ရှပ်အကျီင်္နောက်ကျောမှာ ဒီအကွင်း ဘာကြောင့် ထည့်ထားရသလဲ


အမျိုးသားရှပ်အကျီင်္တချို့ရဲ့ နောက်ကျောက အကွင်းသေးသေးလေးကို သတိထားမိဖူးပါသလား။ အရင်က ဒီအကွင်းလေးအတွက် အထူးရည်ရွက်ချက်တစ်ခုရှိခဲ့ပါတယ်။

အတိအကျပြောရင် အရင်တုန်းက လူတွေမှာ အဝတ်တန်း၊ ချိတ်တွေတွဲလျက်ပါရှိတဲ့ အဝတ်ဗီရိုတွေ မရှိကြပါဘူး။ အဝတ်အစားအားလုံးကို အဝတ်ညှပ် ဒါမှမဟုတ် ချိတ်၊ ကောက်တွေမှာ သိမ်းဆည်းထားကြပါတယ်။ သေးငယ်ပေမယ့် ဒီအကွင်းတွေက အသုံးတည့်ခဲ့ပြီး ရှပ်အကျီင်္ကို မတွန့်မကြေအောင် ချိတ်ဆွဲထားလေ့ရှိပါတယ်။ ဒီအကွင်းကို East Coast သင်္ဘောသားတွေ စသုံးခဲ့တာပါ။ သင်္ဘောပေါ် အဝတ်လဲတဲ့အခါ သူတို့ ရှပ်အကျီင်္ကိုတွေက ချိတ်ဆွဲလေ့ရှိကြပါတယ်။

နှစ်တွေကြာမြင့်လာတော့ ယင်းအကွင်းက ချစ်သူချင်းဆက်ဆံမှု အညွန်းသင်္ကေတ သို့မဟုတ် စိတ်ဝင်စားမှုကို ဖော်ပြတဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တချို့နေရာတွေမှာ ကောင်လေးတွေက သူတို့တစ်ကိုယ်တည်း single မဟုတ်တော့ကြောင်း ဖော်ပြရန် အဲဒီချိတ်လေးကို ဖြုတ်ထားတတ်ကြပါတယ်။

သိပ်မကြာခင်မှာပဲ အဝတ်အစား brands အမျိုးအစားများစွာက ဒီဖက်ရှင်ကို လိုက်လံလုပ်ဆောင်ကြလို့ ယနေ့ထိ ဆက်လက်တည်ရှိ နေပါတယ်။ ဒါပေမယ့် အဝတ်ဗီရို၊ သော့ခတ်နိုင်တဲ့ ဗီရို၊ အံဆွဲတွေ ပေါ်ပေါက်လာခြင်းတွေက ဒါကို အဆင်လှတန်ဆာ၊ ဒီဇိုင်းတစ်ခုသက်သက်သာ ဖြစ်စေခဲ့ပါတယ်။

Ref: HFT
Victor.PaaTung - Trend Myanmar
Previous
Next Post »
Powered by Blogger.