“ပ႒ာန္းမပူေဇာ္မွီ အဓိ႒ာန္ သစၥာျပဳပုံ”

Zawgyiျဖင့္ဖတ္ရန္
ပ႒ာန္းမပူေဇာ္မွီ လုပ္ေဆာင္ရမယ့္လုပ္ငန္းေတြအေၾကာင္းကိုသိထားမွ ႐ြတ္ဆိုတဲ့အခါ ေနရာက်မွာျဖစ္ပါတယ္။
မသိထားရင္ေတာ့ ေနရာက်စရာအေၾကာင္းမရွိပါ။ေနရာက်က် အစီစဥ္က်က်႐ြတ္ဆိုပါမွ အက်ိဳးထူး အက်ိဳးျမတ္မ်ားကိုခံစားရမည္ျဖစ္ပါတယ္။
ဒါေၾကာင့္ ပ႒ာန္းမ႐ြတ္ဆိုမီ အဓိ႒ာန္ပုံႏွင့္သစၥာဆိုရပုံေလးကို ေရွးဦးစြာေရးသားလိုက္ျခင္းျဖစ္ပါတယ္။
၁။ယေန႔မွစ၍ ေန႔စဥ္မျပတ္ တစ္လတိတိ ပ႒ာန္းေဒသနာေတာ္မ်ား ႐ြတ္ဆိုၿပီး ျမတ္စြာဘုရားကို ပူေဇာ္ပါမည္ဟုအဓိ႒ာန္ျပဳရမွာျဖစ္ပါတယ္။
၂။တစ္လအဓိ႒ာန္ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ရာတြင္ ယေန႔အဓိ႒ာန္အျဖစ္ ယခုအခ်ိန္မွစ၍ ပ႒ာန္းေဒသနာေတာ္မ်ားကို ႐ြတ္ဖတ္ကာ ျမတ္စြာဘုရားအား ပူေဇာ္ပါေတာ့မည္ဟု အဓိ႒ာန္ျပဳရမည္ျဖစ္ပါတယ္။
၃။ယေန႔အဓိ႒ာန္ ပ႒ာန္းေဒသနာေတာ္မ်ားကို ႐ြတ္ဖတ္ပူေဇာ္မည္ျဖစ္၍ တပည့္ေတာ္၏
ကိုယ္ေစာင့္နတ္၊ေနရာေစာင့္နတ္၊အိမ္ေစာင့္နတ္ ၊ၿခံေစာင့္နတ္၊ လမ္းေစာင့္နတ္၊ ရပ္ကြက္ေစာင့္နတ္ ၊ၿမိဳ႕ေစာင့္နတ္
သာသနာေတာ္ေစာင့္နတ္ စတဲ့ ဌာနအသီးသီးမွာ ေစာင့္ေရွာက္ၾကကုန္ေသာ နတ္ျမတ္ နတ္ေကာင္း
နတ္အေပါင္းတို႔အားလည္းေကာင္း၊ ဤေနရာ ဤဌာနမွာ ရွိၾကကုန္ေသာ ဥစၥာေစာင့္ သိုက္နန္းရွင္ စတဲ့ျမင္အပ္ မျမင္အပ္ေသာ
ပုဂၢိဳလ္၊မကြၽတ္မလြတ္ၾကကုန္ေသာ ပုဂၢိဳလ္တို႔အားလည္းေကာင္း၊ ေလာကႀကီးကိုေစာင့္ေရွာက္ၾကကုန္ေသာ
ဓတရ႒၊ဝိ႐ူဠက၊ဝိ႐ူပကၡ၊ကုေဝရဟူေသာ နတ္မင္းႀကီးေလးပါးစသည့္ျဖင့္ (ပင့္ဖိတ္သင့္ ပင့္ဖိတ္ထိုက္ေသာ)ပုဂၢိဳလ္မ်ားကို
နာမည္တပ္၍ ပ႒ာန္းတရားနာၾကားဖို႔လာေရာက္နာၾကားၾကပါကုန္ေလာ့ဟု ပင့္ဖိတ္ရမွာျဖစ္ပါတယ္။
ေန႔တိုင္း ႐ြတ္ဆိုမည္ဆိုပါက ေန႔တိုင္းပင့္ဖိတ္အပ္ပါတယ္။ တစ္လ႐ြတ္ဆိုမည္ ဆိုလွ်င္ေတာ့ ေန႔တိုင္းပင့္ဖိတ္စရာမလိုပါ။
တစ္လျပည့္တဲ့ထိ မပင့္ဖိတ္ပဲေနႏိုင္ၿပီး တစ္လျပည့္ေျမာက္ရင္ေတာ့ ပင့္ဖိတ္ထားသူမ်ားကို မိမိတို႔ေနရာ ဌာနသို႔ အသီးသီးျပန္ႂကြရန္ ေမတၱာရပ္ခံရမည္ျဖစ္ပါတယ္။ (ေန႔တိုင္း႐ြတ္ဆိုရင္ ေန႔တိုင္းပင့္ဖိတ္ရမွာျဖစ္သလို ေန႔တိုင္းျပန္ပို႔ရမွာျဖစ္ပါတယ္။)
၄။ပ႒ာန္းေဒသနာေတာ္မ်ား ပစၥယုေဒၵသ၊ပစၥယနိေဒၵသ ပါဠိေတာ္ႏွင့္ ျမန္မာျပန္မ်ားကို ေကာင္းျမတ္ေသာ အခ်ိန္ခါ ျဖစ္သည့္အတြက္(ေဟတုပစၥေယာမွစ၍ ႐ြတ္ဆိုပူေဇာ္ရမွာျဖစ္ပါတယ္။)႐ြတ္ဆိုပူေဇာ္ၿပီးသည္ႏွင့္ အမွ်ေပးေဝရမွာျဖစ္ပါတယ္။
၅။(သစၥာဆိုပုံ) ။ ။ ယခုအခါ တစ္လအဓိ႒ာန္ ႐ြတ္ဆိုပူေဇာ္ရာတြင္ ယေန႔အဓိ႒ာန္အျဖစ္ ပ႒ာန္းေဒသနာေတာ္ကို ႐ြတ္ဖတ္ပူေဇာ္၍(ေန႔တိုင္းပူေဇာ္မည္ဆိုပါကလည္း)ေန႔တိုင္း ပ႒ာန္းေဒသနာေတာ္ကို႐ြတ္ဖတ္၍ ျမတ္စြာဘုရားရွင္အား ပူေဇာ္ၿပီးပါၿပီ။
ဤသစၥာစကားေၾကာင့္လည္းေကာင္း၊ ဤပ႒ာန္း ေဒသနာေတာ္၏ တန္ခိုး ရွိန္ေစာ္ အာႏုေဘာ္တို႔ေၾကာင့္လည္းေကာင္း၊
ဤပ႒ာန္းေဒသနာေတာ္ကို ႐ြတ္ဆိုရေသာ ေကာင္းမႈ၊ နာၾကားရေသာ ေကာင္းမႈကုသိုလ္တို႔၏ တန္ခိုးေတေဇာ္ အာႏုေဘာ္တို႔ေၾကာင့္ လည္းေကာင္း၊
ပ႒ာန္းေဒသနာေတာ္ကို ႐ြတ္ဆိုၿပီးတိုင္း တပည့္ေတာ္ႏွင့္ ထပ္ထူထပ္မွ် ရေစဖို႔ အမွ်ေပးေဝတဲ့ ေကာင္းမႈကုသိုလ္၊ ဝမ္းေျမာက္ႏုေမာ္ သာဓုေခၚဆိုရတဲ့ေကာင္းမႈ ကုသိုလ္တို႔၏ တန္ခိုးေတေဇာ္ အာႏုေဘာ္တို႔ေၾကာင့္ လည္းေကာင္း
တပည့္ေတာ္သည္ (………………) ျဖစ္ရပါလို႔၏ဟူ၍ လိုရာဆု တစ္ခုတည္းကို ေတာင္းပါ။ လိုရာဆုတစ္ခု မျပည့္မခ်င္း ဤတစ္မ်ိဳးကိုသာ ဆက္၍ဆုေတာင္းပါ
ကိုးကား။ ။ေဒါက္တာအရွင္ေကာဝိဒစာရ (ပ႒ာန္းစာအုပ္) မွ ေကာက္ႏႈတ္ေရးသားျခင္းျဖစ္ပါသည္။
(က်မ္းမာ ၊ ခ်မ္းသာ ၾကပါေစေသာ္)။
Unicodeဖြင့်ဖတ်ရန်

“ပဋ္ဌာန်းမပူဇော်မှီ အဓိဋ္ဌာန် သစ္စာပြုပုံ”

ပဋ္ဌာန်းမပူဇော်မှီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။
မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။
ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။
၁။ယနေ့မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။
၂။တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။
၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍ တပည့်တော်၏
ကိုယ်စောင့်နတ်၊နေရာစောင့်နတ်၊အိမ်စောင့်နတ် ၊ခြံစောင့်နတ်၊ လမ်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ် ၊မြို့စောင့်နတ်
သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်း
နတ်အပေါင်းတို့အားလည်းကောင်း၊ ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော
ပုဂ္ဂိုလ်၊မကျွတ်မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော
ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကို
နာမည်တပ်၍ ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။
နေ့တိုင်း ရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။ တစ်လရွတ်ဆိုမည် ဆိုလျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။
တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီး တစ်လပြည့်မြောက်ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန် မေတ္တာရပ်ခံရမည်ဖြစ်ပါတယ်။ (နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။)
၄။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကို ကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြစ်ပါတယ်။
၅။(သစ္စာဆိုပုံ) ။ ။ ယခုအခါ တစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ပြီးပါပြီ။
ဤသစ္စာစကားကြောင့်လည်းကောင်း၊ ဤပဋ္ဌာန်း ဒေသနာတော်၏ တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း၊
ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊ နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့် လည်းကောင်း၊
ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့် ထပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေတဲ့ ကောင်းမှုကုသိုလ်၊ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုရတဲ့ကောင်းမှု ကုသိုလ်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့် လည်းကောင်း
တပည့်တော်သည် (………………) ဖြစ်ရပါလို့၏ဟူ၍ လိုရာဆု တစ်ခုတည်းကို တောင်းပါ။ လိုရာဆုတစ်ခု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ
ကိုးကား။ ။ဒေါက်တာအရှင်ကောဝိဒစာရ (ပဋ္ဌာန်းစာအုပ်) မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။
Credit:အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
(ကျမ်းမာ ၊ ချမ်းသာ ကြပါစေသော်)။
Previous
Next Post »
Powered by Blogger.