ရထားပို့ဆောင်ရေးစနစ် အဆင့်မီရန် အချိန်ယူရမည်ဖြစ်ပြီး ပျက်စီးမှုပြင်ရန် အချိန်များစွာ ပေးရမည့်အနေအထားရှိ

ရထားလမ်းပိုင်းများ နိုင်ငံတစ်ဝန်း ပြုပြင်ထိန်းသိမ်းရာတွင် အချိန်ပေးရမည်ဖြစ်သည် (ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာနိုင်ငံ၏ ရထားပို့ ဆောင်ရေးစနစ် အဆင့်မီစေရန် ကာလများစွာအချိန်ယူရဦးမည် ဖြစ်ပြီး တိုးတက်လာနိုင်သည့်အ လားအလာများ ရှိနေသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသည်ဟု ဟီတာချီကုမ္ပဏီဥက္ကဋ္ဌမစ္စတာ ဟိရိုအာကိနာကာနီရှီ (Hiroaki Naka-nishi) က ပြောသည်။

‘‘မြန်မာနိုင်ငံရဲ့ လက်ရှိအ ခြေအနေက ပို့ဆောင်ရေးစနစ်အ သစ်တည်ဆောက်မှုထက် ရှိပြီး သားအဟောင်းထဲကနေ အ ကောင်းဆုံးပြန်ပြုပြင် အသုံးပြုနိုင် ဖို့အတွက်ကိုသာ ရွေးချယ်ဆောင် ရွက်နေရတဲ့ အခြေအနေဖြစ်နေ တယ်’’ဟု မစ္စတာဟီရိုအာကိက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရထားလမ်း တည်ဆောက်ထားရှိမှုအနေအ ထားမှာ မိုင်အရှည်အများအပြား ဖြင့် ချိတ်ဆက်ထားရှိသော်လည်း နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်း မှုမရှိခြင်းကြောင့် ပျက်စီးမှုများ နေခဲ့၍ ယင်းအပိုင်းများပြုပြင်ရန် ပင် အချိန်များစွာပေးရမည့်အခြေ အနေတွင် ရှိနေသည်ဟု လက်ရှိရထားလမ်းပြုပြင်မှု နည်းပညာပံ့ ပိုးပေးနေသော ဟီတာချီက သုံးသပ်သည်။

‘‘မြန်မာနိုင်ငံရဲ့ ရထားပို့ ဆောင်ရေးစနစ်ပြုပြင်ပြောင်းလဲ မှုအတွက် လိုအပ်ချက်က ငွေ ကြေးရယ်၊ နည်းပညာရယ်က အ ဓိကပဲ။ အခုအချိန်ထိတော့ လို အပ်ချက်တချို့ကို ဂျပန်အစိုးရက ထောက်ပံ့ပေးထားတာနဲ့ လုပ်နေ ရတာ။ နိုင်ငံတကာ အဆင့်မီ ပြောင်းလဲဖို့ဆိုတာကတော့ နှစ် ကာလအားဖြင့် ခန့်မှန်းထားနိုင်ဖို့ ခက်နေသေးတယ်’’ဟု မြန်မာ့မီး ရထားမှ အဆင့်မြင့်အရာရှိတစ် ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးလုပ်ငန်း အစိတ်အ ပိုင်းတစ်ခုအနေဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ဒစ်ဂျစ်တယ် အချက်ပြစနစ်ကို ကီလိုမီတာ ၁၄၀ ခန့်အတွက် ဟီတာချီကုမ္ပဏီက တပ်ဆင်လုပ်ဆောင် ခွင့်ရရှိထားကာ ဂျပန်အစိုးရက ထောက်ပံ့ ၂ ဒသမ ၄ ဘီလီယံစာ ချုပ်ချုပ်ဆို၍ လုပ်ငန်းအပ်နှံထား ခြင်းဖြစ်ပြီး လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းကို ၂၀၁၅ ခု ဇွန်လကုန်က စတင်ပြင်ဆင်နေ ပြီး ၂၀၁၇ ဖေဖော်ဝါရီတွင် အပြီးသတ်ရန် သဘောတူညီထား သည်။ မြန်မာ့မီးရထားသည့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ရထားပို့ဆောင်ရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုအချို့ကို စတင်ပြုလုပ်ခဲ့သည်။ မြို့ပတ်ရထားလမ်းပိုင်းအ တွင်း လေအေးပေးစက်ဖွင့်ရထား များ ထည့်သွင်းပြေးဆွဲခြင်း၊ လျှပ် စစ်ရထား ပြေးဆွဲခြင်းများဖြင့် ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့သော် လည်း နှစ်အနည်းငယ်အကြာတွင် အဆိုပါ ရထားပြေးဆွဲမှုများ ရပ် နားခဲ့သည်။

မိုးမင်း - 7day
Previous
Next Post »
Powered by Blogger.