အီဂ်စ္ အင္တာေနရွင္နယ္ စီးရီးမွာ ခ်န္ပီယံ ထပ္ျဖစ္တဲ့ သက္ထားသူဇာ

Zawgyiျဖင့္ဖတ္ရန္

မန္မာ့ ဂုဏ္ေဆာင္ ၾကက္ေတာင္မယ္ သက္ထားသူဇာဟာ အီဂ်စ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ အီဂ်စ္ အင္တာေနရွင္နယ္ စီးရီးမွာ ခ်န္ပီယံ ထပ္ျဖစ္ခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္ တုန္းက ခ်န္ပီယံျဖစ္ခဲ့တဲ့ သက္ထားသူဇာအတြက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့တာပါ။

လက္ရွိခ်န္ပီယံ သက္ထားသူဇာဟာ အီဂ်စ္ အင္တာေနရွင္နယ္ စီးရီးမွာ ရႈံးထြက္ ၃၂ေယာက္ အဆင့္မွာ အိမ္ရွင္ အီဂ်စ္ ၾကက္ေတာင္မယ္ကို ၂၁-၄၊ ၂၁-၇မွတ္နဲ႔ လြယ္လြယ္ကူကူ ႏိုင္ခဲ့ပါတယ္။ရႈံးထြက္ ၁၆ေယာက္ အဆင့္မွာေတာ့ အိႏၵိယက ရီကီတာ သာကာကို ၂၁-၁၇၊ ၂၄-၂၂မွတ္နဲ႔ ႏိုင္ခဲ့သလို ကြာတားဖိုင္နယ္မွာလည္း အိႏၵိယကပဲ ကနီကာကို ၂၁-၁၄၊ ၂၁-၁၇မွတ္နဲ႔ ႏိုင္ခဲ့ပါတယ္။ဆီမီးဖိုင္နယ္မွာေတာ့ ပီ႐ူးက ၾကက္ေတာင္မယ္ မာစီယာ့စ္ကို ၂၁-၈၊ ၂၁-၁၃မွတ္နဲ႔ လြယ္လြယ္ကူကူႏိုင္ခဲ့ျပန္ပါတယ္။ သက္ထားသူဇာဟာ ဖိုင္နယ္မွာေတာ့ ေဝးလ္စ္က ဆီဒင္ ၂ ရတဲ့ ၾကက္ေတာင္မယ္ ေဂ်ာ္ဒန္ ဟတ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ပထမပြဲမွာ ၂၁-၁၆မွတ္နဲ႔ အႏိုင္ရခဲ့ၿပီး ဒုတိယပြဲမွာ ၁၂-၁မွတ္နဲ႔ ဦးေဆာင္ေနခ်ိန္ ၿပိဳင္ဖက္ ျဖစ္သူက ဒဏ္ရာေၾကာင့္ အရႈံးေပးခဲ့လို႔ ၂ႏွစ္ဆက္ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။

သက္ထားသူဇာ ဝင္ေယာက္ ယွဥ္ၿပိဳင္ေနတဲ့ အင္တာေနရွင္နယ္ စီးရီး ၿပိဳင္ပြဲေတြဟာ ႏိုင္ငံတကာ ၾကက္ေတာင္ အဖြဲ႕ခ်ဳပ္ရဲ႕ အဆင့္သတ္မွတ္ခ်က္ ၄ေနရာမွာ ရွိတဲ့ ၿပိဳင္ပြဲေတြ ျဖစ္ပါတယ္။ သက္ထားသူဇာဟာ လာမယ့္ ၂၀၂၀ တိုက်ိဳ အိုလံပစ္ ၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ဖု႔ိ ၿပိဳင္ပြဲေတြကို ဆက္တိုက္ ဝင္ၿပိဳင္ေနတာပါ။သက္ထားသူဇာဟာ ၿပီးခဲ့တဲ့ႏွစ္ အီဂ်စ္ အင္တာေနရွင္နယ္ စီးရီး ၿပိဳင္ပြဲမွာ ခ်န္ပီယံ ျဖစ္ခဲ့ၿပီးေနာက္ အာဖရိကတိုက္မွာ က်င္းပတဲ့ အင္တာေနရွင္နယ္ စီးရီး ၆ခုမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး ကစားသမား သက္တမ္းတစ္ေလ်ာက္ ၇ႀကိမ္ေျမာက္ ရခဲ့တာ ျဖစ္ပါတယ္။
သက္ထားသူဇာဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းကလည္း ဥေရာပက ဒိန္းမတ္ႏိုင္ငံမွာ သြားေလာက္ ေလ့က်င့္ခဲ့ၿပီး သူမရဲ႕ အားနည္းခ်က္ေတြကို ေသခ်ာ ျပင္ဆင္ထားခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာ ႏိုင္ငံ ကိုယ္စားျပဳၿပီး ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ သက္ထားသူဇာ တစ္ေယာက္ အီဂ်စ္က ႏွစ္ႏွစ္ဆက္ ေအာင္ျမင္မႈနဲ႔အတူ ေနာက္ထပ္ ဘယ္လိုေတြ ေအာင္ျမင္လဲ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

သက္ထားသူဇာရဲ႕ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ မွတ္တမ္း

၂၀၁၇ ႏိုဝင္ဘာ – ၈၅၄ အဆင့္၊ ၂၀၁၈ ဇန္နဝါရီ – ၄၁၄ အဆင့္၊ ၂၀၁၈ ေဖေဖာ္ဝါရီ – ၂၅၇ အဆင့္၊ ၂၀၁၈ မတ္ – ၂၂၈ အဆင့္၊ ၂၀၁၈ ဧၿပီ – ၂၀၁ အဆင့္၊ ၂၀၁၈ ေမ – ၂၀၄ အဆင့္၊ ၂၀၁၈ ဇြန္ – ၁၇၆ အဆင့္၊ ၂၀၁၈ ဇူလိုင္ – ၁၇၃ အဆင့္၊ ၂၀၁၈ ၾသဂုတ္ – ၁၆၇ အဆင့္၊ ၂၀၁၈ စက္တင္ဘာ – ၁၇၃ အဆင့္၊

၂၀၁၈ ေအာက္တိုဘာ – ၁၈၀ အဆင့္၊ ၂၀၁၈ ႏိုဝင္ဘာ – ၁၆၂ အဆင့္၊ ၂၀၁၈ ဒီဇင္ဘာ – ၁၆၃ အဆင့္၊ ၂၀၁၉ ဇန္နဝါရီ – ၁၅၉ အဆင့္၊ ၂၀၁၉ ေဖေဖာ္ဝါရီ – ၁၅၀ အဆင့္၊ ၂၀၁၉ မတ္ – ၁၄၄ အဆင့္၊ ၂၀၁၉ ဧၿပီ – ၁၂၆ အဆင့္၊ ၂၀၁၉ ေမ – ၁၂၆ အဆင့္၊ ၂၀၁၉ ဇြန္ – ၁၁၄ အဆင့္၊ ၂၀၁၉ ဇူလိုင္ – ၁၀၁ အဆင့္၊ ၂၀၁၉ ၾသဂုတ္ – ၈၃ အဆင့္၊ ၂၀၁၉ စက္တင္ဘာ – ၇၂ အဆင့္၊ ၂၀၁၉ ေအာက္တိုဘာ – ၆၅ အဆင့္( ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ အသစ္ကိုေတာ့ လာမယ့္ အဂၤါေန႔မွာ ထုတ္ျပန္မွာျဖစ္ပါတယ္။ )

သက္ထားသူဇာ ရရွိခဲ့တဲ့ ႏိုင္ငံတာက ေအာင္ျမင္မႈမ်ား

(၁) အီဂ်စ္ အင္တာေနရွင္နယ္ စီးရီး – ၂၀၁၈၊ (၂) ယူဂန္ဒါ အင္တာေနရွင္နယ္ စီးရီး – ၂၀၁၉၊ (၃) ကင္ညာ အင္တာေနရွင္နယ္ စီးရီး – ၂၀၁၉၊ (၄) ေမာ္ရစ္သွ် အင္တာေနရွင္နယ္ စီးရီး – ၂၀၁၉၊ (၅) ဘီနင္ အင္တာေနရွင္နယ္ စီးရီး – ၂၀၁၉၊ (၆) အိုင္ဗရီကို႔စ္ အင္တာေနရွင္နယ္ စီးရီး – ၂၀၁၉၊ (၇) အီဂ်စ္ အင္တာေနရွင္နယ္ စီးရီး – ၂၀၁၉

Credit-ဘီဘီုစီ

Unicodeဖြင့်ဖတ်ရန်

အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ထပ်ဖြစ်တဲ့ သက်ထားသူဇာ

မန်မာ့ ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာဟာ အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ သက်ထားသူဇာအတွက် ပထမဆုံးအကြိမ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာပါ။

လက်ရှိချန်ပီယံ သက်ထားသူဇာဟာ အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ရှုံးထွက် ၃၂ယောက် အဆင့်မှာ အိမ်ရှင် အီဂျစ် ကြက်တောင်မယ်ကို ၂၁-၄၊ ၂၁-၇မှတ်နဲ့ လွယ်လွယ်ကူကူ နိုင်ခဲ့ပါတယ်။ရှုံးထွက် ၁၆ယောက် အဆင့်မှာတော့ အိန္ဒိယက ရီကီတာ သာကာကို ၂၁-၁၇၊ ၂၄-၂၂မှတ်နဲ့ နိုင်ခဲ့သလို ကွာတားဖိုင်နယ်မှာလည်း အိန္ဒိယကပဲ ကနီကာကို ၂၁-၁၄၊ ၂၁-၁၇မှတ်နဲ့ နိုင်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်မှာတော့ ပီရူးက ကြက်တောင်မယ် မာစီယာ့စ်ကို ၂၁-၈၊ ၂၁-၁၃မှတ်နဲ့ လွယ်လွယ်ကူကူနိုင်ခဲ့ပြန်ပါတယ်။ သက်ထားသူဇာဟာ ဖိုင်နယ်မှာတော့ ဝေးလ်စ်က ဆီဒင် ၂ ရတဲ့ ကြက်တောင်မယ် ဂျော်ဒန် ဟတ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပွဲမှာ ၂၁-၁၆မှတ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ၁၂-၁မှတ်နဲ့ ဦးဆောင်နေချိန် ပြိုင်ဖက် ဖြစ်သူက ဒဏ်ရာကြောင့် အရှုံးပေးခဲ့လို့ ၂နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာပါ။

သက်ထားသူဇာ ဝင်ယောက် ယှဉ်ပြိုင်နေတဲ့ အင်တာနေရှင်နယ် စီးရီး ပြိုင်ပွဲတွေဟာ နိုင်ငံတကာ ကြက်တောင် အဖွဲ့ချုပ်ရဲ့ အဆင့်သတ်မှတ်ချက် ၄နေရာမှာ ရှိတဲ့ ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ လာမယ့် ၂၀၂၀ တိုကျို အိုလံပစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖု့ိ ပြိုင်ပွဲတွေကို ဆက်တိုက် ဝင်ပြိုင်နေတာပါ။သက်ထားသူဇာဟာ ပြီးခဲ့တဲ့နှစ် အီဂျစ် အင်တာနေရှင်နယ် စီးရီး ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် အာဖရိကတိုက်မှာ ကျင်းပတဲ့ အင်တာနေရှင်နယ် စီးရီး ၆ခုမှာ ချန်ပီယံဖြစ်ခဲ့ပြီး ကစားသမား သက်တမ်းတစ်လျောက် ၇ကြိမ်မြောက် ရခဲ့တာ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ဥရောပက ဒိန်းမတ်နိုင်ငံမှာ သွားလောက် လေ့ကျင့်ခဲ့ပြီး သူမရဲ့ အားနည်းချက်တွေကို သေချာ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာ တစ်ယောက် အီဂျစ်က နှစ်နှစ်ဆက် အောင်မြင်မှုနဲ့အတူ နောက်ထပ် ဘယ်လိုတွေ အောင်မြင်လဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

သက်ထားသူဇာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မှတ်တမ်း

၂၀၁၇ နိုဝင်ဘာ – ၈၅၄ အဆင့်၊ ၂၀၁၈ ဇန်နဝါရီ – ၄၁၄ အဆင့်၊ ၂၀၁၈ ဖေဖော်ဝါရီ – ၂၅၇ အဆင့်၊ ၂၀၁၈ မတ် – ၂၂၈ အဆင့်၊ ၂၀၁၈ ဧပြီ – ၂၀၁ အဆင့်၊ ၂၀၁၈ မေ – ၂၀၄ အဆင့်၊ ၂၀၁၈ ဇွန် – ၁၇၆ အဆင့်၊ ၂၀၁၈ ဇူလိုင် – ၁၇၃ အဆင့်၊ ၂၀၁၈ သြဂုတ် – ၁၆၇ အဆင့်၊ ၂၀၁၈ စက်တင်ဘာ – ၁၇၃ အဆင့်၊

၂၀၁၈ အောက်တိုဘာ – ၁၈၀ အဆင့်၊ ၂၀၁၈ နိုဝင်ဘာ – ၁၆၂ အဆင့်၊ ၂၀၁၈ ဒီဇင်ဘာ – ၁၆၃ အဆင့်၊ ၂၀၁၉ ဇန်နဝါရီ – ၁၅၉ အဆင့်၊ ၂၀၁၉ ဖေဖော်ဝါရီ – ၁၅၀ အဆင့်၊ ၂၀၁၉ မတ် – ၁၄၄ အဆင့်၊ ၂၀၁၉ ဧပြီ – ၁၂၆ အဆင့်၊ ၂၀၁၉ မေ – ၁၂၆ အဆင့်၊ ၂၀၁၉ ဇွန် – ၁၁၄ အဆင့်၊ ၂၀၁၉ ဇူလိုင် – ၁၀၁ အဆင့်၊ ၂၀၁၉ သြဂုတ် – ၈၃ အဆင့်၊ ၂၀၁၉ စက်တင်ဘာ – ၇၂ အဆင့်၊ ၂၀၁၉ အောက်တိုဘာ – ၆၅ အဆင့်( ကမ္ဘာ့အဆင့် သတ်မှတ်ချက် အသစ်ကိုတော့ လာမယ့် အင်္ဂါနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ )

သက်ထားသူဇာ ရရှိခဲ့တဲ့ နိုင်ငံတာက အောင်မြင်မှုများ

(၁) အီဂျစ် အင်တာနေရှင်နယ် စီးရီး – ၂၀၁၈၊ (၂) ယူဂန်ဒါ အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၃) ကင်ညာ အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၄) မော်ရစ်သျှ အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၅) ဘီနင် အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၆) အိုင်ဗရီကို့စ် အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၇) အီဂျစ် အင်တာနေရှင်နယ် စီးရီး – ၂၀၁၉

Credit-ဘီဘီုစီ
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.