှ ခင်ပွန်းနဲ့ကွာရှင်းလိုက်ပြီး၊ သမီးဆီက စနိုက်ထားတဲ့ လက်ရှိချစ်သူ ငယ်ငယ်လေးနဲ့ အမွှာကလေးယူဖို့စီစဉ်နေပါပြီ။
Barrieဟာ အရင်ခင်ပွန်းဟောင်း Tony နဲ့ ကလေးငါးယောက်မွေးထားပြီး၊ ကလေးတွေကိုတော့ အငှားကိုယ်ဝန်ဆောင်ရယ် ဖန်ပြွန်သန္ဓေသားရယ် ယူပြီးမွေးခဲ့တာပါ။
အခုလည်း Barrieက သူ့ရဲ့(၇)နှစ်ကြာအတွင်းရေးမှူးဖြစ်တဲ့ အသက်(၂၅)နှစ်အရွယ် ချစ်သူသစ် Scott Hutchison နဲ့လည်း အမွှာသမီးလေးယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။ Scott ဟာ သူ့ရဲ့အတွင်းရေးမှူးတစ်ဦးဖြစ်ပြီး ၊ သမီးဖြစ်သူ Saffronရဲ့ ရည်းစားဟောင်းလည်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ အားလုံးကတော့ အေးအေးဆေးပါပဲ၊ Barrieက ခင်ပွန်းဟောင်းရော ခင်ပွန်းအသစ်နဲ့ပါ တစ်အိမ်တည်းအတူ နေနေပါတယ်။ တကယ့်ကို (၂၁)ရာစု family type စစ်စစ်ပါပဲနော်။
Barrie က သူဒါကို အခုလို ထုတ်ပြောလိုက်တာက ဘာကိုမှ လျှို့ဝှက်ပြီးမလုပ်ချင်လို့ပါ။ ဘယ်လိုဝေဖန်မှုပဲရလာရလာ သူ့တို့ကလေးလေးတွေကို မွေးသွားမှာပါ။ သူတို့ မိသားစုဝင်တွေအားလုံးနားလည်မှု အပြည့်နဲ့ပျော်ပျော်ရွှင်ရွင် နေထိုင်နေကြပါတယ်။
ဒီကိစ္စအတွက် လူတွေ ထိတ်လန့်သွားတယ်ဆိုရင်တောင် ထိတ်လန့်ပါစေ၊ ကျွန်တော်တို့ကိစ္စမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။
Barrie က ခင်ပွန်းဟောင်း Tony နဲ့ အနှစ်(၂၀)ကြာ အတူတူနေထိုင်လာခဲ့ကြတာဖြစ်ပြီး၊ Aspen နဲ့ Saffronအမွှာကို အငှားကိုယ်ဝန်ဆောင်နဲ့မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဘီလျီနာတွေဆိုတဲ့အတိုင်း ကလေးတွေကို အကောင်းမွန်ဆုံးပျိုးထောင်လာတာပါ။ နောက်ဆုံးပေါ် ဘရန်းအသုံးအဆောင်တွေ ခေတ်မှီကားတွေနဲ့ သန်းချီတန်နဲ့အိပ်ယာတွေနဲ့ ထားခဲ့တာဖြစ်ပါတယ်။
ခင်ပွန်းဟောင်း Tony ဟာ (၂၀၀၆)ခုနှစ်မှာ ကင်ဆာဝေဒနာခံစားခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ်ကအထိ ဆေးကုသမှုတွေခံယူ နေရတာဖြစ်ပါတယ်။ သူတို့ရဲ့(၃၂)နှစ်ကြာ relationship အဆုံးသတ်သွားပေမယ့်လို့ Barrie ရဲ့အချစ်သစ်အတွက် ဝမ်းသာကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး၊ သမီးဖြစ်သူကိုလည်း ကြားဝင်နားချပေးခဲ့သူဖြစ်တယ်လို့ DailyMail သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Khaing Sandar
Credit:shwemom
Sign up here with your email
ConversionConversion EmoticonEmoticon