နာမည်ကြီးသူမှ ဝယ်ယူခွင့်ရှိမဲ့ ဝတ်စုံ



ဗြိတိသျှ ဒီဇိုင်နာ Sarah Louise Bryan က အမျိုးသမီးတွေရဲ့ လျှို့ဝှက်နေရာက အမွေးအမျှင်တွေကို သုံးပြီး ချုပ်လုပ်ထားတဲ့ ဝတ်စုံတစ်စုံကို ပြသခဲ့ပါတယ်။သူရဲ့ တွစ်တာပေ့ခ်ျကတဆင့် လှူဒါန်းခဲ့ကြတဲ့ အမွေးအမျှင်တွေကို သုံးပြီး ဘရာနဲ့ စကတ်ပါဝင်တဲ့ ဝတ်စုံကို မကြာမီက ပြသခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ်ရှိတဲ့ ဒီဇိုင်နာ Bryan က ကမ္ဘာ့အထူးခြားဆုံးနဲ့ ရွံ့စရာ အကောင်းဆုံး ဒီဇိုင်းတစ်ခုကို ဖန်တီးလိုခဲ့ပြီး မြင်လိုက်တာနဲ့ သူ့ဒီဇိုင်းမှန်းသိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီလို ဒီဇိုင်းမျိုး ဖန်တီးချင်တာလို့ Huffpost သတင်းစာတိုက်ကို ပြောပြခဲ့ပါတယ်။

Bryan က ဗြိတိသျှလူမျိုး အများစုနဲ့ အမေရိကန်လူမျိုးအချို့ဆီက စာအိတ်နဲ့ ပို့ပေးတဲ့ အမွေးအမျှင်တွေကို အလှူခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အမွေးအမျှင်လှူဒါန်းသူတွေထဲမှာ ဆံပင်အနက်ရှိတဲ့သူတွေက အများဆုံးဖြစ်ပေမဲ့ အနီနဲ့ မီးခိုးရောင်ဆံပင်ပိုင်ရှင်တွေလည်း ပါဝင်ပါတယ်တဲ့။ ဝတ်စုံချုပ်ဖို့ လုံလောက်တဲ့အမွေးတွေရဖို့ ၆ လလောက်စောင့်ခဲ့ရပါတယ်တဲ့။

ဒီဇိုင်နာက သူ့ဝတ်စုံကိုရောင်းဖို့ ဆန္ဒရှိပေမဲ့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ သင့်တော်မှန်ကန်တဲ့လူကိုသာ ရောင်းချမယ်လို့ဆိုပါတယ်။ ပြတိုက်တစ်ခုခု ဒါမှမဟုတ် နာမည်ကြီးတစ်ဦးဦးကိုပဲ ရောင်းချမှာ ဖြစ်ပါတယ်တဲ့။ “ကျွန်မက နာမည်ကြီးမဟုတ်တဲ့သူ တစ်ယောက်အတွက် ဝတ်စုံတစ်စုံချုပ်မှာ မဟုတ်ပါဘူး။ ဒီဝတ်စုံကို ဝယ်ချင်တယ်ဆိုရင်တော့ သင်က နာမည်ကျော်ကြားသူ တစ်ဦးဖြစ်မှသာ ဝယ်ယူခွင့်ရှိမှာပါ”လို့ Bryan က ပြောထားပါတယ်။ အခုလက်ရှိအချိန်ထိ ဝတ်စုံဝယ်ဖို့ ကမ်းလှမ်းထားသူပေါင်း ၃၀၀ နီးပါးရှိနေပြီလို့လည်း HuffPost သတင်းတိုက်ကို ပြောပြခဲ့ပါတယ်။

Ref:huffingtonpost
ခင်သူဇာ - Trend Myanmar
Previous
Next Post »
Powered by Blogger.